ဒီလိုဆိုတော့ သိဒ္ဓိစစ်လေးက ဘာပြောလဲ။

မယ်လိုဒီက ဖေဖေ့ကို ပိုချစ်တတ်တဲ့ သားချောလေး သိဒ္ဓိစစ်ကြောင့် စိတ်မကောင်းဖြစ်လို့နေပါတယ်. မေမေ့ထက် သရုပ်ဆောင် တော်လွန်းတဲ့ သားလေး အကြောင်းကိုလည်း ဆက်လက်ပြောပြလာပါသေးတယ်.

Photo: မယ်လိုဒီ



သရုပ်ဆောင် မယ်လိုဒီရဲ့ သားချောလေး သိဒ္ဓိစစ်က မေမေ့ ထက်စာရင် ဖေဖေ့ကို ပိုချစ်တဲ့သူတစ်ယောက်ပါတဲ့. တစ်ခါတလေ အနားမှာ ရှိတဲ့ မေမေ့ ကိုတောင် အဖက်မလုပ်လို့ စိတ်မကောင်းဖြစ်ရသေးတယ်ဆိုတာကို Duwun Media ကနေ ပြောပြခဲ့ပါတယ်.

''ဒါတွေပြောရင်ဒေါတွေပါတယ်။ မတတ်နိုင်ဘူးလေကိုယ်က မွေးထားပေမယ့် အဖေက ခရီးခဏခဏထွက်လို့နေပါမယ်။ အဖေကို ပိုချစ်တာက အဖေကိုအမြဲတမ်းv-call ခေါ်ခိုင်းတယ်။ သူပြောချင်တဲ့သူတွေရှိတယ်။ မန္တလေးကဆို ကိုမျိုးဇော် တို့ မိသားစု နေပြည်တော်ကသူ့အဘိုးအဘွား ပြီးတော့ သူ့အဖေပေါ့ အဲ့ဒီ့ သူတွေအကုန်လုံးသူ့အနားမှာမရှိဘူးဆိုရင် Video Call ခေါ်ခိုင်းတယ်။အစ်မကခေါ်ပေးရတယ်။ပြီးရင် သူ့ဘာသာသူ စကားပြောနေရော...သူချစ်တဲ့သူတွေပေါ့လေ။အမေကတော့ နောက်ကနေ လိုက်လုပ်ပေးရုံပါပဲ''လို့ သူကဆိုပါတယ်.

Photo: မယ်လိုဒီ

အဲ့ဒီနောက် သားလေး သိဒ္ဓိစစ်ရဲ့ လည်လွန်း.တတ်လွန်းတဲ့ အကြောင်းတွေကို မယ်လိုဒီက ဆက်လက်ပြောပြခဲ့ပါသေးတယ်. မေမေ မယ်လိုဒီထက် သရုပ်ဆောင် တော်တဲ့ သားလေးပါလို့လည်း သူကဆိုပါတယ်.

''ကလေးကအရမ်းDrama ချိုးတယ်။ သူ့ကိုပြောထားတယ်သူက Drama Make Easy အရမ်းဒရာမာများတယ်။ ဗြဲဗြဲဗြဲငိုပြီးတာနဲ့ရယ်တာပဲ။ သူ့အဘိုးအဘွားတွေက မသိဘူး။ကလေးကအရမ်းငိုတယ်ပေါ့နော်။ သိဒ္ဓိစစ်က အရမ်းဒရာမာများတာ''  ဆိုပြီးတော့ Biggest Cerelac Picnic in Town ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်.

Photo: မယ်လိုဒီ

အဲ့ဒီနောက် မယ်လိုဒီ တစ်ယောက် ဒုတိယမြောက် ရင်သွေးလေး ယူဖြစ်. မယူဖြစ် ဆိုတာကိုလည်း ဆက်လက်ပြောပြလာပါတယ်. သားလေး သိဒ္ဓိစစ်ကတော့ အရင်က ညီမလေး လိုချင်တယ် လို့ ပြောခဲ့ဖူးတယ်လို့ ဆိုပါတယ်.

''မေ့မေ့ဗိုက်ထဲမှာလို့Baby လေးရှိတယ်လို့ သားညီလေးယူမလား၊ ညီမလေးယူမလားဆိုပြီး ပြောတော့စစတုန်းကတော့ ညီမလေးယူမယ်ဘာညာအခုကျတော့ မယူတော့ဘူး။ သူအခုတော့ မတက်ကြွတော့ဘူး။ အရင်တုန်းကတော့ မေးသေးတယ်။ အခုကျတော့ဘာမှမပြောတော့ဘူး.။ကိုယ်လည်းမွေးဖို့စိတ်ကူးမရှိတော့ဘူး'' လို့ ပြောပါတယ်.

Photo: Amazing Grace

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာ မျက်နှာပေါ်မှာ မကြာ ခဏ ဆိုသလို တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်ကို မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူး နေပြီဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က