ဆရာဖြစ်သူကို ပြန်တောင်းပန်ခဲ့တယ်။

အလင်းရောင်ကတော့ Covid ကြောင့် အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် အများကြီးပြောင်းလဲနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: A Linn Yaung



အလင်းရောင်ကတော့ ဆရာဖြစ်သူ ကိုဂျွန်လွင်အပေါ် မှားခဲ့တဲ့ အမှားတွေအတွက် သူ့ဘက်ကစပြီး တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။ Covid ကာလကြောင့် သူ့ကိုယ်တိုင်ပြုပြင်ပြောင်းလဲရမယ့် အရာတွေကို သိမြင်လာတယ်လို့ မီဒီယာတွေကို ဖြေဆိုခဲ့ပါတယ်။ 

“ Covid ကာလက ကျွန်တော့်ကို စိတ်တွေ အများကြီးပြောင်းလဲစေတယ်။ အိမ်မှာပဲ နေနေတာဆိုတော့ အလုပ်အကြောင်းတွေချည်းပဲ စဉ်းစားတယ်။ ပြီးတော့ ကိုယ်ဘာတွေ မှားခဲ့သလဲ၊ ဘာတွေ ပြင်ဖို့ လိုသလဲဆိုတာကို တွေးတယ်။ ဘယ်ကိစ္စတွေက ဖြေရှင်းရင် ဖြေရှင်းလို့ ရမလဲဆိုတာကို ကျွန်တော် သေချာစဉ်းစားပြီးတော့ ဆရာ့ကို သေချာပြန်တောင်းပန်တယ်။ ကျွန်တော် မှားခဲ့တဲ့ အမှားတစ်ခု ကြေသွားတော့ စိတ်သက်သောင့်သက်သာနဲ့ နေလို့ရခဲ့ပါတယ်” ဆိုပြီးတော့ Fit Me အလှကုန်ပစ္စည်း မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

Photo: A Linn Yaung

အလင်းရောင်ဟာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာကတည်းက ကိုဂျွန်လွင်ရဲ့ Star & Model မှာ မော်ဒယ်လ်သင်တန်း တက်ရောက်ခဲ့သူဖြစ်ပါတယ်။ ဆရာ့ဆီက ရတဲ့ ပညာတွေနဲ့ အနုပညာလောကထဲမှာ အခုလို အလုပ်တွေ လုပ်ခွင့်ရနေတာလို့ သူကဆိုပါတယ်။ 

“ ဆရာ့ရဲ့ တပည့်ဖြစ်ရတဲ့ အားသာချက်က ဥပမာ ကြော်ငြာတစ်ခုရိုက်မယ်ဆိုရင် (၁၀) နာရီလောက်ချိန်းရင် (၇) နာရီလောက်ကတည်းက သွားပြီးတော့ လေ့ကျင့်ရတာ။ အဲဒီလိုနဲ့ ကိုယ်ကလည်း အချိန်ကို Right Time နတတ်သွားတယ်။ ကျွန်တော် အနုပညာအလုပ်တွေ စလုပ်တဲ့ အချိန်မှာ ဆရာကနေတဆင့် ကြော်ငြာတွေ ချိတ်ပေးရင်း ကျွန်တော့်ရဲ့ အချိန်တိကျမှုတွေကို ဒါရိုက်တာတွေက သိပြီး သဘောကျခဲ့ကြတာပါ။ ဒါကြောင့် ဆရာ့ရဲ့ ဆိုဆုံးမမှုတွေထဲမှာတော့ ဆရာသင်ပေးထားတဲ့ အချိန်တိကျမှုက အဓိက ကျတာပေါ့နော်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: A Linn Yaung

အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ခေါင်းဆောင်မင်း သားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ရာမှ ပရိသတ်တွေအားပေးမှုအများကြီးရရှိလာခဲ့တာပါ။ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်ခဲ့ပြီးနောက် '' ဘယ်ရည်းစားကို အချစ်ဆုံးလဲ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အောင်မြင်မှုတွေ ဆက်လက်ရရှိခဲ့ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Oh..My Crush ဆိုတဲ့ တေးစီးရီး Audio ကိုတော့ ၂၀၁၆ ခုနှစ် ၄ လပိုင်းမှာ ထွက်ရှိခဲ့တာပါ။ ဒီအခွေလေး MTV ထွက်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က