မလိုအပ်ပဲ လူအရမ်းများလို့ မကောင်းဘူး။

ထွန်းထွန်းကတော့ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း ရိုက်ကူးရေးတွေ လုပ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ 

Photo: Tun Tun



သရုပ်ဆောင် ထွန်းထွန်းကတော့ လက်ရှိမှာ "ဆိုးပေ" ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ သူ့အနေနဲ့ Covid ကာလမပြီးဆုံးသေးပေမယ့် ရိုက်ကူးရေးတွေ ပြန်လည် လုပ်ကိုင်ခွင့်ရလာတဲ့ အပေါ် သူ့ရဲ့ အမြင်လေးကို မီဒီယာတွေကနေ ပြောပြလာပါတယ်။ 

“ အခုချိန်မှာ ရိုက်ကူးရေးတွေ ပြန်လုပ်တာ အန္တရာယ်များပေမယ့်လည်း လုပ်စရာရှိတဲ့အလုပ်ကတော့ လုပ်နေရဦးမှာပဲ။ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့အတိုင်း စည်းကမ်းတွေအတိုင်း စည်းစနစ်ကျကျ ရိုက်ကူးပြီးတော့ မလိုအပ်ပဲနဲ့ လူအရမ်းမများအောင်၊ ပြီးတော့ ရှုတင်မှာ ကာကွယ်ရေး ပစ္စည်းတွေနဲ့ ရိုက်ကူးလို့ အဆင်ပြေအောင် ကြိုးစားလုပ်ဆောင်သွားရမှာပေါ့” ဆိုပြီးတော့ ဆိုးပေ ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Tun Tun

Covid ကာလအတွင်းဖြစ်တာကြောင့် မင်းသား မင်းသမီးတွေ အနေနဲ့ ချစ်ခန်းကြိုက်ခန်းရိုက်ပြီးတဲ့အချိန်မှာ အိမ်ပြန်ခွင့်ပြုလို့မရတဲ့ သတင်းတွေ အပေါ်မှာလည်း ထွန်းထွန်းရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

“ အမှန်တော့လေ ရိုက်ကူးရေးလုပ်နေတဲ့လူတွေ အကုန်လုံးကို ရန်ကုန်မှာပဲဖြစ်ဖြစ်၊ နယ်မှာပဲ ဖြစ်ဖြစ် နေရာဒေသတစ်ခုမှာဖြစ်ဖြစ် စုပြီးတော့ ဟိုတယ်တစ်ခုမှာ စုနေကြမယ်။ ဒီဇာတ်ကားပြီးတော့မှ အိမ်အတူတူပြန်ကြတာ ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုက်တဲ့ သူတွေပဲ ကျန်ခဲ့ပြီးတော့ ကျန်တဲ့ သူတွေ ပြန်သွားရင် မတရားဘူးလေ" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Tun Tun

ထွန်းထွန်းကိုတော့ Examplez ဆိုတဲ့ Rapper အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က