ရွှေထူး၊ ထက်ယံ၊ X-Box နဲ့ Lil'z တို့ ပါဝင်မှာပါ။

4 Reunion Show ပွဲကြီးကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် ကြိုတင်လက်မှတ်တွေ ရောင်းနေပြီလို့ သိရပါတယ်။ 4 Reunion Show မှာ X-Box ၊ Shwe Htoo ၊ Lil’z နဲ့ထက်ယံတို့ ပါဝင်သွားမှာဖြစ်ပါတယ်။ 

Photo: Four

လူငယ်ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ 4 Four အဖွဲ့ သားတွေရဲ့ 4 Reunion ပွဲကို မကြာခင် ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီပွဲအတွက် ကိုလုပ်ရတဲ့ ရည်ရွယ်ချက်ကိုတော့ X-Box က ပြောပြခဲ့ပါတယ်။

‘’ ဒီပွဲကတော့ ကျွန်တော်တို့ ၄ ယောက်ပေါင်းပြီးတော့ 4 Album ဆိုတဲ့ အခွေ ထွက်ခဲ့ဖူးတယ်ဆိုတာကို နောက်ပိုင်းကလေးတွေ မသိကြတော့ဘူး။ မဆုံတာကြာလို့ဆိုပြီးတော့ ပရိသတ်ကို ပြန်နွှေးတဲ့ပုံစံပါပဲ။ အောက်တိုဘာ ၁၃ ရက်နေ့မှာ ကျင်းပမယ့် 4 Reunion ပွဲကို ပရိသတ်တွေ အားလုံး လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Four

အဲဒီနောက် 4 Reunion ရှိုးပွဲအတွက် လက်မှတ်ဈေးနှုန်းတွေကိုလည်း X-Box က ဆက်လက်ပြောပြခဲ့ပြန်ပါသေးတယ်။ ပွဲကျင်းပမယ့် နေရာကတော့ Rose Garden Hotel မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

‘’ ကြိုတင်လက်မှတ်တွေ ဝယ်ယူလို့ရမယ့် နေရာတွေကတော့ O.M.G ရှိမယ်၊ Run Yangon ၊ Genius ရှိမယ်၊ Captial A ရှိမယ်၊ Sprit စတဲ့အရောင်းဆိုင်တွေမှာ ကြိုတင်လက်မှတ်တွေ ချထားပါတယ်။ လက်မှတ် တစ်စောင်ကို တစ်သောင်းခွဲဖြစ်ပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၈ ရက်နေ့မနက်ပိုင်းက 4 Reunion Show ပွဲအတွက် စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Four

အောင်မြင်တဲ့ လူငယ်အဆိုတော် ၄ ယောက်ပါဝင်တဲ့ 4Four အဖွဲ့ကတော့ ထက်ယံ ၊ X-Box ၊ Lil-z နဲ့ ရွှေထူး တို့ ပါဝင်တာဖြစ်ပါတယ်။ သူတို့ဟာ ၂၀၁၄ ခုနှစ်တုန်းက 4Four Album ဆိုပြီးတော့ အခွေထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီ အဆိုတော် ၄ ယောက်စလုံးကလည်း မိန်းကလေး ပရိသတ်တွေသာမက ယောကျ်ားလေး ပရိသတ်တွေလည်း အားပေးကြတဲ့ အဆိုတော်တွေဖြစ်ပါတယ်။

 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က