စက်တင်ဘာလ (၂၆) ရက်နေ့မှာ ပြုလုပ်သွားမှာပါ။

ဖြိုးမြတ်အောင်ကတော့ ပရိသတ်တွေကို သူ့ရဲ့ သီချင်းအသစ်လေးတွေနဲ့ မိတ်ဆက်ပေးချင်တဲ့ အကြောင်းပြောပြလာပါတယ်။ 

Photo: Phyo Myat Aung



ဖြိုးမြတ်အောင်ကတော့ Rock သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ သူတစ်ယောက်ပါ။ သီချင်း အသစ်တွေကိုလည်း ပုံစံမတူအောင် ဆိုနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း Duwun ကနေ ပြောပြလာပါတယ်။ 

“ အခုချိန်မှာ လုပ်နေတဲ့ သီချင်းတွေကလည်း ဆန်းဆန်းပြားပြား လုပ်ထားတာမျိုးတော့ မရှိပေမယ့် ပုံမှန် သွားနေကြ သီချင်းပုံစံအတိုင်းပဲ ဆက်လုပ်ဖြစ်ဖို့များတယ်။ နောက်ထပ် အသစ်ထွက်လာတော့မှသာ ဆန်းဆန်းပြားပြားဖြစ်ဖို့ တစ်မျိုး စဉ်းစားရမှာပဲလေ။ ဒီ့ထက်ကောင်းအောင်တော့ ကျွန်တော် ပိုပြီးတော့ ကြိုးစားသွားမှာပါ။ အခုအချိန်မှာ သီချင်းနဲ့ ပတ်သက်ပြီးတော့ ဘာမှလည်း ထွေထွေထူးထူး လုပ်လို့မရသေးဘူး။ ဒါပေမယ့် သီချင်းအသစ်တွေ လုပ်ထားတဲ့ ဟာတွေကို အွန်လိုင်းကနေ တင်ဖို့တော့ ရှိတယ်။ အားလုံးကလည်း ဒီအချိန်မှာ ငုတ်တုတ်ပဲ ဘာဆို ဘာမှ လုပ်မရတဲ့ အနေအထားပါ” လို့သူက ဆိုပါတယ်။ 

Photo: Phyo Myat Aung

ဖြိုးမြတ်အောင်ဟာ စက်တင်ဘာလ(၂၆) ရက်နေ့ ည(၇) နာရီခွဲကနေ (၉) နာရီခွဲအထိ အွန်လိုင်းဖျော်ဖြေပွဲလေး လုပ်သွားမယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲကို Doron Entertainment ရဲ့ FaceBook Page ကနေ တင်ဆက်မှာဖြစ်ပြီး Group Member ဝင်များကို ငွေကျပ်(၅၀၀၀)သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲဟာ Public နဲ့ ဖျော်ဖြေမှာ မဟုတ်ပဲ Private Online Live အနေနဲ့ ဖျော်ဖြေသွားမှာဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Phyo Myat Aung

ဖြိုးမြတ်အောင် ကိုတော့ Myanmar Idol Season 3 Winner တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဂီတခြေလှမ်းတွေကိုအသေးစိတ်မြင်တွေ့လာရတာဖြစ်ပါတယ်။ Myanmar Idol က နေရရှိလာတဲ့ ဆုငွေတွေကိုလည်းဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။ အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က