Sabal Thwin

မေမီကိုကိုက သူမရဲ့ အချစ်ရေးအပေါ် ထားတဲ့ ခံယူချက်ကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ သူမဟာ Crush ကိုတောင် ပေးဆပ်တဲ့ အချစ်နဲ့ ချစ်တာပါလို့ သူကဆိုပါတယ်။

ပရိသတ်တွေရဲ့ အချစ်တော်မလေး မေမီကိုကိုမှာတော့ Crush ရမယ့် သူရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူမဟာ အနုပညာအလုပ်တွေလည်း လုပ်နေသူဖြစ်သလို အချစ်ရေးအကြောင်းတွေကိုလည်း လက်ရှိမှာ မစဉ်းစားသေးဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာဖြေဆိုခဲ့ပါတယ်။

‘’ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ မရှိလို့ မကြားရတာပေါ့နော်။ ရှိခဲ့ရင်တော့ ပရိသတ်နဲ့ မိတ်ဆက်ပေးမှာပါ။ အချစ်ရေးကျတော့လည်း အခုချိန်မှာ စဉ်းစားဖို့အရမ်းခက်နေတယ်။ ဒီလိုပဲ ကြိတ် Crush ၊ ကြိတ် သဘောကျနေတဲ့ အနေအထားလောက်ပဲရှိပါတယ်။ Crush တယ်ဆိုတာကတော့ အများကြီးပေါ့နော်။ ဟိုလူကိုလည်း ကြည့်လိုက်ရင် ချစ်စရာလေး၊ ဒီလူကိုလည်း ကြည့်လိုက်ရင် ချစ်စရာလေး၊ စိတ်ထားလေးကောင်းရင်လည်း Crush လိုက်ရတာလောက်ပါပဲ။ ရွေးချယ်ရမယ့်အထဲမှာတော့ မပါသေးဘူးပေါ့နော်’’လို့ ဆိုပါတယ်။

Crush ကိုတော့ သူမကိုယ်တိုင် ဖွင့်ပြောမှာ မဟုတ်ဘူးလို့ မေမီကိုကိုက ပြောပါတယ်။ သူမ Crush နေတာ ဘယ်သူဆိုတာကိုလည်း တစ်ချိန်ကျရင် သိလာမှာပါလို့ ဆိုပါတယ်။

‘’ ဒါပေမယ့် အလုပ်တွေ လုပ်ချင်သေးတယ်။ ဒီလိုဘဝလေးက ပိုပျော်ဖို့ကောင်းပါတယ်။ ကိုယ်သဘောကျတဲ့လူကို သဘောကျလို့ရတယ်။ ဟိုလူ့ကို သဘောကျကျ၊ ဒီလူ့ကို သဘောကျကျ ရတယ်လေ။ အဓိက က ကိုယ့်ကို ချုပ်နှောင်ခြင်းမရှိတာပေါ့နော်။ အချိန်တန်ရင်တော့ သိသွားမှာပါ ပြောစရာမလိုဘူးလို့လည်း ထင်ပါတယ်’’ဆိုပြီးတော့ ဇွန်လ ၆ ရက်နေ့က D&C ဆိုင်သစ်ဖွင့်ပွဲမျှာ ဖြေဆိုခဲ့တာပါ။

Photo: May Mi Ko Ko

မေမီကိုကိုက သူမခံယူထားတဲ့ အချစ်ကတော့ ပေးဆပ်တဲ့ အချစ်မျိုးပါတဲ့။ သူချစ်တဲ့ သူကိုတောင်မှ တခြား တစ်ယောက်နဲ့ အောင်သွယ်ပေးဖို့ အဆင်သင့်ပဲလို့ ဆိုပါတယ်။

‘’ စွန့်လွှတ်ခြင်းက ပိုများတယ်။ ဥပမာ ကောင်လေးတစ်ယောက်က ကိုယ်သဘောကျတယ်ဆိုရင် ကိုယ့်ကို ပြန်ပြီးတော့ သဘောကျတယ်ဖြစ်စေ၊ သဘောမကျဘူးဖြစ်စေ။ ပြီးတော့ သူ့မှာ ချစ်ရတဲ့ လူနောက်တစ်ယောက်ရှိနေရင်တောင် ကျွန်တော်က နောက်တစ်ယောက်နဲ့ပဲ အောင်သွယ်ပေးချင်တာ။ ကိုယ်ကိုယ်တိုင် မယူချင်ဘူး။ ခံနိုင်ရည် ရှိမှာပါ။ သူပျော်ဖို့အရေးကြီးတာပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: May Mi Ko Ko

မေမီကိုကို ကိုတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေထဲက မင်းသမီးလေးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူမကိုတော့ ‘’ပျားရည်အိုင်’’ ရုပ်သံဇာတ်လမ်းတွဲ နဲ့Star Awards ဆုတွေထဲက အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိထားသူပါ။ လက်ရှိမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က