ဒီနေ့(မေလ ၁၉ ရက်) မှာ အသက်(၂၀) ပြည့်သွားပါပြီတဲ့။
Sabal Thwin

သရုပ်ဆောင် သဉ္ဇာကတော့ ဒီနေ့ မေလ(၁၉ ရက်) မှာကျရောက်တဲ့ မွေးနေ့အမှတ်တရတွေ အကြောင်း အခုလို ပြောပြလာပါတယ်။ 

Photo: Thinzar

မေလ(၁၉) ရက်နေ့ကတော့ ဝါဆိုမိုးဦးရဲ့ ညီမငယ်လေး သဉ္ဇာရဲ့ မွေးနေ့ဖြစ်ပါတယ်။ အသက်တစ် နှစ်ကြီးလာတဲ့ အချိန်မှာ ပိုပြီးရင့်ကျက်လာတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ညီအစ်မကတော့ ဒီနေ့ အသက်(၂၀) ပြည့်သွားပါပြီ။ ထိပ်စီးပြောင်းသွားတဲ့ နှစ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုပြင်လာတယ်။အရင်တုန်းကဆိုရင် သင်ဇာက ကလေးတစ်ယောက်လိုနေတယ်၊ အခုကျတော့ ရင့်ကျက်သွားတယ်။ လူကြီးတစ်ယောက်လို တွေးတတ်လာတယ်”လို့ သူကဆိုပါတယ်။ 

Photo: Thinzar

COVID-19 ကာလအတွင်းမှာ မွေးနေ့ အလှူတွေ မလုပ်ခဲ့ရဘူူးလို့လည်း သဉ္ဇာက ပြောပါတယ်။ သူ့ရဲ့ မွေးနေ့မှာ မိသားစုတွေ၊ ပရိသတ်တွေက ပျော်အောင်ဖန်တီးပေးကြလို့လည်း ဝမ်းသာတယ်လို့ သူက ဆိုပါတယ်။ 

“ သဉ္ဇာက မနှစ်ကဆိုရင် အလှူလုပ်တယ်။ ပြီးရင် သူငယ်ချင်းတွေနဲ့ အတူတူ မုန့်သွားစားတယ်။ အခုကျတော့ အလှူတွေအများကြီးလုပ်ချင်တယ်။ Covid ဖြစ်သွားတဲ့ အချိန်ကျတော့ အလှူ မလုပ်နိုင်ဘူး။ အဲဒီအတွက် အရမ်းစိတ်မကောင်းဖြစ်ရတယ်။ မွေးနေ့ Surprise အနေနဲ့ မမတွေဆီကရော၊ ပရိသတ်တွေဆီကရော လက်ဆောင် Surprise တွေ အများကြီးရတယ်။ တကူးတက ပေးကြလို့လည်း ကျေးဇူးတင်ပါတယ်”လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Thinzar

သဉ္ဇာ(Thinzar) ကိုတော့ ဝါဆိုမိုးဦးက ဖေ့စ်ဘွတ်ပေါ်မှာ ညီမလေးအရင်းလေးပါဆိုပြီးတော့ မိတ်ဆက်ပေးလိုက်ကတည်းက ပရိသတ်တွေ စတင်သတိထားမိခဲ့တာဖြစ်ပါတယ်။ သူမက လက်ရှိမှာ တီဗီကြော်ငြာတွေ ရိုက်ကူးနေရသူဖြစ်လို့နေပါပြီ။ ပညာရေးမှာလည်း ကြိုးစားနေသူဖြစ်သလို အနုပညာလှုပ်ရှားမှုတွေလည်း မကြာခဏ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေးလည်းဖြစ်သလို ဘာဘီရုပ်လေးနဲ့ တူတဲ့ သူမရဲ့ ခန္ဓာကိုယ်အချိုးအစား၊ အလှအပတွေကြောင့်လည်း ယောကျ်ားလေး ပရိသတ်တွေက ပိုတိုးလို့ အားပေးလာကြတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က