ဒီနှစ် ရည်းစားမရှိလည်း နောက်နှစ်တွေ ရှိလာမှာပဲ။
Sabal Thwin

Bella ကတော့ ဗယ်လင်တိုင်းမ်မှာ ချစ်သူမရှိလို့ လက်ဆောင်မရလည်း ပရိသတ်တွေဆီက လက်ဆောင်ရပါတယ်တဲ့။ ဒီနှစ်မှာ ချစ်သူမရှိလည်း နောက်နှစ်တွေ ရှိလာမှာပေါ့လို့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။ 

Photo: Bella



ချစ်စရာကောင်းတဲ့ အလှမယ်လေး Bella ကတော့ မကြာခင်ကျရောက်တော့မယ့် ချစ်သူများနေ့ မှာလည်း ချောကလက် စားရမှာ မဟုတ်သေးဘူးလို့ဆိုပါတယ်။ ချစ်သူလည်းမထားသေးဘူးဆိုပြီးတော့ Duwun media ကနေ ပြောပြလာပါတယ်။ 

“ဗယ်လင်တိုင်းမ်နေ့ လာတော့မယ်ဆိုတော့ ထူးထူးခြားခြားတော့ ဘာမှ ပြောစရာမရှိဘူး။ ဗယ်လင်တိုင်းမ် နေ့ဆိုတာလည်း နှစ်တိုင်းဖြစ်နေတာပဲလေ။ ဒီနှစ်ရည်းစားမရှိလည်း နောက်နှစ်ရှိရင်လည်း ရှိမှာပေါ့။ ကိုယ်မသေမချင်း ဗယ်လင်တိုင်းမ် နေ့က ဖြစ်နေဦးမှာပဲ။ ဒီနှစ်ချောကလက်မစား ရလည်း နောက် နှစ်စားရမှာပေါ့။ တစ်နှစ်မဟုတ် တစ်နှစ်တော့ စားရမှာပါ။ လက်ဆောင်တွေလည်း လက်ခံနေပါတယ်” လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Bella

Bella ကတော့ ချောကလက် မစားရလည်း ပရိသတ်တွေဆီက လက်ဆောင်တွေနှစ်တိုင်းရတယ်လို့ ဂုဏ်ယူစွာပြောပြလာပါတယ်။ ကိုယ်ချစ်တဲ့သူတွေနဲ့ ဖြတ်သန်းရတဲ့နေ့တွေတိုင်းက ဗယ်လင်တိုင်းမ်ပါလို့လည်း သူက ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

“ ဗယ်လင်တိုင်းမ်မှာ လက်ဆောင်တွေကတော့ ပေးကြမှာပါ။ Bella Fan တွေကတော့ ပေးကြမှာ ကျိန်းသေပါတယ်။ ဒါပေမယ့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကိုယ့်ဘာသာကိုယ်လည်း ဝယ်စားလို့ရပါတယ်။ ဗယ်လင်တိုင်းမ်ကျတော့မှ ကိုယ်ချစ်တဲ့သူတွေကို ကိုယ်က ချစ်တယ်လို့ ပြောတာတို့၊ ကိုယ့်ရဲ့ အချစ်သင်္ကေတတွေကို ဖော်ပြရတာ မဟုတ်ပါဘူး။ လူတိုင်းက တကယ်ချစ်တတ်ရင် နေ့တိုင်း ဗယ်လင်တိုင်းမ်နေ့ပါပဲ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဝိုင်းလေးရဲ့ တစ်ကိုယ်တော် တေးစီးရီး မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: A Linn Young

အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်ရင်ကို ဖမ်းစားထားတဲ့ အလှမယ်လေး Bella က Single တစ်ယောက်ဖြစ် နေရတဲ့ အကြောင်းအရင်းကို ပြောပြလာပါတယ်။ သူ့ကိုယ်သူလည်း အရမ်းချစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါသေးတယ်။ 

‘’ Single တွေ ဘာကြောင့်လှသလဲ ဆိုရင်တော့ ကိုယ့်ကိုကြည့်ပါပေါ့။ အိပ်ပြီလား၊ စားနေပြီလား၊ ဘာစားပြီးပြီလဲ၊ ဘယ်ရောက်နေပြီလဲ ဆိုတာတွေက ကိုယ့်ထက် သူ့ကို ပိုချစ်နေရသလိုပဲဆိုတော့ Single တစ်ယောက်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အရမ်းချစ်တယ်။ အဲဒီအတွက် Single ဖြစ်နေတာ’’ လို့ သူကဆိုပါတယ်။

Photo: Bella

Bella ဟာ Miss Myanmar World 2016 နိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲပြီးသွားတဲ့နောက်မှာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းဓာတ်ပုံတွေ လည်းရိုက်ကူးလာရတဲ့ အနုပညာရှင်အသစ်တစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာနဲ့ ပတ်သက်လာရင်တော့သရုပ်ဆောင်ဘက်ကိုလည်း အခွင့်အရေးပေးခဲ့မယ်ဆိုရင် ကြိုးစားချင်ပါသေးတယ်တဲ့။ 




ဆက်စပ်အကြောင်းအရာများ


Author

  • Sabal Thwin

    Entertainment Reporter


က္က