လူတိုင်း ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုပါ။
Sabal Thwin

မိုးဟေကို ကတော့ လက်ရှိမှာ မိခင်ဖြစ်သူကို စောင့်ရှောက်ရင်း သူ့ရဲ့ ပိုးထည်တွေကို အွန်လိုင်းကနေ ရောင်းနေတယ်လို့ ဆိုပါတယ်။ 

မိုးဟေကိုရဲ့ စီးပွားရေးအခြေအနေကတော့ ပိုးထည်ဆိုင်ရော၊ ထုတ်လုပ်ရေးကိုရော ပိတ်ထားတယ်လို့ သိရပါတယ်။ Covid ကာလဖြစ်တာကြောင့် ကျန်းမာရေးမကောင်းဖြစ်နေတဲ့ မိခင်ကို ပိုဂရုစိုက်နေရတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ လူတိုင်း လူတိုင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ခံစားနေရတဲ့ အခက်အခဲတွေကို မိုးလည်း ထပ်တူ ခံစားနေရတာပါပဲ။ ကိုယ်က အရှုံးနဲ့ လူပါ။ ကိုယ်တစ်ယောက်တည်း ထိခိုက်တာ မဟုတ်ဘူးလေ။ ဒါပေမယ့် အားလုံးက ခံနိုင်ရည်ရှိအောင် တောင့်ခံနေကြရတာ။ ရှိတာလေးတွေကို ခြွေတာပြီး သုံးနေရတဲ့ အချိန်ပါ။ ပြီးတော့ မိုးအမေက ကျန်းမာရေး ခြူခြာတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် အမေ့ကို ပိုဂရုစိုက်နေရတာပေါ့” လို့ ထာဝရဝိန့်စိန် ရွှေဆိုင်ကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Moe Hay Ko

မိုးဟေကို ဟာသူမရဲ့ ပိုးထည်ဆိုင်က ပိုးထည်တွေကို Online ကနေ တဆင့် ကိုယ်တိုင် ရောင်းချပေးနေတာကိုလည်း တွေ့ရပါတယ်။ သူမရဲ့ ဆိုင်နာမည်ကို အသုံးချပြီး ငွေကြေးလိမ်လည်တာတွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။ 

“ အခုက Covid ကာလဆိုတော့ စီးပွားရေးတွေလည်း အရမ်းကျတဲ့အတူတူ ဆိုင်လည်း ခဏပိတ်ထားပြီးတော့ အွန်လိုင်းကနေပဲ ဈေးရောင်းရတာ အဆင်ပြေတာဖြစ်တဲ့အတွက် နောက်ပိုင်းကျရင် Online Shopping လေးပဲ လုပ်ဖြစ်ဖို့ များပါတယ်။ ပြီးတော့ ဝယ်ယူအားပေးကြတဲ့ ပရိသတ်တွေကိုလည်း မိုးဆိုင်က ဖုန်းနံပတ် မဟုတ်ရင် ငွေမလွှဲကြပါနဲ့ဆိုပြီးတော့ Live ကနေရော၊ Page မှာရော တင်ထားတယ်။ ကိုယ့်ဆိုင်တင်မကဘူး တချို့ဆိုင်တွေကလည်း လိမ်လည်ခံနေရတယ်ဆိုတာ သိရတော့ ဒါက သင်ခန်းစာ တစ်ခုလို့ မှတ်ယူထားပါတယ်" ဆိုပြီးတော့လည်း ဆက်လက် ေပြာပြလာပါတယ်။ 

Photo: Moe Hay Ko


မိုးဟေကိုက လက်ရှိမှာ မိသားစုကို အချိန်ပေးဖြစ်နေပြီး အနုပညာအလုပ်နဲ့ ပတ်သက်လို့ တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ သဘောကျတဲ့ ဇာတ်ကောင်စရိုက်တွေရှိရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖြစ်တယ်လို့ သိရပါတယ်။ 





ဆက်စပ်အကြောင်းအရာများ


Author


က္က