မိသားစုအကုန်လုံး ဘုရားတရား လုပ်ကြတယ်။
Ei Ei Myat

သဇင်ထူးမြင့်ကတော့ အချိန်ခဏလေးတွင်း ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိလာတာဟာ ဘုရားတရားကျေးဇူးကြောင့်ပါလို့ ဆိုပါတယ်။

 

Photo : သဇင်ထူးမြင့်

ပရိသတ်တွေရဲ့ အချစ်တော် သဇင်ထူးမြင့်က အဖေ့ရဲ့ လမ်းညွှန်မှုတွေကြောင့် ဘုရားတရားပိုလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူ ခင်လှိုင်ကိုယ်တိုင်က ဘာသာရေး အရမ်းလုပ်တာကြောင့် တစ်မိသားစုလုံး ဘာသာရေးကို ပိုပြီး လိုက်စားဖြစ်တာလို့ သူက ပြောပါတယ်။

“အခုလိုမျိုး အောင်မြင်တယ်ဆိုတာကလည်း ဘုရားတရားကြောင့် ဖြစ်မယ်ထင်တယ်။ ဘုရားတရားအရမ်းလုပ်ကြတယ် ။ဖေဖေတို့ကလည်း လမ်းညွှန်ပေးတယ်။ဖေဖေတို့က ရှေ့မှာ လုပ်ပြတော့ တစ်ယောက်မကျန်လုပ်ကြတယ်။ တစ်အိမ်လုံးနီးပါး ဘုရားတရား လုပ်ကြတော့ ပိုပြီးကံကောင် းလာကြတော့ ပိုကံကောင်းလာကြတာထင်တယ်” လို့ သူက ဆိုပါတယ်။

Photo : သဇင်ထူးမြင့်

သူမက မနက်ပိုင်းတွေ ညပိုင်းတွေမှာ ဘုရားရှိခိုးတတ်ပြီး အားတဲ့အချိန်လေးတွေကို ဖုန်းမသုံးဘဲ တာလီလေးနဲ့ပုတီးစိပ်ဖြစ်တယ်လို့ ဆိုပါတယ်။

“သဲ က မနက်ပိုင်းရှီခိုးတယ်။ ညဘက်တွေလည်း ရှိခိုးတယ်။တာလီလေးနဲ့ဆိပ်တယ်။ဖုန်းသုံးမယ့်အချိန်မှာ တာလီလေးနဲ့ စိပ်တယ်” လို့ သူက ပြောပါတယ်။

ဘုရားတရားလုပ်လို့ မိသားစုလုံးစီးပွားရေး အဆင်ပြေသလို အခုလက်ရှိနေနေတဲ့ အိမ်ကလည်း အကျိုးပေးတယ်လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : သဇင်ထူးမြင့်

သဇင်ထူးမြင့်ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲက ရွှေကြိုမယ် တစ်ယောက်အဖြစ် ပရိသတ်တွေစတင်သိရှိလာခဲ့တာပါ။ အဲဒီနောက်ပိုင်း ကြော်ငြာတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးလာရပြီး အခုဆိုရင် ဇာတ်လမ်းတွဲတွေတောင် ရိုက်ကူးနေရပါပြီ။ ဒါရိုက်တာ စွမ်းပိုင် ရိုက်ကူးတဲ့ “ဆုံဆည်းခွင့်” ဆိုတဲ့ ဇာတ်လမ်းတွဲမှာအိချောပိုရဲ့ ညီမအဖြစ်ပါဝင်ရိုက်ကူးလျက်ရှိတယ်လို့ သိရပါတယ်။

‘’ ဒီဇာတ်ကားထဲမှာတော့ မအိချောပိုရဲ့ ညီမလေးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ရမှာပါ။ အစ်မဖြစ်သူရဲ့ ထိန်းကျောင်းမှုအောက်မှာ ပဲနေတတ်တဲ့ကောင်မလေးပေါ့နော်။ အစ်မရဲ့ ထိန်းကျောင်းမှုက လွတ်သွားရင် နည်းနည်း အူကြောင်ကြောင် နိုင်တတ်တယ်ပေါ့နော်။ အပြင်က ကာရိုက်တာလိုပဲ’’ ဆိုပြီး သူမရဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး ဇာတ်လမ်းတွဲ ကန်တော့ပွဲနေ့က ပြောပြခဲ့တာပါ။

Photo : သဇင်ထူးမြင့်

ဆုံဆည်းခွင့် ရုပ်သံဇာတ်လမ်းတွဲကို ဘိုဘို ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ စွမ်းပိုင်က ရိုက်ကူးပုံဖော်နေတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ခန့်စည်သူ၊ ထက်ယံ၊ အိချောပို၊ သဇင်ထူးမြင့်၊ ဇွန်သံစဉ်၊ ထွဋ်မြတ်ရွှေရည်၊ ချစ်စနိုးစု၊ ဆောင်းသဇင်လှိုင်၊ အေးချမ်းမောင်၊ ဇေယံ တို့က အဓိက ပါဝင် သရုပ်ဆောင်နေတာပါ။


က္က