အခုထိ အလုပ်လက်မဲ့ဖြစ်နေတုန်းပါ။

မေစံပယ်ညိုကတော့ Covid ကြောင့် ဂီတလှုပ်ရှားမှုတွေ ရပ်နားထားရတဲ့ ခံစားချက်ကို အခုလို ပြောပြလာပါတယ်။ 

Photo: May Sabel Nyo



အချစ်သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်အားပေးမှုအများကြီးရထားတဲ့ အဆိုတော် မေစံပယ်ညိုကတော့ Covid ကာလမှာ ပရိသတ်အတွက် ဂီတဖျော်ဖြေရေးနဲ့ပတ်သက်တာတွေ မလုပ်ဖြစ်ဘူးလို့ ဆိုပါတယ်။သူမဟာ Covid ကာလအစကတည်းကနေ အခုချိန်ထိ အလုပ်တွေမရှိသေးတဲ့အကြောင်း Duwunကနေ ပြောပြလာပါတယ်။ 

“ အလုပ်တွေ မရှိတာတော့ ပထမ Covid ဖြစ်ကတည်းကနေ အခုထိကို အလုပ်မရှိဘူး။ သူများတွေဆိုရင် First Wave နည်းနည်းငြိမ်သွားတဲ့ အချိန်မှာ အလုပ်တွေ ပြန်စလို့ရတယ်။ သွားလို့ လာလို့ရတယ်။ ဒါပေမယ့် အစ်မတို့ အနုပညာလောက က လူတွေကျတော့ လူစုလူဝေးနဲ့ လုပ်ရတဲ့ အတွက် ၅ ဦးထက်မပိုရ၊ အယောက်(၃၀) ထက်မပိုရဆိုတော့ မမတို့အတွက် ဘာအလုပ်မှ လုပ်လို့ မရတဲ့အတွက် အခုထိ အလုပ်လက်မဲ့တွေ ဖြစ်နေတုန်းပါပဲ” လို့ သူကဆိုပါတယ်။ 

Photo: May Sabel Nyo

အဲဒီနောက် မေစံပယ်ညိုက သူ့ရဲ့ ဂီတလှုပ်ရှားမှုလေးတွေ အကြောင်းကိုလည်း ဆက်လက် ပြောပြလာပါတယ်။ သီချင်းတွေ ထွက်ဖို့ကိုလည်း စဉ်းစားနေရတုန်းပဲလို့ သူက ဆိုပါတယ်။ 

“ အခုတော့ ကိုဖိုးကာရေးပြီးတော့ မမကိုယ်တိုင် သီဆိုထားတဲ့ Music Video လေး ထွက်မယ်။ ပြီးရင် NGIIK နဲ့ လုပ်ထားတဲ့ သီချင်းကလည်း (၃) ပုဒ်လောက်ရှိပြီ။ အခုချိန်မှာ Covid ဒုတိယလှိုင်းကလည်း သေတာတွေရော၊ ဘာတွေရော ဆိုတော့ လူတွေလည်း စိတ်ညစ်နေတဲ့ အချိန်မှာ သီချင်းထုတ်ဖို့ကို တော်တော်စဉ်းစားနေရတယ်။ Media တွေမှာ တင်မယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ လူစုလူဝေးနဲ့ မလုပ်ရတော့တဲ့ အခက်အခဲလေး တစ်ခုပဲရှိတာပါ” ဆိုပြီးတော့လည်း ပြောပြခဲ့ပြန်ပါသေးတယ်။  

Photo: May Sabel Nyo

မေစံပယ်ညိုကတော့ "အလွမ်းနေ့ရက်ရှည်" ဆိုတဲ့ အချစ်သီချင်းအေးအေးလေးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ခိုင်ခိုင်မာမာရရှိခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် NGIIK ဆိုတဲ့ အဖွဲ့လေး ဖွဲ့ပြီး သီချင်းတွေ အများကြီး ထွက်ရှိထားတာကိုလည်း တွေ့ရပါတယ်။ မေစံပယ်ညိုရဲ့ အသံနဲ့ သီချင်းအေးအေး လေးတွေကလည်း လိုက်ဖက်မှုရှိသလို ချစ်စရာကောင်းတဲ့ မျက်နှာနဲ့ အရပ်ရှည်ရှည် ခပ်မိုက်မိုက် ခန္ဓာကိုယ် အချိုးအစားလေးက ပရိသတ်တွေကို သတိထားမိစေခဲ့တဲ့ သူမရဲ့ အားသာချက်လေး တစ်ခုဖြစ်ပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က