ဈေးရောင်းရတာ ပျော်စရာကြီး

Duwun Food Carnival ပွဲကြီးမှာတော့ အဆိုတော် တင်ဇာမော်၊ ကြက်ဖ ၊ DJ Wyne ၊ သရုပ်ဆောင် မြတ်သူအောင်၊ သူရထူး နဲ့ မေနန္ဒတို့က Cele ဈေးတန်းမှာ အစားအသောက်တွေ ရောင်းချပေးနေတာဖြစ်ပါတယ်။ ပျော်စရာဂိမ်းအစီအစဉ်တွေနဲ့ နာမည်ကျော ်အဆိုတော်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေလည်း ပါဝင်လျှက်ရှိပါတယ်။

တတိယအကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ Duwun Food Carnival 2019 ပွဲကြီးကို မတ်လ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့တို့မှာ ပြည်သူ့ရင်ပြင်(ကွင်းအမှတ် ၂) မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီမှာတော့ နာမည်ကျော် အနုပညာရှင်တွေကိုယ်တိုင် အစားအသောက်တွေ ရောင်းချမယ့် Cele ဈေးတန်း ဆိုတာလည်း ပါဝင်ပါတယ်။

နာမည်ကျော်အဆိုတော် တစ်ဦးဖြစ်တဲ့ ကြက်ဖ ကတော့ Duwun Food Carnival ပွဲတော်ကြီးရဲ့ Cele ဈေးတန်းမှာ အာလူးကြော်တွေ၊ ချောကလက်တွေနဲ့ အသင့်စား ထမင်းဗူးတွေ ရောင်းချနေတာ တွေ့ရပါတယ်။



‘’ ဒီနေ့ ၃၀ ရက်နေ့ရယ်၊ မနက်ဖြန် ၃၁ ရက်နေ့ရယ် ကျွန်တော် ဒီဆိုင်မှာရှိပါတယ်။ လာအားပေးကြပါ။ မြည်းကြည့်လို့လည်း ရတယ်။ Duwun Food Carnival ကို ဒီနှစ်မှ လာတာ။ အရင် ၂ နှစ်တုန်းက ကျွန်တော် လွတ်သွားတယ်။ ဘာကြောင့် လွတ်သွားတယ်လို့ ပြောလဲ ဆိုတော့ အမြည်းတွေ အကုန်လိုက်စားနေလို့ရတယ်’’ လို့ ရယ်ရယ်မောမောနဲ့ ပြောပြထားပါတယ်။


လူငယ်ပရိသတ်များစွာတို့ရဲ့ အားပေးခြင်းကို ခံထားရတဲ့ DJ Wyne ကလည်း သူကိုယ်တို င်ချက်ထားတဲ့ ဒန်ပေါက်ကို Duwun Food Carnival ရဲ့ Cele ဈေးတန်းမှာ ရောင်းချနေတာကို တွေ့ရပါတယ်။ ဒီ ဒန်ပေါက်ကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ ဒန်ပေါက် လက်ရာကောင်းတစ်ခုဖြစ်ပါတယ်။

‘’ ကျွန်တော့် သူငယ်ချင်း သန့်ဇင်က ကျွန်တော်ချက်တဲ့ ဒန်ပေါက်ကို စားဖူးတယ်ဆိုတော့ Duwun Food Carnival မှာ လာရောင်းပေးပါဆိုလို့ ပထမဆုံး လာရောင်းဖြစ်တယ်။ ဒါက ပထမနေ့ဆိုတော့ လိုအပ်တာများရှိရင် ခွင့်လွှတ်ပါ။ နောက်နေ့တွေ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ့မယ်။


ဒီနေ့ မတ်လ ၃၀ ရက်နေ့မှာတော့ သရုပ်ဆောင် သူရထူး ကလည်း Cele ဈေးတန်းမှာ ရွှေရင်အေး ကို ကိုယ်တိုင်ပြုလုပ်ပြီး ရောင်းချနေတာ တွေ့ရပါတယ်။ သူ့ကိုတော့ ပရိသတ်တွေက ‘’ Hospital Diary’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ နဲ့ ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။

‘’ ကျွန်တော်ရော၊ တခြားအနုပညာရှင်တွေရော၊ တခြား မုန့်ဆိုင်တွေရော အများကြီးရှိနေပါမယ်။ ပြည်သူပြည်သားတွေ လာပြီးတော့ အပန်းဖြေလို့ရတယ်။ စတိတ်ရှိုး ဆိုရင်လည်း နိုင်ငံကျော်တေးသံရှင်တွေ လာပြီးတော့ ဖျော်ဖြေမှာပါ။ ကျွန်တော်လည်း ရွှေရင်အေးရောင်းနေပါတယ် ‘’စူပါပြုံး’’ ရွှေရင်အေးဆိုင်ပါ’’ လို့ သူကဆိုပါတယ်။


အဲဒီနောက် Tik Tok Queen လို့ လူသိများလှတဲ့ မေနန္ဒကလည်း Cele ဈေးတန်းမှာ ပုဇွန်ချိစ်ကင် နဲ့ အုန်းမွှေးလုံး တို့ကို ရောင်းချပေးနေတာဖြစ်ပါတယ်။ သူမကိုတော့ Tik Tok ဗီဒီယိုလေးတွေကနေ ပရိသတ် အားပေးခဲ့တာကြောင့် Tik Tok Queen လို့ အမည်ပေးထားတာဖြစ်ပါတယ်။

‘’ Duwun Food Carnival 2019 ပွဲမှာ ဆိုင်ခန်းတွေ အများကြီးပဲ။ ပျော်စရာလည်းကောင်းပါတယ်။ စားချင်တာတွေလည်း အများကြီး စားလို့ရတယ်ပေါ့နော်။ လာခဲ့ရင် မမှားဘူးနော်။ လာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်’’ လို့ ပြုံးပြုံးရွှင်ရွှင်နဲ့ ဖိတ်ခေါ်စကားဆိုခဲ့ပါတယ်။

Duwun Food Carnival 2019 ပွဲကြီးမှာတော့ ဆယ်လီဈေးတန်း မှာ အစားတွေလည်းစား အနုပညာရှင်တွေနဲ့လည်း အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်လို့ရတယ်နော်။ အစားအသောက်များစွာတို့ကို ရောင်းချတဲ့ ပွဲကြီးဖြစ်လို့ စိတ်ကြိုက်ရွေးချယ် သုံးဆောင်လို့ရပါတယ်။ အဲဒီနောက် အရုပ်ကောက်စက်လိုပဲ မုန့်ကောက်ဖို့ အတွက် ပျော်စရာ ဂိမ်းအစီအစဉ်တွေလည်း ပါဝင်ပါတယ်။ ညဘက်မှာဆိုရင်တော့ ဖျော်ဖြေရေးအစီအစဉ်အနေနဲ့ Team 143 ၊ Project K ၊ Oak Soe Khant ၊ အေသင်ချိုဆွေ၊ ကောင်းကောင်း၊ ကျော်ဇင်မင်း၊ ကေကေမိုး၊ Key Lashi နဲ့ Definite အကအဖွဲ့ တို့ကလည်း သီချင်းတွေ သီဆိုဖျော်ဖြေသွားမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က