နာမည်ကျော်အငြိမ့်အဖွဲ့တွေလည်း ပါဦးမယ်။

ဖိုးချစ်ကတော့ ဇာတ်သဘင်ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် အွန်လိုင်းပေါ်ကနေ ကပြဖျော်ဖြေပေးမယ့်အကြောင်းပြောပြလာပါတယ်။ 

Photo: Phoe Chit



ဖိုးချစ်ကတော့ Covid ကာလမှာ ပရိသတ်တွေပျော်ရွှင်ဖို့အတွက် အွန်လိုင်းပေါ်ကနေ ဇာတ်သဘင် ဖျော်ဖြေပွဲ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ Social Media ပေါ်ကနေ အခုလို ဖျော်ဖြေပွဲ လုပ်ရမယ့်အပေါ် သူ့ရဲ့ သဘောထားကို Duwun ကနေ ပြောပြလာပါတယ်။ 

“ အခုချိန်မှာတော့ ကျွန်တော့်မိသားစု ပရိသတ်တွေကို ကပြဖျော်ဖြေပေးနိုင်မယ့် အနေအထား မရှိသေးပါဘူး။ အခု အွန်လိုင်းကနေ ကပြဖျော်ဖြေမယ်ဆိုတာကလည်း အစကတည်းက media platform ပြောင်းဖို့လုပ်နေတာ (၂) နှစ်၊ (၃) နှစ်လောက်ရှိပြီ။ လက်ရှိ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ အနေအထားအရဆိုရင်တော့ အွန်လိုင်းပေါ်ကနေ ရိုက်ကူးထုတ်လွှင့်တဲ့ အနေအထားမျိုးလေးနဲ့ ပရိသတ်ကို ထိတွေ့ရမှာပါ။ လာကြည့်ချင်တဲ့ ပရိသတ်တွေအတွက်ကလည်း အဆင်မပြေနိုင်သေးဘူး” လို့ ဆိုပါတယ်။ 

Photo: Phoe Chit

ဖိုးချစ်ဟာ ဇာတ်သဘင်ဖျော်ဖြေပွဲကို စက်တင်ဘာလ ကနေ နိုဝင်ဘာလ အထိ (၃) လတိုင်တိုင် ကပြ ဖျော်ဖြေပေးသွားမယ်လို့ သိရပါတယ်။  ဖိုးချစ်ရဲ့ ဖျော်ဖြေပွဲကိုတော့ "မြို့ရွှေမန်းသားဖိုးချစ်တို့ကတဲ့ဇာတ်အလှသဘင်" Facebook Page ကနေတဆင့် စက်တင်ဘာလ ပထမအပတ်က စပြီး ည(၈) နာရီ အချိန်တွေမှာ " ဖိုးချစ် ဇာတ်သဘင်" လို့ အမည်ပြောင်းပြီး ကပြဖျော်ဖြေတင်ဆက်သွားမယ်လို့ သိရပါတယ်။ 

“ ၈ လပိုင်းကုန်လောက်ဆိုရင် ကျွန်တော်အပါအဝင် ဦးချမ်းသာ၊ စွမ်းဇာနည်၊ ကိုဝင်းနောင်၊ ကိုဝေယံဦး၊ ကိုမင်းနိုင်စိုးတို့ကိုလည်း ဖိတ်မယ်၊ 5 Star လူရွှင်တော်အဖွဲ့၊ ဟား ငါးကောင်၊ ဟားတစ်သိုက်အဖွဲ့၊ ဦးမိုးဒီ၊ စသည်ဖြင့် နာမည်ကြီးတဲ့ အငြိမ့်တွေအားလုံးရဲ့ ကပြဖျော်ဖြေမှုကို ကျွန်တော့်ရဲ့ Page ကနေတဆင့် (၃)လ တိတိ ထုတ်လွှင့်ပေးသွားမှာပါ။ အဲဒီမှာ Payment ကတော့ (၃) လစလုံး စိတ်တိုင်းကျ ကြည့်လို့ရမယ့် (၇) ထောင့်(၇)ရာ(၇)ဆယ့်(၇)ကျပ် ဆိုပြီးတော့ ကျွန်တော် သိပ်ကြိုက်တဲ့ နာမည်လေးတစ်ခုနဲ့ လုပ်ထားတာဖြစ်ပါတယ်။ Page Member ဝင် တစ်ခုတည်းနဲ့ မိသားစု တစ်စုလုံး ကြည့်လို့ရမယ်ပေါ့။ တခြားနေရာတွေမှာ တင်ဆက်တာမျိုးလည်း ကျွန်တော် မလုပ်ပါဘူး” လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။  

Photo: Phoe Chit

ဖိုးချစ်ဟာ မြန်မာ့ဇာတ်သဘင်လောကမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦး နယ်ပရိသတ်များရဲ့ တခဲနက် အားပေးခြင်းကို ခံရတဲ့ မင်းသားဦးဖြစ်ပါတယ်။ ဇာတ်သဘင်လောကမှာလည်း နာမည်ကြီးသလို သူရှင်သန်ရာ ဇာတ်သဘင်နဲ့ ပတ်သက်ပြီး အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ မြန်မာ့ ဇာတ်သဘင်ရဲ့ ဥက္ကဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်နေသူ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က