COVID-19 ကာကွယ်မှုအတွက် စစ်ဆေးမှု ခံယူခဲ့ပြီးဖြစ်ပါတယ်။

အဆိုတော် အုပ်စိုးခန့်ရဲ့ အစ်မဖြစ်သူ ခင်ထက်ထက်မောင်ကတော့ ထိုင်းနိုင်ငံက ပြန်လာပြီးတဲ့အချိန်မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး (၁၄)အကြာ စောင့်ကြည့်အခြေအနေမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြလာပါတယ်။ 

Photo: Amazing Grace



အဆိုတော် အုပ်စိုးခန့်ရဲ့ အစ်မဖြစ်သူ ခင်ထက်ထက်မောင်ကတော့ လွန်ခဲ့တဲ့ ၂ ပတ်ကျော် က ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။ သူမကိုယ်တိုင်ကလည်း COVID-19 နဲ့ ပတ်သက်ပြီး ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။ 

“ ညီမက ထိုင်းက ပြန်လာပြီးတဲ့နောက်မှာ ၁၄ ရက် စောင့်ကြည့်ရမယ့်သူအဖြစ် နေရတယ်။ အိမ်အပြင်လည်းမထွက်ဘူး။ အဲဒီ ၁၄ ရက်အတွင်းမှာလည်း ကိုယ့်ကိုယ်ကိုယ် အားရှိအောင် နေတယ်၊ ပြည်ပက ပြန်လာတဲ့လူတွေအနေနဲ့ ဒီစစ်ဆေးမှုအပေါ် ကြောက်စရာမလိုပါဘူး။ တာဝန်ရှိလူကြီးတွေရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းနေမယ်ဆိုရင်တော့ ဘာမှဖြစ်လာစရာ အကြောင်းမရှိပါဘူး။ အပြင်က ပြန်လာရင် လက်ဆေးမယ်၊ Handgel သုံးမယ်၊ အားရှိအောင်နေထိုင်ရတာက အဓိက ကျပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Khin Htet Htet Mg

အဆိုတော် အုပ်စိုးခန့်ကလည်း အစ်မဖြစ်သူ ခင်ထက်ထက်မောင်လိုပဲ ပြည်ပ ကနေ ပြန်လည်ရောက်ရှိ လာသူတွေ အနေနဲ့ ကျန်းမာရေး စစ်ဆေးမှုတွေကို စနစ်တကျ ခံယူသင့်တယ်လို့ Duwun Media အင်တာဗျူး မှာပဲ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ (၁၄) ရက်ဆိုတဲ့ ကာလဟာ မိမိကျန်းမာရေးအတွက်ရော၊ မိသားစု ကျန်းမာရေးအတွက်ပါ အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။ 

Photo: AG

ခင်ထက်ထက်မောင် ဟာ စောင့်ကြည့်ကာလ (၁၄) ရက်အတွင်းမှာ မိသားစုနဲ့ ဝေးဝေး မှာ ၃ ပေကျော်အကွာမှာ နေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အခုဆိုရင်တော့ သူမကို စောင့်ရက်ကာလ (၁၄) ရက်ကျော်လွန်ခဲ့ပြီ ဖြစ်တယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

“ အိမ်ပြန်လာတဲ့ အချိန်မှာလည်း အိမ်က မိသားစုတွေနဲ့ ၃ ပေအကွာမှာ နေတယ်။ စားစရာဆိုရင်လည် း အိပ်ခန်းအရှေ့မှာ ချပေးရတာပေါ့နော်။ ရက် ကြာလာတော့မှ အပြင်ထွက်ရတာပေါ့ ။ အခုလည်း စောင့်ကြည့်ကာလကို ကျော်ခဲ့ပါပြီ။ ရယ်စရာတစ်ခုရှိတယ် ညီမပြန်လာတုန်းက လေဆိပ်မှာ အဖေဆိုရင် ညီမကို လက်အိတ်ကြီးဝတ်ပြီးစနေတာ။ အမေကလည်း Dettol ပုလင်းကြီး ကိုင်ထားတယ်။ ညီမ အိတ်တွေကိုလည်း Dettol နဲ့ ဖြန်းတယ်၊ ထိုင်မယ့်နေရာကိုလည်း Dettol တွေနဲ့ ဖြန်းရတာပေါ့” လို့ ဆိုပါတယ်။ 

Photo: Khin Htet Htet Mg

အခုလက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်းမှာ COVID-19 ကူးစက်ခံရသူ (၃) ဦး တွေ့ရှိထားပြီးဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒါကြောင့် လူစု လူဝေးပွဲတွေဖြစ်တဲ့ အကယ်ဒမီပေးပွဲ၊ Star Awards ဆုချီးမြှင့်ပွဲ၊ Sai Sai Birthday Show အပြင် နောက်ထပ် ဂီတ ဖျော်ဖြေပွဲများ၊ စာနယ်ဇင်းမိတ်ဆက်ပွဲတွေလည်း ရက်တွေ ရွှေ့ဆိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲများ၊ ရှင်ပြု အလှူများ နဲ့ လူစုလူဝေးဖြစ်စေမယ့် အရာမှန်သမျှကိုလည်း မကျင်းပဖို့ သက်ဆိုင်ရာက တားမြစ်ထားတာကိုလည်း တွေ့ရပါတယ်။ အနုပညာရှင်များ အနေနဲ့ ရိုက်ကူးရေးတွေလည်း ရပ်နားထားရတယ်လို့ ပြောလာပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က