စာချုပ်ဖျက်လိုက်ချင်တဲ့ အထိတောင်ပါပဲ။

ဟန်တီဟာ Dancing with the star အကပြိုင်ပွဲ ဝင်ပြိုင်နေချိန်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကို ပြန်လည် ပြောပြခဲ့ပါတယ်။ တစ်ခါတလေမှာ စာချုပ်ဖျက်လိုက်ချင်တဲ့ အချိန်တွေတောင် ရှိတယ်လို့ ဆိုပါတယ်။

Photo: Kaung Album



ဟန်တီကတော့ အခုဆိုရင် Dancing with the star အက ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ အတူတူပြိုင်ပွဲဝင်တဲ့ ပါတနာနဲ့လည်း တစ်ခါတလေမှာ အငြင်းပွားတာလေးတွေ ဖြစ်ခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’တစ်ယောက်နဲ့ တစ်ယောက်မှာလည်း အငြင်းပွားမှုလေးတွေ ဖြစ်သွားသေးတယ်။ ဟန်တီကကျတော့ သူများကို အပြစ်တင်တာထက် ကိုယ့်ကိုယ်ကိုယ်ပဲ ခံလိုက်တယ်။ ဒါပေမယ့် နှစ်ယောက်စလုံး ပြန်ပြီးတော့ စကားအေးအေးဆေးဆေးထိုင်ပြောတယ်။ ဒါကို အစ်ကို ဖြစ်ချင်လား၊ ဒီအရာအတွက် ဘယ်လောက်အထိ ပေးဆပ်ဖို့ စဉ်းစားထားသလဲ၊ ဟန်တီကတော့ ဒီလောက် လုပ်နိုင်တယ်ဆိုတာကို ပြောပြပြီး အခုတော့ Peace ပြန်ဖြစ်သွားပါပြီ’’ လို့လည်း သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Han Thi

ဒီ အကပြိုင်ပွဲကတော့ ဟန်တီ့အတွက် အခက်အခဲတွေရှိတယ်လို့ ဆိုပါတယ်။ ထိခိုက်နာကျင်ရတာတွေလည်း ကြုံခဲ့ရတယ်လို့ ဟန်တီက ပြောပါတယ်။

‘’ အခက်အခဲပေါင်းများစွာပေါ့နော်။ ဘယ်လိုတွေလဲဆိုရင် အချင်းချင်း တက်နင်းကြတာ၊ တစ်တောင်နဲ့ ကစ်ကြတာ၊ ချော်လဲတာ အမျိုးစုံပါပဲ။ ဟန်တီ့ခြေထောက်တွေဆိုရင် အကြောတွေစိမ်းပြီး ရောင်လာတာ။ ဆေးတွေနဲ့ အသားကုန်လိမ်းပြီး ခြေထောက်ကို မကောင်း ကောင်းအောင် အမြန်ပြန်လုပ်။ ဒေါက်ဖိနပ်ပြန်စီးပြီးတော့ အကပြန်ကျင့်ပေါ့နော်။ စိတ်လည်းပင်ပန်းတယ်၊ ကိုယ်လည်း ပင်ပန်းတယ်။ အများကြီး အားစိုက်ပြီးတော့ လုပ်ထားတယ်’’ ဆိုပြီးတော့ နိုဝင်ဘာလ ၂ ရက်နေ့က MDS Fashion ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Han Thi

အကပြိုင်ပွဲပြိုင်နေတဲ့ အချိန်မှာလည်း စိတ်ဓာတ်ကျစရာတွေ အများကြီးရှိခဲ့တယ်လို့ ဟန်တီက ပြောပါတယ်။

‘’ Depression တစ်နာရီလောက်ဝင်သွားတယ်။ လုံးဝမလုပ်ချင်တော့ဘူး ဒါက စာချုပ်တွေနဲ့ လုပ်ရတဲ့ Program ဖြစ်တဲ့အတွက် စာချုပ်တွေ ဖျက်မယ်ပေါ့နော်။ နိုင်ငံခြားထွက်တော့မယ် မဟုတ်ရင် တစ်ခုခုလုပ်လိုက်မယ် ဆိုတဲ့ အထိ ဖြစ်သွားသေးတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်မရပဲနဲ့ ပရိသတ်တွေကို မချပြချင်ဘူး။ လုံးဝ မလုပ်တော့ဘူးဆိုတဲ့ အထိကို ဖြစ်သွားသေးတာပါ’’ လို့ သူကဆိုပါတယ်။ 

Photo: Han Thi

ဟန်တီဟာ ၂၀၁၆ခုနှစ်မှာ အမေရိကန်မှာရှိတဲ့ New York Film Academy မှာ Acting Associates Degree ကို တက်ရောက်သင်ယူခဲ့ပါတယ်။ ကျောင်းတက်ပြီး ပြန်လာပြီးနောက်မှာလည်း Miss Myanmar World 2018 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ထို့နောက် တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။ အဲဒီနောက် တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia Model Festival 2019 ပွဲကြီးမှာလည်း အကဲဖြတ် ဒိုင်တစ်ယောက်အဖြစ်သာမက Asia Star Award ဆုကိုပါ ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က