ကိုယ့်အတွက် ရင်ခုန်စရာမရှိပါဘူးတဲ့ ။
Ei Ei Myat

ကျော်ကျော်ဗိုကတော့ အကယ်ဒမီ ပွဲကြီးနီးလာလေ ရင်ခုန်စိတ်လှုပ်ရှားရလေပဲလို့ဆိုပါတယ်။

 

Photo : Kyaw Kyaw Bo

ဒီနှစ်အကယ်ဒမီပေးပွဲမှာ သူ့အတွက် ရင်ခုန်တာထက် သူငယ်ချင်းတွေ အတွက် ရင်ခုန်ရတဲ့ နှစ်တစ်နှစ်ပါလို့ ဆိုပါတယ်။ ကိုယ့်အတွက် စိတ်လှုပ်ရှားရသလို သူငယ်ချင်း ၊မောင်နှမတွေအတွက်လည်း စိတ်လှုပ်ရှားရတယ်လို့ သူက ပြောပါတယ်။

“နှစ်တိုင်းနှစ်တိုင်းရင်ခုန်ရတယ် ကိုယ်တွေရဲ့ အထင်ကရ ပွဲဆိုတော့  ကိုယ့်ကားပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဒီပွဲကြီး နီးလာပြီဆိုတာနဲ့ ရင်ခုန်မှုဆိုတာထက် စိတ်လှုပ်ရှားရတယ်။ ကိုယ့်အတွက် စိတ်လှုပ်ရှားသလို ညီအစ်ကို မောင်နှစ်မတွေအတွက် စိတ်လှုပ်ရှားရတာပေ့ါ။ အပြိုင်အဆိုင်တွေ အရမ်းများတယ်  စိတ်လှုပ်ရှားရတယ်။ သူငယ်ချင်းတွေအတက်ပေ့ါ ဒီကြားထဲမှာလည်း ကြားရတာ အနိမ့်အမြင့်လေးတွေအရမ်းများဟိုလူ့ကြားလိုက် ဒီနှစ်ကတော့ ပြိုင်ဆိုင်မှုတွေက နည်းနည်းလေးပိုပြီး ခပ်စိတ်စိတ်လေး ပိုပြီး လှုပ်ရှားတယ်လို့ မြင်တယ်” ဆိုပြီး အကယ်ဒမီနဲ့ ပတ်သက်ပြီး သူ့ရဲ့ ရင်ခုန်သံကို ပြောပြခဲ့တာပါ။

Photo : Kyaw Kyaw Bo

အကယ်ဒမီပေးပွဲကြီးရွှေ့ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီးတချို့သောပရိသတ်များက အကယ်ဒမီပေးပွဲ ပျက်သွားပြီလို့ ထင်မြင်နေကြတဲ့အပေါ်ကိုလည်း “ ပျက်တာတော့မပျက်ပါဘူး။အားလုံးရွေးချယ်ပြီးချိတ်တောင်ပိတ်ပြီးပြီဆိုတော့ ပျက်စရာမရှိပါဘူး။ အခြေအနေနဲ့အချိန်အခါကြောင့် ရွှေ့ဆိုင်းလိုက်တာပေ့ါ။တစ်ကမ္ဘာလုံးမှာ ကိုယ်တွေထက် အ‌ရေးကြီးတဲ့ ပွဲတော်တွေအထိမ်းအမှတ်ပွဲတွေတောင် ရွှေ့နေကြတာဆိုတော့လေ ကိုယ်တွေ ရွှေ့တာတော့ ဘာမှ ပြဿနာမရှိပါဘူး” လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : Kyaw Kyaw Bo

ကျော်ကျော်ဗိုဟာ နိုင်ငံကျော် ရွှေမန်းဦးတင်မောင်၊ ဝါရင့်သရုပ်ဆောင်ကြီး ဦးညွှန့်ဝင်းတို့ရဲ့ အနုပညာမျိုးဆက်တွေထဲမှာ တစ်ဦး အပါအဝင်ဖြစ်ပါတယ်။ ကျော်ကျော်ဗိုရဲ့ အနုပညာသက်တမ်းကလည်း အနှစ် ၂၀ ကျော်သက်တမ်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ဘက်မှာသာမက ဇာတ်သဘင်ဘက်မှာလည်း အနုပညာလှုပ်ရှားမှုတွေရှိခဲ့ပါသေးတယ်။ သူဟာ မကြာသေးခင်က ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ‘’ မုန်းစွဲ’’ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

 


Author


က္က