မိဘနှစ်ပါးအတွက် သူ့ရဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။

နွေးနွေးချစ်ဖွယ်ကတော့ ဖခင်ဖြစ်သူနဲ့ အတူတူ မနေရပေမယ့် အဝေးကနေ ဂရုစိုက်ပေးဖြစ်နေတဲ့ အကြောင်း ပြောပြလာပါတယ်။ 

Photo: Nway Nway Chit Phwel



အဆိုတော် နွေးနွေးချစ်ဖွယ်ကတော့ လူရွှင်တော် မြို့တော် ချစ်ဖွယ်ရဲ့ သမီး ဖြစ်ပါတယ်။ သူမဟာ ကျန်းမာရေး ချူချာတတ်တဲ့ ဖခင်ဖြစ်တာကြောင့် Covid ကာလမှာ အရမ်း ဂရုစိုက်နေရတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ ဖေဖေ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း သမီးတစ်ယောက်အနေနဲ့ ကိုယ်က အဝေးမှာဆိုတော့ စိတ်ပူတာပေါ့။ နွေးမှာလည်း အပူတွေရှိပေမယ့် ဖေဖေ ကျန်းမာရေး မကောင်းတော့ ချက်ချင်း ဆရာဝန်ခေါ်ပြီး ဆေးထိုးရတယ်။ လောလောဆယ် ဖေဖေ က ဆေးတွေတော့ ပုံမှန်သောက်နေတယ်။ သူက အသက်(၆၀) နားလည်း နီးလာပြီ။ ခန္ဓာကိုယ်ရဲ့ အားက နည်းလာပြီလေ။ ဒါပေမယ့် ဖေဖေ က ကျန်းမာရေးလိုက်စားတဲ့သူ မို့လို့ တော်သေးတယ်” လို့ သူကဆိုပါတယ်။ 

Photo: Nway Nway Chit Phwel

နွေးနွေးချစ်ဖွယ်ဟာ လက်ရှိမှာ မိခင်နဲ့ အတူတူ နေထိုင်တာလို့ သိရပါတယ်။ အပြင်ထွက်လို့ မရတာကြောင့် အိမ်မှာနေတဲ့ အချိန်တိုင်း မိခင်ကို ပျော်အောင် ထားတယ်လို့လည်း သူက ဆိုပါတယ်။ 

“ အိမ်မှာက နွေးရယ် မေမေရယ် နှစ်ယောက်တည်းရှိတာဆိုတော့ ပျော်အောင်နေကြတယ်။ အားတဲ့ အချိန်တွေဆိုရင် အမေ့ကို လိုက်စ တယ်၊ အမေကလည်း သူ အားပြီဆို ကိုယ့်ကို လိုက်စတယ်။ ဒီလိုလေးပဲ နေဖြစ်တယ်။ မေမေ နဲ့ နွေးက သူငယ်ချင်းလို ပုံစံမျိုးနေတာပါ။ မိဘတစ်ယောက်ကို မရိုမသေလုပ်တာ မဟုတ်ဘူး။ ပျော်စရာကောင်းတဲ့ နေရာတွေက သွားလို့ မရသေးတဲ့ အချိန်ဆိုတော့ အခုချိန်မှာ မေကြီးကို ပျော်အောင် ထားရတာပေါ့” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Nway Nway Chit Phwel

နွေးနွေးချစ်ဖွယ်ကိုတော့ ၂၀၀၀ ခုနှစ်ကာလ က ထွက်ရှိခဲ့တဲ့ စုံတွဲ သီချင်းအခွေတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲဒီနောက် နာမည်ကျော်လူရွှင်တော် တစ်ဦးဖြစ်တဲ့ မြို့တော် ချစ်ဖွယ်ရဲ့ သမီးဖြစ်တယ်လို့ သိလိုက်ရချိန်မှာ ပရိသတ်တွေ ပိုအားပေးလာကြတာ တွေ့ရပါတယ်။ အချစ်သီချင်းတော်တော်များများကိုလည်း သီဆိုခဲ့ထားတာ တွေ့ရပါတယ်။ သူမရဲ့ ဂီတ သက်တမ်းကတော့ ၁၀ စုနှစ်အကြာရှိပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က