အလုပ်တွေပဲဖိလုပ်နေပြီး အိမ်ထောင်ပြုဖို့ မစဉ်းစားတော့ဘူးလား။

Photo: Hein Wai Yan Fb



 

သရုပ်ဆောင်ဟိန်းဝေယံတစ်ယောက် သူကိုယ်တိုင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပရိသတ်ဆီအမြန်ဆုံးအရောက်ချပြနိုင်ဖို့ ကြိုးစားပြင်ဆင်နေတယ်လို့ သိရပါတယ်။ သူကြိုက်တဲ့ ဇာတ်လမ်းတွေရှိရင်လည်း ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီးရိုက်ကူးသွားမယ်လို့ မီဒီယာ တွေရဲ့ အင်တာဗျူး ကနေပြောပြခဲ့ပါတယ်။

'' ကျွန်တော်ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေရှိတယ် အဲ့ဒီဇာတ်ကားတွေကိုလည်း Post Production အပိုင်းကိုသေချာလေး ပြန်လုပ်နေ ပါတယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ထားတဲ့ မာယာကကြိုး ရုပ်ရှင်ဇာတ်ကားကိုလည်း Post Production အပိုင်းမှာ အကောင်းဆုံးဖြစ်အောင် ပြန်လုပ်နေပါတယ်'' လို့ ဆိုပါတယ်။

Photo: Hein Wai Yan Fb

ဒါရိုက်တာ တစ်ယောက်အနေနဲ့ တွေ့ရဦးမယ့် ဟိန်းဝေယံ 

ဟိန်းဝေယံဟာ အနုပညာအလုပ်တွေ နားထားတဲ့ အချိန်မှာလည်း မိဘတွေရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဝိုင်းဝန်းကူညီလုပ်ကိုင်ပေး နေတယ်လို့ ဆိုပါတယ်။

'' ဒါရိုက်တာ တစ်ယောက်အနေနဲ့ ကျွန်တော်ကြိုက်တဲ့ ဇာတ်လမ်းတွေ၊ ကျွန်တော်ရိုက်ချင်တဲ့ ဇာတ်လမ်းမျိုးတွေရှိတယ်ဆိုရင်တော့ ထပ်ပြီး ရိုက်ဖို့တွေရှိတယ်။ ဒီကြားထဲမှာလည်း ကျွန်တော့် အဖေနဲ့ အမေ ရဲ့လုပ်ငန်းကို ကျွန်တော်နိုင်သလောက် ဝိုင်းကူဖြစ်တယ်။ ဝိုင်းလုပ်ပေးဖြစ် တယ်ပေါ့'' လို့ သူကပြောပါတယ်။

Photo: Hein Wai Yan Fb

 

အနုပညာအလုပ်တွေလည်း လုပ်ဖြစ်နေသလို မိဘတွေရဲ့ လုပ်ငန်းတွေမှာလည်း ဝိုင်းဝန်းကူညီပေးနေတဲ့ သရုပ်ဆောင်ဟိန်းဝေယံရဲ့ အချစ်ရေးကလည်း တည်ငြိမ်နေတယ်လို့ သိရပါတယ်။

'' အချစ်ရေးကတော့ ဒီအတိုင်းပါပဲ။ လူပျိုကြီးဖြစ်ဖို့ကတော့ ကံပေါ့လေ။ ဒါကိုလည်း ထွေထွေထူးထူးပြောစရာတော့ မရှိပါဘူး။ ကျွန်တော့်ရဲ့ အချစ်ရေးကတော့ လက်ရှိမှာ တစ်ယောက်တည်းပါပဲ။ တကယ်ကို တစ်ယောက်တည်းပါ'' ဆိုပြီးတော့ ဝိညာဉ်စိမ်းရုပ်ရှင်အထူးပြသပွဲကို တက်ရောက်လာတဲ့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Hein Wai Yan Fb

 

ဟိန်းဝေယံက သရုပ်ဆောင်ပိုင်းသာမက ဒါရိုက်တာ ပိုင်းမှာလည်း သူရိုက်ကူးချင်တဲ့ ဇာတ်မျိုးဆိုရင် ဒါရိုက်တာ အဖြစ် ရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ မာယာကကြိုး ရုပ်ရှင် ဇာတ်ကား ဟာ သူကိုယ်တိုင် ဇာတ်လမ်း ရေးသားကာ ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာ ဟိန်းဝေယံ၊ ဇေရဲထက်၊ ရတနာဗို၊နဲ့အခြားသော သရုပ်ဆောင် များစွာ ပါဝင်ထားပါတယ်။ အဲဒီဇာတ်ကားမှာ ကာရိုက်တာပီပြင်ဖို့အတွက် ဇေရဲထက်က ထမင်းမစားဘဲ ကြိုးစားခဲ့ရကြောင်း လည်း ပြောပြခဲ့ဖူးပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က