ဒီနေ့ကစပိတ်လိုက်တာပါ။

Covid – 19 ရောဂါကာကွယ်နိုင်ဖို့အတွက် ဒီနေ့ကစပြီး မင်္ဂလာရုံ၊ JCGV နဲ့ Paradiso ရုံများအားလုံး ဧပြီ(၃၀) ရက်နေ့အထိ

ပိတ်လိုက်ပြီ ဖြစ်ပါတယ်။

Photo : Nay Myo htet



Covid – 19 ရောဂါကာကွယ်ဖို့အတွက် ပြန်ကြားရေးဝန်ကြီး ဌာနမှ ညွှန်ကြားချက်အရ မင်္ဂလာရုပ်ရှင်ရုံအုပ်စုအောက်က ရုံတွေကို ယာယီပိတ်သွားမည်ဖြစ်ကြောင်း သမ္မတရုံက တာဝန်ရှိသူက ပြောပါတယ်။

“ပြန်ကြားရေးဝန်ကြီး ဌာနမှ ညွှန်ကြားချက်အရ ရုပ်ရှင်ရုံများအား ယနေ့ (၁၆.၀၃.၂၀၂၀)မှစပြီး ခေတ္တခဏ ပိတ်ထားမှာ ဖြစ်ပါတယ်။

ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသမည့်နေ့ကို ကြိုတင်အသိပေးကြေညာသွားပါမယ်ခင်ဗျ။နောက်ပိုင်းတွေကတော့ မသိသေးပါဘူး” လို့ သမ္မတရုံက တာဝန်ရှိသူက Duwun Media ကိုပြောပါတယ်။

ထို့နည်းတူစွာ JCGV ရုပ်ရှင်ရုံများနှင့် Paradiso ရုပ်ရှင်ရုံများအားလုံးကိုလည်း ယနေ့ကစလို့ ယာယီပိတ်လိုက်ပြီ ဖြစ်ပါတယ်။

“ကျွန်တော်တို့ JCGV ရုပ်ရှင်ရုံအားလုံးကို ဒီနေ့က စပြီး ပိတ်လိုက်ပါတယ်။ ကျန်တဲ့သတင်းအချက်အလက်တွေကိုတော့ လူကြီးပိုင်းတွေ အစည်းအဝေးလုပ်နေတာကြောင့် မပြောနိုင်သေးဘူး ဖြစ်နေပါတယ်” လို့ JCGV က တာဝန်ရှိသူက Duwun Media ကိုပြောပါတယ်။

Covid -19ရောဂါကြောင့် ဧပြီလကုန်အထိ သင်္ကြန်မဏ္ဌပ်တွေ၊ရုပ်ရှင်ရုံတွေနဲ့ လူစည်ကားတဲ့ပွဲတွေ မကျင်းပဖို့ကို မတ်လ၁၂ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ နေပြည်တော်အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လူမှုကွန်ရက်စာမျက်နှာ Facebook အကောင့်ကနေ ကြေညာခဲ့ပါသေးတယ်။

ဒီသတင်းတွေနဲ့ပတ်သတ်လို့ မကြာခင်အတွင်းမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေက တရားဝင်သတင်းထုတ်ပြန်သွားမယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က