သူက ဒီနိုင်ငံမှာ မရှိဘူး။
Sabal Thwin

အောင်ရဲထိုက်က အချစ်ရေးနဲ့ပတ်သက်ပြီး ချစ်သူထပ်ထားဖို့ ကြာဦးမယ်လို့ဆိုပါတယ်။ အခုဆိုရင်တော့ တိတ်တခိုးချစ်ရမယ့်သူ ရှိနေပြီလို့ သူကပြောပါတယ်။ ဒါပေမယ့် ချစ်သူထားဖို့တော့ ကြာဦးမယ်လို့ ဆိုပါတယ်။



Photo: Aung Ye Htike

သရုပ်ဆောင် အောင်ရဲထိုက်က သူ့ရဲ့ အချစ်ရေးကတော့ တိတ်တခိုးချစ်ရမယ့်သူ တစ်ယောက်ရှိနေပြီလို့ ဆိုပါတယ်။ သူကတော့ ဒီနိုင်ငံကလူ မဟုတ်ပါဘူးလို့ Duwun Media ကနေ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

‘’တစ်ယောက်တည်းပါပဲ၊ အချစ်ရေးကတော့ လက်ရှိမှာ အေးအေးဆေးဆေးပဲ။ ဒါပေမယ့် Crush ကတော့ရှိတယ်။ သူက ဒီက မဟုတ်ဘူး။ Scarlett Johansson ဆို ကျွန်တော် အရမ်းကြိုက်တာ။ ကျွန်တော် နောက်ထပ်ထားမယ့် Relationship ဆိုရင် အရမ်းကြီး ရှုပ်ရှုပ်ထွေးထွေးကြီးတော့ သိပ်မစဉ်းစားတော့ပါဘူး။ အရမ်းရိုးရှင်းရမယ် ဒီလောက်ပါပဲ’’ လို့ သူကဆိုပါတယ်။

Photo: Aung Ye Htike ,ScarIеtt Johansson

သူဟာ ပြတ်ဆဲပြီးခဲ့တဲ့ အချစ်ရေး နဲ့ ပတ်သက်ပြီးတော့လည်း နောင်တရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူ့ရဲ့ အနုပညာအလုပ်အပေါ်မှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှုမရှိအောင် ကြိုးစားနေထိုင်တယ်လို့ အောင်ရဲထိုက်က ပြောပါတယ်။

‘’ ကျွန်တော်လုပ်ခဲ့တဲ့အရာတိုင်းအတွက် ဘယ်တော့မှ နောင်တရတတ်လေ့မရှိဘူး။ ကျွန်တော်လုပ်ပြီးခဲ့တဲ့ အဖြစ်အပျက်တွေရဲ့ အကျိုးတွေကိုလည်း ကျွန်တော် ခံရပြီးသွားပြီ။ ဖြစ်တတ်၊ ပျက်တဲ့ သဘောတရားမှာ ကျွန်တော် ထားခဲ့ပြီးသွားပြီ။ ဘာစိတ်ဖိစီးမှုမှ မထားတော့ဘူး’’ ဆိုပြီးတော့ POSH Runway 2019 ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Aung Ye Htike

အနုပညာအလုပ်တွေ ဆက်တိုက်လုပ်လာရပြီဖြစ်တဲ့ အောင်ရဲထိုက်က သူ့ရဲ့ နှလုံးသားရေးရာနဲ့ ပတ်သက်ပြီး အချစ်သစ်တွေ့ဖို့ကတော့ ကြာဦးမယ်လို့ ဆိုပါတယ်။

‘’ချစ်သူ ထပ်ထားဖို့ကတော့ ကြာဦးမှာ ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လုပ်ချင်တဲ့ဟာနဲ့ ကျွန်တော့်ဆီရောက်လာတဲ့ အခွင့်အရေးနဲ့က ထပ်တူကျနေတာတွေများတယ်။ ဒီအခွင့်အရေးကို ကျွန်တော်ဆုတ်ကိုင်နိုင်မှ နောက်ထပ်ခြေလှမ်းတွေကို ထပ်လှမ်းလို့ရမှာ။ အဓိက ကတော့ အလုပ်ကိုပဲ အာရုံစိုက်ဖြစ်နေမှာပါ’’ လို့ဆိုပါတယ်။



Photo: Yeminlay

အောင်ရဲထိုက်ဟာ ညရုပ်ရှင်ဇာတ်ကားကစပြီး ပရိသတ်တွေသတိထားအားပေးခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေမှာလည်း Star တစ်ယောက်အဖြစ် ပါဝင်လာခဲ့ပါတယ်။ အဲဒီနောက် ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ ''မီ'' ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ကိုလေး ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ မကြာသေးခင်ကလည်း ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးခဲ့ပြီးပြီလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က