အခွေက ထွက်ဖို့ အဆင်သင့် ဖြစ်နေပြီ။

အဆိုတော် ကေကေမိုးကတော့ သူမရဲ့ သီချင်းအသစ်တွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် သူ့ရဲ့ ဂီတလှုပ်ရှားမှုတွေ အကြောင်း ပြောပြလာပါတယ်။ 

Photo: K K Moe



ကေကေမိုးကတော့ Covid ကာလမှာ သီချင်းအခွေ ထွက်ဖို့ အဆင်မပြေသေးဘူးလို့ ဆိုလာပါတယ်။ သီချင်းတွေနဲ့ အခွေ ထွက်ဖို့ အဆင်သင့်ပြင်ထားပေမယ့် Covid ကြောင့် ရှေ့ဆက်မတိုးနိုင်သေးဘူးလို့ Duwun ကို ပြောပြခဲ့ပါတယ်။ 

" ကေကေ့ကို ပရိသတ်တွေက သီချင်းအသစ်တွေ မထွက်ဘူးလား အမြဲမေးတယ်။ ကေကေ ကိုယ်တိုင်ကလည်း သီချင်းတွေ ထွက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ဒါပေမယ့် အခြေအနေ တစ်ခုဖြစ်နေတဲ့အခါကျတော့ ဒီကာလကို စောင့်နေတာပါ။ အခုချိန်မှာ အခွေ မထွက်ဖြစ်တာလေးတွေပဲ ရှိတာပါ။ သီချင်းတွေကတော့ အွန်လိုင်းကနေ တင်သွားမှာပါ" လို့ သူက ဆိုပါတယ်။ 

Photo: K K Moe

COVID-19 ကာလမှာ အရင်ကလို အပြင်တွေ မသွားရပေမယ့် မိသားစုနဲ့ ပိုနေဖြစ်တယ်လို့ ကေကေမိုးက ဆိုပါတယ်။ 

" အခုချိန်မှာတော့ ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်းအပေါင်းအဖော်တွေကို ပိုပြီးတော့အချိန်ပေးဖြစ်တယ်။ အိမ်မှာ နေဖြစ်တယ်။ အနုပညာအလုပ်တွေကတော့ အရင်တုန်းကထက် စာရင် သုံးပုံမှာ တစ်ပုံတော့ လုပ်ဖြစ်နေတယ်။ ကိုယ်စုဆောင်းထားတဲ့ ငွေကြေးလေးတွေနဲ့ သုံးဖြစ်နေတာပေါ့" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: K K Moe

ကေကေမိုးကိုတော့ "ကျွန်မ" ဆိုတဲ့ Single Song လေးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ "ကျွန်မ" သီချင်းဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တာဖြစ်ပြီး တေးရေး ဝေကြီး ရေးပေးခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းနဲ့ City FM ရဲ့ (၁၇) နှစ်ပြည့် ဂီတ ဆုပေးပွဲကြီးမှာ သူမက ၂၀၁၈ ခုနှစ်အတွင်း ရေပန်းအစားဆုံး အမျိုးသမီး တေးသံရှင်ဆုကို ရရှိခဲ့တာထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကေကေမိုးဟာ သြဂုတ်လ(၂၁) ရက်နေ့မှာ "အချစ်မျက်ကန်း" ဆိုတဲ့ အချစ်သီချင်း နမူနာလေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးထားတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က