မတ်လ ၂၆ ရက်နေ့က မင်္ဂလာညစာ စားပွဲပြုလုပ်ခဲ့တာပါ။

ပိုးအိအိခန့်က ခင်ပွန်းဖြစ်သူ အောင်သူနဲ့ ဂိမ်းကစားရင်း ဖူးစာ ဆုံခဲ့ကြတယ်လို့ ဆိုပါတယ်။ ဘဝလက်တွဲဖော်အဖြစ် အားကစားသမားတစ်ယောက်ကို ရွေးချယ်ဖြစ်ခဲ့ပုံကိုလည်း သူက ပြောပြထားပါသေးတယ်။

သရုပ်ဆောင် ပိုးအိအိခန့်က ခင်ပွန်းဖြစ်သူ အောင်သူနဲ့ ဖူူးစာဆုံဖြစ်ခဲ့တဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ သူတို့ နှစ်ယောက်ဟာ mobile legends ဂိမ်းကစားရင်း ချစ်သူတွေ ဖြစ်ခဲ့ကြတာပါလို့ မီဒီယာအင်တာဗျူးမှာ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။



‘’ နှစ်ယောက်ကတော့ အွန်လိုင်းမှာ စတွေ့ပြီးတော့ ခင်သွားတယ်။ ဂိမ်းဆော့ဖော် ဆော့ဖက်တွေကနေ ကြိုက်သွားကြတာ။ ဂိမ်းနဲ့ပတ်သက်ရင် ဘာမှ မသိလို့ သူက သင်ပေးရတယ်။ mobile legends ဆော့တာပါ။ သူကအရင်တုန်းကတည်းက အရမ်းတော်တဲ့ ကစားသမားကောင်းတစ်ယောက်ဆိုတော့ ကိုယ့်ဘက်က ဘာမှတော့ Support လုပ်ပေးစရာအကြောင်းမရှိပါဘူး။ အဓိက ကတော့ သူ့အနားမှာ နေတဲ့အခါကျရင် ဘေးနားကနေ အတတ်နိုင်ဆုံး ပါရမီဖြည့်ပေးရမှာပေါ့နော်။ သူ့အလုပ်နဲ့ပတ်သက်ပြီးတော့လည်း ညီမ အကြံဉာဏ်ပေးတာထက် သူ့မှာ ဆရာကောင်း၊သမားကောင်းတွေအများကြီး ရှိပါတယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် ပိုးအိအိခန့်ဟာ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ဘောလုံးသမားတစ်ယောက်ကို ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ခဲ့ပုံကိုလည်း ပြောခဲ့ပါသေးတယ်။

‘’ ဘောလုံးသမားကို ချစ်သူအဖြစ်ရွေးချယ်တာမဟုတ်ပဲ ကိုယ်က ဘောလုံးသမားနဲ့ ကံပါတယ်။ ဘောလုံးသမားက ကိုယ့်ကို ချစ်တယ်။ ကိုယ်ကလည်း ပြန်ချစ်တယ်၊ သူ့ရဲ့ အလုပ်က ဘောလုံးအလုပ် ဆိုတော့ အဲဒါကြောင့် ဘောလုံးသမားဖြစ်သွားတာပေါ့’’လို့ မတ်လ ၂၆ ရက်နေ့က မင်္ဂလာညစာစားပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

အောင်သူဟာ အားကစားနဲ့ပတ်သက်လာရင် ထူးချွန်တဲ့သူတစ်ယောက်ပါ။ အဲဒီနောက် မိန်းကလေး ပရိသတ်တွေ အားပေးမှုလည်း ရရှိထားသူဆိုရင်မမှားပါဘူး။ ဒီအတွက် ပိုးအိအိခန့်ကလည်း ခင်ပွန်းအပေါ် သဝန်မတိုပဲ နားလည်မှု အပြည့်ပေးထားတယ်လို့ ဆိုပါတယ်။

‘’သူ့ကို ယုံတယ်။ ပြီးတော့ ပရိသတ်တွေက သူ့ကိုချစ်တာ သူ့ကိုမုန်းတာမဟုတ်ဘူး။ အဲဒီတော့ ကိုယ်က ကိုယ့်ရဲ့ ချစ်သူ၊ ကိုယ့်ရဲ့အမျိုးသားကို လူတွေအများကြီး ချစ်ပါလားဆိုပြီးတော့ ဂုဏ်ယူရတယ်လေ။ ဒီလိုစိတ်ပဲ ရှိတယ်။ သဝန်တိုတာတွေတော့ မရှိပါဘူး’’ လို့ ဆက်လက်ပြောပြလာပါတယ်။

အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကိုတော့ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ရင်ပြင်အတွင်းက Western Park မှာ ပြုလုပ်ခဲ့တာပါ။  တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်တာ သိလို့ နှစ်ဦးသဘောတူ လက်ထပ်ထားခဲ့ကြတာ ဖြစ်ပြီး နှစ်ယောက်စလုံး အလုပ်တွေ အားတဲ့အချိန်မှ ယခုလို မင်္ဂလာပွဲ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲပုံရိပ်လေးတွေ ကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးနေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က