Asean International Film Festival 2019 ပွဲမှာ Special Jury Awards ဆု ရရှိခဲ့ပါတယ်။

အလင်းရောင်က အာဆီယံနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ရွှေကြာရုပ်ရှင်ဇာတ်ကားနဲ့ Special Jury Awards ဆု ရရှိခဲ့တဲ့ ဒါရိုက်တာ ဝိုင်းအတွက် ဝမ်းသာဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားဟာ သူ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ရတဲ့ ဇာတ်ကားဖြစ်ပါတယ်တဲ့။

Photo: A Linn Yaung



အလင်းရောင်က Asean International Film Festival 2019 ပွဲကြီးမှာ ရွှေကြာရုပ်ရှင်ဇာတ်ကားနဲ့ Special Jury Awards ဆု ရရှိခဲ့တဲ့ ဒါရိုက်တာဝိုင်းအတွက် ဝမ်းသာပျော်ရွှင်လို့နေပါတယ်။ ရွှေကြာအဖွဲ့သားတွေအတွက်လည်း ဂုဏ်ယူမိတယ်လို့ မီဒီယာအင်တာဗျူးတွေကနေတဆင့်ဖြေဆိုခဲ့ပါတယ်။

‘’AIFFA မှာ ကိုဝိုင်းက ဆုရတယ် ဆိုတော့ ကျွန်တော် ဝမ်းသာသွားတယ်။ ကိုယ့်နိုင်ငံက ဇာတ်ကား သွားပြခွင့်ရတာ ပျော်တယ်။ ကျွန်တော် မကြည့်လိုက်ရတာပါ။ ပြီးတော့ ကိုဏကြီးလည်း ဆုရတော့ ပျော်တယ်။ ဘာပဲပြောပြော ကိုယ့်မြန်မာပြည်က လူတွေသွားတယ်၊ ဆုတွေ ရတယ်ဆိုတော့ ဝမ်းလည်း ဝမ်းသာတယ်။ ဂုဏ်လည်း ဂုဏ်ယူတယ်။ ကိုဏကြီးကိုရော၊ ကိုဝိုင်းကိုရော၊ ရွှေကြာအဖွဲ့ကိုရော Congratulations ပါလို့ ပြောချင်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Amazing Grace

Asean International Film Festival 2019 ပွဲကြီးကို ဧပြီလ ၂၇ ရက်နေ့ ညက မလေးရှားနိုင်ငံ ကူချင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဒါရိုက်တာဝိုင်းက Special Jury Awards ဆုကို ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ရရှိခဲ့ပါတယ်။ အဲဒီနောက် ဒါရိုက်တာ ဏကြီးကလည်း မီ ရုပ်ရှင်ဇာတ်ကားနဲ့ Best Director Of Photography ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Photo: Asean International Film Festival 2019

အဲဒီနောက် ရွှေကြာရုပ်ရှင်ဇာတ်ကားဟာ အလင်းရောင်အတွက်တော့ လေ့လာမှုတွေအများကြီး လုပ်ခဲ့ရတဲ့ ဇာတ်ကားဖြစ်တယ်လို့သိရပါတယ်။ သူ့လိုပဲ ဖွေးဖွေးကလည်း အများကြီး လေ့လာခဲ့တယ်လို့ ‘’ဒဏ္ဍာရီ ပင်လယ်’’ ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

‘’ ကျွန်တော်ကိုယ်တိုင်က ရွှေကြာတွေကို မမုန်းပဲနဲ့ နားလည်ပေးရတဲ့ ကာရိုက်တာမျိုးလေ။ ဒီဇာတ်ကားရိုက်တုန်းက မဖွေးဆိုရင်လည်း အတွင်းကျကျကြီးအထိ သူလေ့လာတယ်။ ကျွန်တော့့်အနေနဲ့ကလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်။’’ လို့ သူကဆိုပါတယ်။

Photo: A Linn Yaung

လက်ရှိမှာတော့ အလင်းရောင်က သူ့စိတ်ကူးထဲမှာ ရိုက်ချင်လွန်းတဲ့ကာရိုက်တာ မရှိသေးဘူးလို့ဆိုပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာတော့ သူကိုယ်တိုင် ရင်ထဲက လှိုက်လှိုက်လှဲလှဲ ရိုက်ချင်ခဲ့တဲ့ ဇာတ်ရုပ်တွေ ရိုက်ပြီးခဲ့ပြီလို့ သိရပါတယ်။

 ‘’ လောလောဆယ်တော့ အရမ်းရိုက်ချင်လှပါချည်ရဲ့ ဆိုတဲ့ ကာရိုက်တာမျိုးတော့ မရှိသေးဘူးပေါ့နော်။ အခုကကျတော့ ကျွန်တော် ရိုက်နေရတဲ့ ကာရိုက်တာတွေက ကိုယ်မရိုက်ဖူးသေးတဲ့ ကာရိုက်တာတွေ များတော့ အရမ်း အာသီသကြီးဖြစ်နေတဲ့ ကာရိုက်တာမျိုးတော့ မထွက်လာသေးဘူး’’ လို့ ဆိုပါတယ်။

Photo: Asean International Film Festival 2019

အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ခေါင်းဆောင်မင်း သားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ရာမှ ပရိသတ်တွေအားပေးမှုအများကြီးရရှိလာခဲ့တာပါ။ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်ခဲ့ပြီးနောက် '' ဘယ်ရည်းစားကို အချစ်ဆုံးလဲ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အောင်မြင်မှုတွေ ဆက်လက်ရရှိခဲ့ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Oh..My Crush ဆိုတဲ့ တေးစီးရီး Audio ကိုတော့ ၂၀၁၆ ခုနှစ် ၄ လပိုင်းမှာ ထွက်ရှိခဲ့တာပါ။ ဒီအခွေလေး MTV ထွက်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က