သူက ဧ ကို ရင့်ကျက်စေချင်တာ။

ဧငြိမ်းဖြူကတော့ ရဲရင့်အောင်ရဲ့ ဆုံးမမှုတွေကြောင့် ရင့်ကျက်လာတာတွေရှိတယ်လို့ ဆိုပါတယ်။ ကလေးဆန်ပြီး လုပ်လိုက်တဲ့ အပြုအမူတွေကြောင့်လည်း တောင်းပန်ခဲ့ပါသေးတယ်တဲ့။

Photo: A Nyein Phyu



ဧငြိမ်းဖြူကတော့ ချစ်သူဖြစ်တဲ့ အဆိုတော် ရဲရင့်အောင်ကြောင့် ရင့်ကျက်ပြောင်းလဲလာတာတွေရှိတယ်လို့ ဆိုပါတယ်။ သူ့အပေါ်မှာလည်း ရဲရင့်အောင်က လူကြီးဆန်ဆန် နဲ့ ရင့်ကျက်တဲ့အတွေးအခေါ်တွေ ရှိစေချင်တဲ့ ဆန္ဒရှိတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“သူက ဧ စိတ်ကောက်တိုင်း ကလေးတစ်ယောက်လို ဘယ်တော့မှ မချော့ဘူး။ ဖြစ်တဲ့ ပြဿနာတွေဆိုရင် သူက နားလည်အောင်ပဲ ရှင်းပြတာ။ ဧ စိတ်မကောက်နဲ့တော့နော် ဆိုတာမျိုးမဟုတ်ဘူး။ ဧ ရေ ပြဿနာကတော့ ဒီလိုမျိုးရှိတယ်၊ ဒီလိုဖြေရှင်းရမှာ။ တွေးနေတဲ့ အတွေးတွေက မှားနေတယ် ဆိုတာမျိုးတွေပေါ့။ သူက ဧ ကိုအရမ်းရင့်ကျက်ပြောင်းလဲစေချင်တာပေါ့နော်။ သူ အလိုလိုက်သင့်တဲ့ဟာဆို အလိုလိုက်တယ်။ အလိုမလိုက်သင့်တာဆို မလိုက်ဘူး။ အဲဒီလို ထားတဲ့ သူ့ကြောင့် ဧလည်း ရင့်ကျက်ပြောင်းလဲလာပါတယ်”လို့ သူကဆိုပါတယ်။

Photo: A Nyein Phyu

ဧငြိမ်းဖြူဟာ ဇန်နဝါရီလ ၆ ရက်နေ့က ချစ်သူဖြစ်တဲ့ ရဲရင့်အောင်နဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ Status ကို သူ့ရဲ့ ဖေ့စ်ဘွတ်စာ မျက်နှာမှာ တင်ခဲ့ပါတယ်။ ဒါဟာ ရဲရင့်အောင်ကို စိတ်ဆိုး စိတ်ကောက်နေတဲ့ အချိန်ဖြစ်လို့ တင်ခဲ့တာဆိုပေမယ့် ချက်ချင်းပြန်ဖျက်ပေမယ့်လည်း ပရိသတ်ကြားမှာ ဒီစာက ပြန့်တာ မြန်သွားတယ်လို့ ဆိုပါတယ်။

 “ချစ်သူနှစ်ဦးကြားမှာတော့ စိတ်ဆိုးစိတ်ကောက်တာလေးတွေတော့ ရှိမှာပေါ့။ အရင်တုန်းကတော့ ဧ က Story လောက်မှာပဲ တင်ဖြစ်တာပါ။ ဒီစကားကလည်း ဧ တင်ပြီးပြီးချင်းပြန်ဖျက်လိုက်တာ။ Screenshort ရိုက်တဲ့လူက ရိုက်ပြီး ပြန့်သွားတော့ ငါသွားပြီပေါ့နော်။ စိတ်ဆိုးနေပေမယ့်လည်း သူမကြိုက်တာကို လုပ်မိတဲ့အတွက် သူအရမ်းစိတ်ဆိုးနေမှာပဲ ဆိုပြီးတော့ ဧ လည်း ပြန်တောင်းပန်လိုက်ပါတယ်" ဆိုပြီးတော့ ဇန်နဝါရီ လ ၁၀ ရက်နေ့က " ဝင်္ကဘာလမ်းမများ" ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: K

ဧငြိမ်းဖြူဟာ ရဲရင့်အောင်နဲ့ ပြဿနာဖြစ်တတ်တဲ့အကြောင်းအရာလေးတွေလည်း ပြောပြခဲ့ပါသေးတယ်။ တကယ်တော့ ကလေးဆန်တဲ့ အပြုအမူလုပ်လိုက်မိတာဖြစ်တဲ့အတွက် ဆင်ခြင်ပါ့မယ်လို့ သူကဆိုပါတယ်။

“ ဧ တို့ ပြဿနာတတ်တဲ့အကြောင်းအရာတွေဆိုရင် ဘာကိစ္စမှ မဟုတ်ဘူး သေးသေးလေးတွေပါ။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကို သူထင်သွားတာက တစ်မျိုး၊ သူပြောတဲ့ စကားကိုလည်း ဧ ထင်သွားတာက တစ်မျိုးပေါ့။ နှစ်ယောက်သား နားလည်မှုလေးတွေ လွဲပြီးတော့ ပြဿနာ ဖြစ်ကြတာပါ။ သူဆုံးမတဲ့ ကြားက ကလေးဆန်တဲ့ အပြုအမူတွေ လုပ်ခဲ့ပါတယ်။ စိုးရိမ်နေတဲ့ ပရိသတ်တွေ ကို တောင်းပန်ပါတယ်။ နောက်ဆို အဲဒီလို မလုပ်တော့ပါဘူး ဆင်ခြင်ပါ့မယ်” လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။ 

Photo: A Nyein Phyu

ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ တို့ ချစ်သူ နှစ်ဦးဟာ အခုဆိုရင် ချစ်သူ သက်တမ်း ၂ နှစ်ရှိပြီဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလ အတွင်းမှာပဲ ချစ်သူအဖြစ် လက်တွဲခဲ့ကြသူတွေပါ။ ဧငြိမ်းဖြူကတော့ လက်ရှိမှာ ရေဒီယို ကက်ဆက် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်သလို သူ ဝါသနာပါတဲ့ Dancer အလုပ်ကိုလည်း လုပ်ကိုင်လျှက်ရှိပါတယ်။ မကြာခင်မှာလည်း A(တစ်စုံတစ်ယောက်)ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကိုရိုက်ကူးတော့မှာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က