အေးသောင်းကို ဇာတ်ပို့ဆုရစေချင်ကြပါတယ်။

မအေးသောင်းသာ အကယ်ဒမီရခဲ့မယ်ဆိုရင် ကိုယ်တိုင်လည်း အရမ်းပျော်မိမယ်လို့ ‘’မုန်းစွဲ’’ရုပ်ရှင်ကားကြီး ထုတ်လုပ်သူ ကိုဝေမင်းမောင်က ပြောပြခဲ့ပါတယ်။ ပရိသတ်တွေကလည်း မအေးသောင်းကို ဇာတ်ပို့ဆု ရစေချင်နေကြတာတွေ့ရပါတယ်။

Photo: မုန်းစွဲ



သရုပ်ဆောင် အေးဝတ်ရည်သောင်းကို ‘’မုန်းစွဲ’’ ရုပ်ရှင်ကားကြီးနဲ့၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆု ရစေချင်ကြတဲ့ ပရိသတ်တွေက အများကြီးပါ။ ဒီအထဲမှာမှ မုန်းစွဲ ရုပ်ရှင်ကားကြီးထုတ်လုပ်သူ ကိုဝေမင်းမောင်ကလည်း မအေးသောင်းရဲ့ ကာရိုက်တာပြင်ဆင်မှုအပေါ် မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

‘’ ဒီဇာတ်ကား မရိုက်ခင်တုန်းကတည်းက သူ့ရဲ့ ပြင်ဆင်မှုတွေက ကျွန်တော်တို့ မျက်မြင်ကို ယ်တွေ့ဖြစ်တဲ့အတွက် အရမ်းလည်း ကြိုးစားထားတယ်၊ အရမ်းလည်း အားကောင်းပါတယ်။ မုန်းစွဲ ဇာတ်ကားက ဟဲဗီးဒရာမာဖြစ်တဲ့အတွက် သူသရုပ်ဆောင်ရတဲ့ ကဏ္ဍက ပရိသတ်တွေအတွက် ထွက်ပေါက်တစ်ခုပေါ့နော်။ ဇာတ်ပို့တစ်ယောက်ဖြစ်ပေမယ့်လည်း သူ့ရဲ့ အခန်းကဏ္ဍက အရေးပါတယ်’’ လို့ Box No.88 ဇာတ်ကား မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: မုန်းစွဲ

အဲဒီနောက် ဒီနှစ်သာ မအေးသောင်း ဆုရမယ်ဆိုရင် ထူးခြားတဲ့ နှစ်တစ်နှစ် ဖြစ်လာမှာပါလို့ ကိုဝေမင်းမောင်က ဆက်လက်ပြောပြထားတာ တွေ့ရပါတယ်။

‘’ ပရိသတ်တွေကလည်း မထင်မှတ်ထားလောက်အောင် အားပေးကြတာဖြစ်တဲ့အတွက် သူ့ကိုယ်စား ကျွန်တော် ဝမ်းသာပီတိဖြစ်ပါတယ်။ ရလည်း ရစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အတူတူလက်တွဲပြီးတော့ အလုပ်လုပ်လာကြတာဖြစ်တဲ့အတွက် သူရရင်တော့ ဒီနှစ်အတွက် အထူးခြားဆုံးနှစ်ပါပဲ။ ကျွန်တော်ကလည်း သူရရင်တော့ တော်တော်ပျော်မိမှာပါ’’ လို့ ဆိုပါတယ်။

Photo: မုန်းစွဲ

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ထုတ်လုပ်သူ ကိုဝေမင်းမောင်ကလည်း နောက်ထပ် ဇာတ်ကားကောင်း တွေကလည်း အကယ်ဒမီစာရင်းထဲမှာ ပါဝင်လျှက်ရှိတာကြောင့် ရင်ခုန်တယ်လို့ ဆိုပါတယ်။

‘’ ဒီနှစ်သာ ဆုရခဲ့မယ်ဆိုရင်တော့ ပိုပြီး ရင်ခုန်ဖို့ကောင်းပါတယ်။ လိုချင်တဲ့ဆုတွေကတော့ အများကြီးမှန်းတာပေါ့နော်။ ဒါပေမယ့် ကိုယ်နဲ့အတူပြခွင့်ရခဲ့ကြတဲ့ ဇာတ်ကားတွေရဲ့ ဒါရိုက်တာတွေကလည်း ဖန်တီးမှုအားအရမ်းကောင်းခဲ့တာဆိုတော့ ရင်ခုန်ပါတယ်’’လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: ဝေမင်းမောင်

"မုန်းစွဲ" ဇာတ်ကားကို 7th Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး(အကယ် ဒမီ)၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး(အကယ်ဒမီ)၊ အေးဝတ်ရည်သောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က