ယောက္ခမက အလုပ်ပေးထားပါတယ်။
Sabal Thwin
ဆုပန်ထွာကတော့ COVID-19 ကြောင့် အလုပ်တွေ ရပ်နားထားရချိန်မှာ မိသားစုစားဝတ်နေရေးအတွက် ယောက္ခမတွေ ပေးထားတဲ့ အလုပ်ကြောင့် အဆင်ပြေနေတာလို့ဆိုပါတယ်။ 

ဆုပန်ထွာကတော့ Covid ကာလမှာ ခင်ပွန်းဖြစ်သူရဲ့ မိဘနှစ်ပါးကြောင့် မိသားစု စားဝတ်နေရေးအဆင်ပြေတယ်လို့ ဆိုလာပါတယ်။ ယောက္ခမတွေကိုလည်း Duwun ကနေတဆင့် ကျေးဇူးတင်စကား ဆိုခဲ့ပါသေးတယ်။ 

“ အခု ကိုဥက္ကာကလည်း သူ့ ဖေဖေ နဲ့ မေမေရဲ့ စီးပွားရေးကို ဝိုင်းလုပ်ပေးနေတယ်။ Covid ကာလဖြစ်တော့ အစ်မတို့ရဲ့ Vape City ဆိုင်တွေလည်း ပိတ်ထားတယ်။ ကိုဥက္ကာနဲ့ သူ့အမေ နဲ့တိုင်ပင်တော့ သားက ဒီဘက်စီးပွားရေးကို လုပ်မယ်ဆိုရင် ဟိုဘက်ကိုတော့ ပိတ်လိုက်ရလိမ့်မယ်လို့ ပြောတော့ Vape City ကို ပိတ်လိုက်တယ်။ သူ့ မိသားစု စီးပွားရေးကို ပဲခူးမှာသွားလုပ်ပေးနေတယ်။ COVID-19 ကာလမှာ အမေက အလုပ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အမြဲတမ်းလည်း မေတ္တာပို့ပေးပါတယ်။ ထမင်းစားတိုင်းလည်း မေတ္တာပို့ပေးပါတယ်” ဆိုပြီးတော့ ဂဠုန်ဦးစော ကာရိုက်တာအတွက် ခင်ပွန်းသည်ကို စာနယ်ဇင်းနဲ့ မိတ်ဆက်ပေးတဲ့ နေ့က ဖြေဆိုခဲ့တာပါ။ 

Photo: Su Pan Htwar

COVID-19 ကာလမှာ ဆုပန်ထွာကိုယ်တိုင်ကလည်း အိမ်မှုကိစ္စ အကုန်လုံးကို တစ်ယောက်တည်း လုပ်နေရတယ်လို့ ဆိုပါတယ်။ Stay Home ဖြစ်တာကြောင့် အိမ်သန့်ရှင်းရေး၊ ချက်ပြုတ်ရေး အကူတွေလည်း မရှိဘူးလို့ ပြောပါတယ်။ 

“ ဒီအလုပ်ကလည်း အိမ်ထောင်ရှင်မတိုင်း လုပ်လေ့ရှိတဲ့ အလုပ်တစ်ခုပါ။ မပန်ကမှ အနုပညာရှင်ဖြစ်နေလို့ ထူးခြားသွားတာမျိုးလည်း မရှိပါဘူး။ ထမင်းဟင်း ချက်တယ်ဆိုတာ မပန်တို့ ငယ်ငယ်လေးကတည်းက အမေ က သင်ပေးတယ်။ အဝတ်လျှော်တာကအစ အမေသင်ပေးလို့သာ အစ်မက ဒါတွေ လုပ်တတ်တာပေါ့နော်။ Covid ကာလမှာ နည်းနည်းလေး သိသာသွားတာက ဘာလဲဆိုတော့ အစ်မတို့အိမ်ကို Lockdown လုပ်လိုက်တာပေါ့။ Stay Home ဖြစ်သွားတဲ့ အချိန်မှာ ထမင်းချက်တဲ့သူလည်း မရှိတော့ဘူး။ အိမ်သန့်ရှင်းရေးလုပ်မယ့်လူ၊ မမနောက် လိုက်မယ့်သူက မရှိတော့ဘူး။ အိမ်မှာ သန့်ရှင်းရေး လုပ်တာ၊ တိရစ္တာန်လေးတွေကို အစာကျွေးတာက အစ အစ်မပဲအကုန်လိုက်လုပ်တော့ ပျော်တော့ ပျော်တာပေါ့လေ။ မောလည်း မောတယ်” လို့ သဘောကျရယ်မောရင်း ပြောလာပါတယ်။ 

Photo: Su Pan Htwar

ဆုပန်ထွာ(Su Pan Htwar) ကိုတော့ တီဗီကြော်ငြာ၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား နဲ့ မဂ္ဂဇင်း၊ ဂျာနယ် မျက်နှာဖုံး ပိုင်ရှင်တစ်ဦးအဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာသာမက ဂီတဘက်မှာလည်း ‘’သေလောက်အောင် ချစ်တယ်’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ဒီသီချင်းရဲ့ MTV ကိုတော့ ၂၀၁၉ မေလ မှာ ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အခုဆိုရင်တော့ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေရသူတစ်ဦး ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က