သူ့ရင်ထဲက ပီတိစကားကို ပြောပြလာပါတယ်။

ဘုန်းလျှံဟာ သွေးလိုအပ်နေတဲ့ ဆရာလေးတစ်ပါးကို သွေးလှူဒါန်း ခွင့်ရတဲ့အတွက် အရမ်းပီတိဖြစ်ရတယ်လို့ဆိုပါတယ်။ 

Photo: Bhone Hlan



သရုပ်ဆောင် ဘုန်းလျှံကတော့ သီလရှင်ဆရာလေး တစ်ပါးအတွက် သွေးဒါန ကုသိုလ်ပြုခဲ့ပါတယ်တဲ့။ ဒီအလှူဟာ ထောင်ထဲမှာ ညီအစ်ကိုအရင်းလို စောင့်ရှောက်ပေးခဲ့တဲ့ အစ်ကိုတစ်ယောက်အတွက် ရည်ရွယ်ပြီး လှူဒါန်းခဲ့တာလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ ဒီနေ့က သွေးလှူဖို့ အစီအစဉ်မရှိဘူး၊ အပြင်ခဏရောက်နေတဲ့ အချိန်မှာ အစ်ကို့သူငယ်ချင်း နောင်နောင် တို့ ပရဟိတအဖွဲ့ကနေ သွေးလိုတယ်ဆိုလို့ အစ်ကို့ လှမ်းမေးတယ်။ အစ်ကိုကလည်း လှူချင်တဲ့ စိတ်ရှိတာနဲ့ ဆရာလေးအတွက် လှူဖြစ်တယ်။ ပြီးတော့ ထောင်ထဲမှာ ညီအစ်ကိုလိုနေခဲ့တဲ့ အစ်ကိုတစ်ယောက်ပေါ့နော် သူ့ရဲ့ ကျေးဇူးတွေ အစ်ကို့မှာရှိတယ်။ သူက ဆုံးသွားပြီ မနေ့က(ဇွန်လ ၂၂ ရက်) မှာ ရက်လည်လုပ်တယ်။ သူ့အတွက်လည်း အမျှပေးဝေချင်တဲ့ ဆန္ဒလေးလည်း ရှိထားတာဆိုတော့ လှူခွင့်ကြုံသွားတာပေါ့နော်” လို့ သူကဆိုပါတယ်။ 

Photo: Bhone Hlan

ဘုန်းလျှံဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးကို သူတစ်ပါးရဲ့ အသက်အတွက် လှူဒါန်းခွင့်ရတာ အရမ်း ပီတိဖြစ်ရတယ်လို့ ဆိုလာပါတယ်။ 

“ ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဖြတ်သန်းနေတဲ့ သွေးနဲ့ သူတစ်ပါးရဲ့ အသက်အတွက် လှူရတာဟာ အရမ်းဝမ်းသာပီတိဖြစ်စရာကောင်းတယ်။ ဒီကြားထဲမှာလည်း နောက်ထပ် အလှူအတန်းလေးတွေ လုပ်ဖို့ရှိပါသေးတယ်။ ဒါပေမယ့် အတိအကျပြောပြလို့ မရသေးလို့ပါ။” ဆိုပြီးတော့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။  

Photo: Bhone Hlan

ဘုန်းလျှံဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် (၁၂) နှစ်ကျခံရမှာ ဖြစ်ပေမယ့် အပြစ်ဒဏ်(၇)နှစ် ပေးဆပ်ပြီးနောက် ၂၀၂၀ခုနှစ်၊နှစ်ဆန်းတစ်ရက် နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်အကြာကြီးနေခဲ့ရတဲ့ သူအတွက် ဘဝသင်ခန်းစာတွေ အများကြီးရခဲ့သလို အတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်လို့ သူက ဆိုပါတယ်။ ဘုန်းလျှံကိုတော့ ဗီဒီယိုဇာတ်ကားများစွာထဲမှာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က