ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွက် ရောင်းအားအကောင်းဆုံး စတူဒီယိုတေးသံရှင်ဆုကို ဂျူဝယ်လ် ကရရှိခဲ့ပါတယ်။ သူ့ကို ချစ်တဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ 

နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေကြ အစီအစဉ်တစ်ခုဖြစ်တဲ့ City FM ဂီတဖျော်ဖြေပွဲကြီးကိုတော့ ဒီနေ့(ဖေဖော်ဝါရီလ ၁ရက်)မှာလည်း MCC မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီဆုပေးပွဲမှာ ၂၀၁၉ ခုနှစ်အတွက် ရောင်းအားအကောင်းဆုံး စတူဒီယိုတေးသံရှင် ဆုကိုတော့ အဆိုတော် ဂျူဝယ်လ်က ရရှိခဲ့ပါတယ်။ 



“ ဒီဆုကို ရရှိခဲ့တာ အရမ်းဝမ်းသာပီတိဖြစ်ရပါတယ်။ သီချင်းကိုရေးစပ်ပေးတဲ့ တေးရေးဆရာတွေရော၊ တီးခတ်ပေးတဲ့ Band တွေကိုရော ကျေးဇူးတင်ပါတယ်။ အခွေကို ဝယ်ယူပေးကြတဲ့ ပြည်တွင်းပြည်ပက ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ဆုချီးမြှင့်ပေးတဲ့ ဦးညီထွဋ်ကိုကျေးဇူးတင်ပါတယ်။


ဂျူဝယ်လ်ကိုတော့ ပရိသတ်တွေက Cover Song တွေ သီဆိုလေ့ရှိတဲ့ အဆိုတော်တစ်ယောက်အဖြစ် စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူဟာ ကိုယ်ပိုင်သီချင်းတွေ သီဆိုတဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့လာပါပြီ။ လက်ရှိမှာ ဂီတဖျော်ဖြေရေးတွေအဖြစ် ပြည်တွင်း၊ ပြည်ပ သီဆိုဖျော်ဖြေနေတာ တွေ့ရပါတယ်။

အခုဆိုရင်တော့ City FM ဟာ18 နှစ်တိုင်တိုင် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုတော် ကောင်းတွေလည်း မွေးထုတ်ပေးခဲ့တာဖြစ်သလို၊ အဆိုတော် အသစ်တွေအတွက်လည်း အခွင့်အရေးတွေ အများကြီးရခဲ့တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ City FM ဆုပေးပွဲကိုတော့ ရန်ကုန်မြို့ မင်းဓမ္မလမ်းပေါ်မှာရှိတဲ့ MCC ခန်းမမှာ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာတော့ ဇော်ဝင်းထွဋ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးပြည့်စုံ၊ ဂျူဝယ်လ်၊ Project K ၊ ဖိုးသောကြာနဲ့ အားမန်တို့က တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ဒီ ဆုပေးပွဲဟာ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေ စောင့်မျှော်အားပေးရတဲ့ ပွဲကြီးတစ်ပွဲ ဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ



က္က