ကျွန်တော်က မိန်းမပဲကြိုက်တာပါ။

ထူးအောင်ဟာ ကောင်မလေးတွေ အများကြီးထားဖို့ ပိုက်ဆံချမ်းသာတဲ့သူဖြစ်အောင် ကြိုးစားမယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် နေတိုး နဲ့ ဓာတ်ပုံတွေ၊ ပိုင်တံခွန်နဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေ Troll ခံနေရတဲ့ အပေါ်မှာလည်း သူ့ရဲ့ အမြင်ကို ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: Bling Bling



ထူးအောင်ကတော့ အချစ်ရေးနဲ့ပတ်သက်လာရင် မိန်းကလေးတွေကိုပဲ သဘောကျသူပါလို့ဆိုပါတယ်။ ပိုက်ဆံတွေ အများကြီးရှာပြီး ကောင်မလေးတွေ အများကြီးထားမယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

“ ကျွန်တော်က မိန်းမပဲကြိုက်တာ၊ ယောကျ်ားတွေ မကြိုက်ဘူး။ ကျွန်တော့်မှာ idol ရှိတယ်၊ ယောကျ်ားလေး တော်တော်များများလည်း သိတယ် Dan bilzerian ဆိုတာပေါ့။ သူက ကျွန်တော့်ရဲ့ idol ပဲ သူ့လို ဖြစ်အောင်လုပ်မှာ။ ပိုက်ဆံတွေအရမ်းချမ်းသာအောင်လုပ်မယ်။ ပြီးရင် သူ့လိုမျိုး စိတ်ထဲမှာရှိတာ အကုန်လုပ်မှာ။ သူဆိုရင် ဘေးနားမှာ အနည်းဆုံး ကောင်မလေး ၆ ယောက်လောက်ရှိတယ်။ အဲဒီကောင်မလေးတွေကလည်း Model တွေချည်းပဲ။ ကျွန်တော်ကတော့အခု ငြိမ်ငြိမ်လေးနဲ့ ဝိပဿနာတရားပဲ အားထုတ်နေပါတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Dan Bilzerian

ထူးအောင် ရဲ့ လှုပ်ရှားမှုတိုင်းကို Troll တဲ့ ပရိသတ်တွေလည်းရှိပါတယ်။ သရုပ်ဆောင်နေတိုးနဲ့အတူ ဘုရားမှာ ဆီမီးပူဇော်ခဲ့တဲ့ ဓာတ်ပုံတွေကိုလည်း ဟာသ စကားလုံးလေးတွေနဲ့အတူ Troll ပုံလေးတွေ တက်လာပါတယ်။ ဒီပုံလေးတွေကို ကြည့်ပြီး ထူးအောင်က သူ့ရဲ့ ခံယူချက်ကို ပြောပြခဲ့ပါတယ်။ 

“ စာရေးတဲ့သူတွေကလည်း တော်တော်ရေးတတ်တယ်။ ကျွန်တော်တို့ဆိုရင် တချို့ပုံတွေမှာ ဘယ်လိုရေးရင်ကောင်းမလဲဆိုတာကို တွေးနေရတယ်။ ပျော်လည်း ပျော်ရပါတယ်။ ဓာတ်ပုံထဲက ပုံတွေကလည်း သတိမထားမိဘူး ကိုယ့်ဘာသာကိုယ် လုပ်စရာရှိတာ လုပ်တယ်။ လေတိုက်လို့ ကာပေးတာ ဒီလောက်ပါပဲ။ ထွေထွေထူးထူးမှ မဟုတ်တာ” လို့ သူကဆိုပါတယ်။

Photo: Wai Min Maung

ထူးအောင်ကို နောက်ထပ် Troll ထားတဲ့ ဓာတ်ပုံတွေကတော့ ပိုင်တံခွန်နဲ့ အတူတွဲရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေပါပဲ။ ဒီပုံတွေကတော့ ထိုင်းနိုင်ငံမှာ ရိုက်ခဲ့တာလို့ သိရပါတယ်။ ပိုင်တံခွန်နဲ့ ထူးအောင်ရဲ့ ဆက်ဆံရေးကိုလည်း ဖွင့်ဟ ပြောပြလာပါသေးတယ်။

“ အဲဒါကလည်း Posh နဲ့ Oppo နဲ့ပေါင်းပြီး ရိုက်တဲ့ဟာလေးပေါ့။ ဘန်ကောက်မှာ ရိုက်တာပါ။ သူတို့ဘက်က အကုန်လုံး စီစဉ်ပြီးသား Style List တွေကအစ။ ကျွန်တော်တို့ လုပ်ရတဲ့ Post တွေဆိုရင် ဘေးက ပြောပေးတဲ့လူတွေရှိပါတယ်။ ဒါပေမယ့် တော်တော်များများ Post က ကျွန်တော်တို့ဘာသာ လုပ်တဲ့ Post တွေပါ။ ပိုင်တံခွန်နဲ့ကလည်း ရှုတင်တွေမှာ မဆုံတာ တော်တော်ကြာပြီ။ ပြန်ဆုံတဲ့ အချိန်မှာတော့ အေးအေးဆေးဆေးပါပဲ” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၃ ရက်နေ့က Santa Clause အလှူလုပ်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Oppo

ထူးအောင်ကိုတော့ Model တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အဆက်မပြတ် ရိုက်ကူးနေရတာကိုလည်းတွေ့ရပါတယ်။ သူဟာ တက်သစ်စ လူငယ်သရုပ်ဆောင်တွေထဲမှာမှ အနုပညာအလုပ်တွေလည်း ပိုလုပ်လာရသူဖြစ်သလို ပရိသတ်အခိုင်အမာ ရရှိနေတဲ့ သရုပ်ဆောင်သစ် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က