သီတင်းကျွတ်နဲ့ အမြဲတိုက်ဆိုင်တယ်။

ရွှေအိမ်စည်ကတော့ အောက်တိုဘာလ မွေးဖွားသူလေးဖြစ်လို့ မကြာခင်ကျရောက်တော့မယ့် သူမရဲ့ မွေးနေ့ အစီအစဉ်ကို ပြောပြလာပါတယ်။ ဒီနှစ်မှာတော့ မိခင်ဖြစ်သူနဲ့ အတူတူရှိနေမယ်လို့ဆိုပါတယ်။

ရွှေအိမ်စည်ကတော့ အောက်တိုဘာလ ၂၅ ရက်နေ့ဆိုရင် သူ့ရဲ့ မွေးနေ့ကျရောက်တော့မှာဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ အစီအစဉ်လေးတွေကိုလည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။



‘’မွေးနေ့မှာတော့ ပွဲလုပ်ဖို့ရှိတယ်။ ၂၄ ရက်နေ့မှာတော့ အိမ်စည် ဆီမီးတွေထွန်းမယ် အဲဒါကိုတော့ Fan တွေရယ်၊ ပရိသတ်တွေရယ် စုစုစည်းစည်းလေးနဲ့ အိမ်စည်လုပ်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ အိမ်စည့်မွေးနေ့မှာ ဘုရားတက်တာတွေ သိပ်မရှိတော့ အဲဒါလေးလုပ်ချင်တယ်။ ၂၅ ရက်နေ့ကျရင်တော့ သူငယ်ချင်းတွေနဲ့ မွေးနေ့ပွဲလေး အတူတူလုပ်မယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၅ ရက်နေ့က ပတ္တမြား FM ၁၀ နှစ်ပြည့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

အောက်တိုဘာလ မွေးဖွာသူ တစ်ယောက်ရဲ့ အားသာချက်ကိုလည်း ရွှေအိမ်စည်က ပြောပြလာပါတယ်။

‘’ ကိုယ်မွေးတဲ့လ ဆိုတော့ အကုန်အကောင်းကြီးပဲလေ။ ကိုယ်မွေးတဲ့လက အကုန်ကောင်းတယ်ဆိုတာချည်းပဲ ပြောကြတော့ အိမ်စည်ကလည်း အောက်တိုဘာလ မွေးနေ့ရှင်ဆိုတော့ အကုန်ကောင်းတယ်ပေါ့။ မကောင်းတာကို မရှိဘူး။ ကိုယ်နဲ့ လတူလို့ရှိရင် ချီးမြှောက်နေတာ’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

ရွှေအိမ်စည်က သူမရဲ့ မွေးနေ့ဟာ သီတင်းကျွတ်လ ဖြစ်တဲ့အပေါ် ခံစားချက်ကိုလည်း ပြောပြလာပါတယ်။ ဒီနှစ်မှာတော့ မိသားစု အတူတူ ဖြတ်သန်းရတော့မယ်လို့ ဆိုပါတယ်။

‘’ အိမ်စည့်မွေးနေ့က သီတင်းကျွတ်ပဲဆိုတော့ ကိုယ့်မွေးနေ့နဲ့ အလုုပ်များနေတာတွေလည်းရှိတယ်။ ပြီးတော့ အမေ ပြန်ရောက်လာပြီဆိုတော့ Family နဲ့ အချိန်ကုန်မယ်ပေါ့။ အမေ့ကိုတော့ ကန်တော့ရမှာပေါ့။ အိမ်စည်တို့ မိသားစုက ဒါလုပ်ရမယ်ဆိုပြီးတော့ မသတ်မှတ်ထားပါဘူူး’’ လို့ သူကဆိုပါတယ်။

ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲကြီးမှာလည်း မြန်မာနိုင်ငံက ပရိသတ်တွေရဲ့အားပေးမှု သူမရဲ့ ကြိုးစားမှုတွေကြောင့် အခြားသော အလှမယ်တွေကြားထဲမှာ မျက်နှာပွင့်လန်းခဲ့ပါတယ်။ သူမက အခုလက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ အဲဒီနောက် တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရတာကိုတွေ့ရပါတယ်။ ရွှေအိမ်စည်က အခုဆိုရင်တော့ အနုပညာနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ဘက်ကို တစိုက်မတ်မတ် ဆောင်ရွက်လုပ်ကိုင်နေတာ တွေ့ရပါတယ်။



Share

Loading Next Article...
က္က