ချစ်သူကလည်း စိုးရိမ်နေတယ်လို့ ပြောပါတယ်။

အေးမြတ်သူကတော့ COVID-19 နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်ရမယ့် အချိန်ရောက်ပြီလို့ ပြောပြခဲ့ပါတယ်။ 

Photo: Amazing Grace



အေးမြတ်သူ ကတော့ ကမ္ဘာအနှံ့အပြားမှာ ကူးစက်မှုပိုများလာပြီဖြစ်တဲ့ COVID-19 အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်နေရပြီလို့ ပြောပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကြိုတင်ကာကွယ်ဖို့ အရေးကြီးတယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ အခုက စိုးရိမ်ရမယ့် အနေအထားဖြစ်လာပြီ အရင်တုန်းက မစိုးရိမ်ခဲ့ဘူး။ အခုအခြေအနေက ကြောက်စိတ်လည်း ထည့်ရတော့မယ်။ ကိုယ်ကြောက်မှ ကိုယ်ကာကွယ်မှ တခြားသူကို မကူးနိုင်မှာလေ။ အစိုးရိမ်လွန်ကဲတာကိုတော့ မကြိုက်ဘူး ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ စိုးရိမ်ရမယ်။ ဖြစ်နိုင်ရင်တော့ အိမ်မှာပဲ နေစေချင်တယ်” လို့ သူကဆိုပါတယ်။ 

Photo: Dior

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကြောင့် သေဆုံးသွားတဲ့ လူဦးရေတွေက အများကြီးရှိလို့နေပါပြီ။နိုင်ငံတော်တော်များများမှာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေကိုလည်း ဝင်ခွင့်၊ ထွက်ခွင့်တွေ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် တော်တော်များ များကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။

Photo: Amazing Grace

အခုလို ကူးစက်ရောဂါဖြစ်နေတဲ့အတွက်ချစ်သူကလည်း စိုးရိမ်ပေးရှာတယ်လို့ အေးမြတ်သူက ပြောပါတယ်။ အိပ်ခန်းထဲကိုတော့ ဘယ်သူ့ကိုမှ ပေးမဝင်ဖို့ မှာထားတယ်လို့ သဘောကျရယ်မောရင်း ပြောပြခဲ့တာပါ။ 

“ ချစ်သူက ပြောတယ်။ အိပ်ခန်းထဲကို ဘယ်သူမှ မဝင်စေနဲ့တဲ့ Safty Zone ထားလိုက်တဲ့။ အိမ်ကို ဧည့်သည်လာလို့ရတယ် အိပ်ခန်းထဲကို ဘယ်သူ့မှ ပေးမဝင်နဲ့။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အိပ်ခန်းထဲမှာပဲ Home along လုပ်နေရမှာ” ဆိုပြီးတော့ မတ်လ ၂၁ ရက်နေ့က ကြည့်ရှုခံစား Shwe Series များ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Amazing Grace

အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာနိုင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ဘဝဖြတ်သန်းမှုတွေကို ပရိသတ်သိအောင် ပွင့်ပွင့်လင်းလင်း ပြောပြတတ်သူဖြစ်တာကြောင့်လည်း ပရိသတ်တွေက ပိုပြီးတော့ ချစ်ခင်လာကြတာဖြစ်ပါတယ်။ သူမကို ကြည့်လိုက်တိုင်း အမြဲပျော်နေတတ်သူ ဖြစ်တာကြောင့်လည်း ကြည်နူးရတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးထားတာ တွေ့ရပါတယ်။ အေးမြတ်သူရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်များစွာတို့ကို ကျော်လွန်လာခဲ့ပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က