''မိုးကောင်းကင် ခရီး'' လို့ အမည်ပေးထားပါတယ်။
Sabal Thwin

Lဆိုင်းဇီ ကတော့ ‘’မိုးကောင်းကင်ခရီး’’ ဆိုတဲ့ အခွေသစ်လေးနဲ့ အတူ ပရိသတ်ရင်ထဲကို ရောက်လာတော့မှာဖြစ်ပါတယ်။ ဒီအခွေသစ်လေးအတွက် သူမရဲ့ ကြိုးစားမှုတွေကို အခုလို ပြောပြလာပါတယ်။

အဆိုတော် Lဆိုင်းဇီရဲ့ ‘’မိုးကောင်ကင် ခရီး’’ ဆိုတဲ့ တေးစီးရီးအခွေအသစ်မိတ်ဆက်ပွဲကို စက်တင်ဘာလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက sky Bistro မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကိုတော့ အဒေါ်ဖြစ်သူ Lခွန်းရီ နဲ့ အစ်မဖြစ်သူ ရေဗက္ကာဝင်းတို့က တက်ရောက်ခဲ့ကြပါတယ်။

‘’ ကျွန်မ ၂၀၀၅ ခုနှစ်မှာ စပြီး အဆိုတော်ဖြစ်ပြီးတော့ ဆရာကိုအောင်နိုင်ဆန်းက နင့် အဒေါ်ရဲ့ သီချင်းတွေဆိုပါလားလို့ တိုက်တွန်းတယ်။ ကိုယ့်အဒေါ်သီချင်းတွေ ထုတ်ဖော်ဆိုပါလားလို့ ပြောခဲ့တယ်။ ၂၀၁၃ ခုနှစ်တုန်းကလည်း ခရီးတွေသွားတာနဲ့ တစ်ကိုယ်တော် အခွေလုပ်တာနဲ့ သီချင်း မလုပ်ဖြစ်ဘူး။ အန်တီ့ သီချင်းတွေကိုတော့ အကောင်အထည်ဖော်ချင်ခဲ့တာ ကြာခဲ့ပါပြီ။ အန်တီ့ကို ခွင့်ပြုချက်တောင်းပြီးတော့ လုပ် သမီး လုပ်လို့ရတယ်၊ အန်တီ ခွန်းရီသီချင်းတွေက အောင်မြင်တဲ့ သီချင်းတွေများတယ်၊ ရာနဲ့ ချီ ရှိတယ် ။ အဲဒီအထဲတွေမှာမှ ကျွန်မ အရမ်းကြိုက်လွန်းအားကြီးတဲ့ သီချင်းတွေကို ၁ ၊ ၂ ဆိုပြီးတော့ ခွဲထွက်ပါမယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် ‘’မိုးကောင်းကင် ခရီး ၁’’ အခွေထဲမှာပါဝင်မယ့် သီချင်းတွေကိုလည်း မိတ်ဆက်ပေးခဲ့ပါသေးတယ်။ ဒီအခွေကို လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်ကတည်းက စီစဉ်ခဲ့တာလို့လည်း သိရပါတယ်။

‘’ မိုးကောင်းကင် ခရီး ၁ မှာတော့ မှားလားဆိုတဲ့ သီချင်းပါမယ်၊ ချစ်တမျှ ဆိုတဲ့ သီချင်းတွေပါမယ်။ ပြီးတော့ စုစုပေါင်း ၁၁ ပုဒ်တော့ပါမယ်။ အန်တီခွန်းရီ ရေးထားတဲ့ သီချင်းတွေလည်းပါမယ်။ ဒီအခွေကို ၂၀၁၆ လောက်ကတည်းက အစ်မ စီစဉ်တာ။ ၂၀၁၇ မှာ တီးတယ်၊ ဆိုတယ်။ ၂၀၁၈ လောက်မှာ ထွက်လို့ရခဲ့တယ်။ ဒါပေမယ့် CD & DVD တစ်ခါတည်း ထွက်လိုက်ချင်တာဆိုတော့ ၂၀၁၉ အောက်တိုဘာ ၅ ရက်နေ့မှာ ထွက်မယ်’’ လို့လည်း စက်တင်ဘာလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက မိုးကောင်းကင် ခရီး စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Lဆိုင်းဇီရဲ့ ၄ ခွေမြောက် တေးသီချင်းအခွေ အသစ်ဖြစ်တဲ့ ‘’မိုးကောင်းကင် ခရီး ၁’’ အခွေကို အောက်တိုဘာလ ၅ ရက်နေ့ကစပြီး ပရိသတ်လက်ထဲကို အရောက်ပို့ဆောင်ပေးတော့မှာဖြစ်ပါတယ်။ ဒီသီချင်း အခွေထဲမှာတော့ အဒေါ်ဖြစ်သူ Lခွန်းရီရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းပေါင်းများစွာကို Lဆိုင်းဇီရဲ့ ကိုယ်ပိုင်ဟန်တွေ အဖြစ် ပြောင်းလဲ သီဆိုထားတယ်လို့လည်း သိရပါတယ်။

Lဆိုင်းဇီရဲ့ ဂီတသက်တမ်းကတော့ ၁၀ နှစ်ကျော် ၁၅ နှစ်လောက်ရှိပါပြီ။ သူ့ကိုတော့ ပရိသတ်တွေက ၂၀၀၄ ခုနှစ်လောက် သီချင်းလေးဖြစ်တဲ့ ‘’မိုးရာသီထဲ’’ဆိုတဲ့ သီချင်းလေးနဲ့ စတင်သိရှိလာခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အချစ်သီချင်းလေးတွေနဲ့ အောင်မြင်သူဖြစ်တာကြောင့် တစ်ကိုယ်တော်အခွေတွေဖြစ်တဲ့ အစွဲအလမ်းကြီးသူ၊ ဝေခွဲမရပါလား စတာတွေလည်း ထွက်ရှိပြီးသားဖြစ်ပါတယ်။ သူပါဝင်သီဆိုခဲ့တဲ့ အတွဲ သီချင်းတွေကလည်း အောင်မြင်မှုတွေ ရရှိခဲ့တာတွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က