သူတို့ရဲ့ အချစ်ရေးကိုလည်း အားကျမိပါတယ်။
Sabal Thwin

စောယုနန္ဒာကတော့ ညီမဖြစ်သူ ဧငြိမ်းဖြူတို့ စုံတွဲကိုကြည့်ပြီး အားကျမိတယ်လို့ဆိုပါတယ်။ ရဲရင့်အောင်အပေါ် သူမရဲ့ သဘောထားကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ 

သရုပ်ဆောင်စောယုနန္ဒာကတော့ ညီမဖြစ်သူ ဧငြိမ်းဖြူရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး သူမရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ ဧငြိမ်းဖြူနဲ့ ရဲရင့်အောင်တို့ စုံတွဲကလည်း တကယ်ကို ချစ်ကြတဲ့ ချစ်သူတွေပါလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ကိုယ်က အချစ်ရေး ကံမကောင်းဖြစ်နေတဲ့အချိန်မှာ သူတို့အတွဲနဲ့ ဘားကိုသွားတော့ သူတို့ကလည်း Ro တယ်လေ။ ကိုယ်လည်း မျက်နှာတောင် လွှဲထားရတယ် Ro လွန်းလို့။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို ခရီးအတူသွားတဲ့အချိန်မှာ သူတို့က အရမ်းချစ်ကြတယ်။ ရန်ဖြစ်ရင်လည်း သူတို့က ခဏပဲ ဆိုတော့ အားကျမိပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Saw Yu Nandar

ဧငြိမ်းဖြူအတွက် ရဲရင့်အောင်က အစ်ကို တစ်ယောက်လို အားကိုးရတဲ့သူပါလို့ စောယုနန္ဒာက ပြောပါတယ်။ ချစ်သူကောင်းတစ်ယောက်ဖြစ်ပါစေလို့လည်း ဆုတောင်းတယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

“ ရဲရင့်အောင်က ညီမရဲ့ ညီမထက် အသက်ပိုကြီးတယ်။ ပိုလည်းရင့်ကျက်တယ်၊ သူက ဧငြိမ်းဖြူကို သူငယ်ချင်းတစ်ယောက်လိုလည်း ဆက်ဆံတယ်၊ အစ်ကိုတစ်ယောက်လိုလည်း ဆုံးမတယ်။ အဲဒီအတွက် ဧငြိမ်းဖြူက တကယ်ချစ်သူကောင်းတစ်ယောက်ကို ရထားတာပါ။ ဒီလိုဖြစ်ပါစေလို့လည်း ဆုတောင်းတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့က Power House ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: A Nyein Phyu

စောယုနန္ဒာကလည်း သူလိုချင်တဲ့ ချစ်သူကောင်လေးရဲ့ ပုံစံကို ပြောပြလာပါတယ်။မကြာခင် ကျရောက်တော့မယ့် ချစ်သူများနေ့မှာလည်း သူများအတွဲတွေကိုကြည့်ပြီး ပျော်ပေးနေမှာပါလို့ သူကဆိုပါတယ်။

“ ကိုယ်ကကျတော့ ပျော်ပျော်နေတတ်တဲ့ ပုံစံမျိုးကို ပိုသဘောကျတယ်။ ရုပ်ချောတာ မချောတာ၊ ချမ်းသာတာ၊ မချမ်းသာတာထက် ကိုယ်နဲ့ စိတ်တူကိုယ်တူ ပုံစံမျိုးကို ပဲ ချစ်သူအဖြစ်ရွေးမှာပါ။ လောလောဆယ်တော့ ဗယ်လင်တိုင်းမ်နေ့မှာ ဘယ်လို Surprise တွေ တွေ့ရဦးမလဲ မသိဘူး။ ဘာပဲဖြစ်ဖြစ် သူတို့တွေကိုကြည့်ပြီး ကိုယ် ပျော်ပေးမှာပါ” ဆိုပြီးတော့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

စောယုနန္ဒာကိုတော့ ရေဒီယို ကက်ဆက် ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူဟာ သရုပ်ဆောင် ဧငြိမ်းဖြူရဲ့ အစ်မအရင်းပါ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်း ဒါရိုက်တာ ကြည်စိုးထွန်းရဲ့ မြေး ဖြစ်သလို ဒါရိုက်တာ သီတာလင်းရဲ့ သမီးကြီး တစ်ယောက်ဖြစ်ပါတယ်။ သူမက လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေရိုက်ကူးနေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က