လိုချင်နေတဲ့ သမီးလေး ရပြီလို့ ဆိုပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ သမီးတစ်ယောက်ရဲ့ မိခင် ဖြစ်ခွင့်ရတော့မယ့်အပေါ် ရင်ထဲက ပီတိစကားတွေ ပြောပြလာပါတယ်။ 

Photo: Nan Myat Phyo Thin



နန်းမြတ်ဖြိုးသင်းကတော့ လက်ရှိမှာ ဒုတိယမြောက် ကိုယ်ဝန်ကို လွယ်ထားရပြီဖြစ်ပါတယ်။ သမီးလေး တစ်ယောက်ပိုင်ဆိုင်ချင်တဲ့ သူမရဲ့ ဆန္ဒပြည့်မြောက်သွားပြီလို့လည်း Duwun ကနေ ဖုန်းမြင့် ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေဆိုခဲ့ပါတယ်။ 

“ နန်းမြတ်ရဲ့ ဒုတိယမြောက် ရင်သွေးလေးက မိန်းကလေးလို့ သိရတော့ အရမ်းပျော်သွားတယ်။ မိသားစု ဘဝလေး ပြီးပြည့်စုံသွားပြီလို့လည်း ခံစားရတယ်။ သားလေး တစ်ယောက်၊ သမီးလေး တစ်ယောက်ပေါ့ ပျော်တာထက်ကို ပိုပါတယ်။ ကိုယ်က သားလေးရထားပြီးသားဆိုတော့ သမီးလေး လိုချင်တာပေါ့နော်။ ဘယ်လောက်ပဲ လိုချင်တယ်ပြောပြော ကံတရားကပေးတဲ့အတိုင်းပါပဲ။ ဘာလေးပဲ ဖြစ်ဖြစ် ချစ်မယ်၊ ဒါပေမယ့် သမီးလေး ရရင်တော့ ကောင်းမှာပဲလို့တွေးထားတာ အခု ကိုယ်လိုချင်တဲ့ အတိုင်းဖြစ်လာတော့ ပိုပျော်ပါတယ်။ အခုဆို ကိုယ်ဝန်က (၁၃)ပတ်ကျော် ရှိပြီ။ သမီးလေးကို ဖေဖော်ဝါရီလလောက် မွေးဖို့ရက်ပေးထားတယ်” လို့ ဆိုပါတယ်။ 

Photo: Nan Myat Phyo Thin

နန်းမြတ်ရဲ့ ဒုတိယရင်သွေးလေးအဖြေအတွက် ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးနဲ့ အတူ လွှမ်းပိုင်၊ Bobby Soxer ၊ ကျော်ထွဋ်ဆွေ၊ နန်းသူဇာ၊ ဘန်နီဖြိုး နဲ့ ဒါရိုက်တာ ဝင်းလွင်ထက်တို့ ဇနီးမောင်နှံက သြဂုတ်လ(၂၄) ရက်နေ့ ညက Surprise လုပ်ခဲ့ကြပါတယ်။ နန်းသူဇာကိုယ်တိုင်ကလည်း သမီးလေးမှန်း မြန်မြန်သိရလို့ အရမ်းပျော်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

“နန်းမြတ်က သွေးကနေတဆင့် သားလေးလား၊ သမီးလေးလားစစ်တာပါ။ သွေးကို ဟောင်ကောင်ကို ပို့ပြီးတော့ စစ်တယ်၊ တစ်ပတ်လောက်နေမှ အဖြေသိရတာ။ သူတို့က Email ကနေ အဖြေပို့ပေးတာဆိုတော့ နန်းသူဇာက သူ့ Email ကို ပေး ပေးပါဆိုတော့ နန်းသူဇာဆီကို အဖြေရောက်တာပေါ့နော်။ အဲဒီအတွက် Surprise လုပ်ပေးကြတာပေါ့။ သမီးလေးရလာလို့ ခံစားချက်လေးပြောင်းသွားတာမျိုးတော့ မရှိဘူး။ ရင်သွေးလေး အသစ်တစ်ယောက် တိုးလာတော့မယ်ဆိုတော့ လိုအပ်တာတွေ ပြင်ဆင်ရမယ်လို့တော့ တွေးမိတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Nan Myat Phyo Thin

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း (Nann Myat Phyo Thin) ဟာ သားလေး jack jack ကို မွေးဖွားပြီးတဲ့နောက် အနုပညာအလုပ်တွေကို ခဏတာ ရပ်နားထားတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမရဲ့ သားလေးဟာ အသက် (၁) နှစ်ပြည့်ပြီးဖြစ်ပါတယ်။ သားလေးရဲ့ နာမည်အရင်းကိုတော့ ခွန်ဘုန်းသုဒ္ဓ လို့ နာမည်ပေးထားပါတယ်။ နန်းမြတ်ဖြိုးသင်းက ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ(၂၆) ရက်နေ့က လပ်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သားဦးလေးကို ၂၀၁၉ခုနှစ်၊ ဧပြီလ(၁၂) ရက်နေ့က ဂရန်းဟန်သာ ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူမကိုတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် " ဖေ့စ်ဘွတ်ဘုရင်မ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် TV ကြော်ငြာတွေလည်း များစွာရိုက်ကူးခဲ့ရသူဖြစ်ပြီး ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့ မင်းသမီးချောလေး တစ်ယောက်ပါ။ ဂီတကိုလည်း ဝါသနာပါသူဖြစ်တာကြောင့် သူငယ်ချင်းဖြစ်တဲ့ နန်းသူဇာနဲ့ အတူ "Friend" ဆိုတဲ့ အခွေ တစ်ခွေ ထွက်ရှိထားတာလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က