ဒီနှစ် သင်္ကြန်အစီအစဉ်ကို ပြောပြလာပါတယ်။
Sabal Thwin

မိုးအောင်ရင်ကတော့ သင်္ကြန်နီးလာပြီဖြစ်တဲ့အတွက် ထောင်ထဲမှာ ပျော်ခဲ့ရတဲ့ အမှတ်တရလေးတွေကို ပြောပြခဲ့ပါတယ်။ 

သင်္ကြန်အချိန်အခါလည်း နီးကပ်လာပြီဖြစ်လို့ သင်္ကြန်နဲ့ ပတ်သက်တဲ့ မမေ့နိုင်စရာ အမှတ်တရလေးတွေက လူတိုင်းမှာ ရှိတတ်ကြမှာပါ။ သရုပ်ဆောင် မိုးအောင်ရင်ကလည်း သူ ထောင်ထဲမှာတုန်းက ဖြတ်သန်းခဲ့ရတဲ့ သင်္ကြန်အမှတ်တရလေးတွေကို Duwun Media ရဲ့ အင်တာဗျူးမှာ အခုလိုဖြေဆိုခဲ့ပါတယ်။ 

“ ထောင်ထဲမှာတုန်းက သင်္ကြန်အတွင်း အမှတ်တရကိုပြောပါဆိုရင် ထောင်ထဲမှာ စပီကာကြီးတွေဖွင့်ပြီးတော့ သီချင်းတွေဆိုကြတာရှိတယ်။ ကကြတဲ့ သူတွေလည်းရှိတယ်။ ကိုယ်ကလည်း ကတဲ့နေရာကို ဘယ်တော့မှ မသွားဘူး။ ထောင်ထဲမှာ မိန်းမလျာတွေလည်း ရှိတယ်။ ညနေပိုင်းလောက်ကျတော့ အဆောင်မှူးက ကျွန်တော့်ကို သွားကမယ်ဆိုပြီးတော့ ခေါ်ရော အဲဒီမှာ ငြင်းလို့ကလည်း မရဆိုတော့ သွားလိုက်တာ အနှိုက်ခံလိုက်ရတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

မိုးအောင်ရင်ကတော့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ စတင်ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီနောက် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှု တို့အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရပါတယ်။ ဒါပေမယ့် ၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ ထောင်က ထွက်လာပြီးတဲ့အချိန်မှာတော့ သူဟာ ဘုရား၊ တရားအလုပ်လည်း ပိုလုပ်လာတာဖြစ်သလို အနုပညာအလုပ်တွေလည်း လုပ်နေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

၂၀၂၀ သင်္ကြန်မှာတော့ လျှောက်လည်ဖို့ထက် မိသားစုနဲ့ အတူတူနေရဖို့ မျှော်လင့်နေတဲ့အကြောင်း မိုးအောင်ရင်က ပြောပါတယ်။ ဖခင်ဖြစ်သူကို စိတ်ပူစေရအောင် မလုပ်ချင်ဘူးလို့လည်း မတ်လ ၄ ရက်နေ့က Woodland Bar ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ဒီနှစ် သင်္ကြန်ကတော့ အဖေပြန်လာမလားလို့စောင့်မယ်။ အဖေ ပြန်လာရင် သူသွားတဲ့ ပွဲတွေရှိရင် အတူတူလိုက်မယ်။ ဆော့လို့ရမှာတော့ မဟုတ်ဘူး အဖေက ကျွန်တော့်ကို အရမ်းစိတ်ပူတာ။ အဖေ စိတ်ပူမှာစိုးလို့ မလုပ်လိုက်တဲ့ ကိစ္စတွေ အများကြီးရှိတယ်။ သင်္ကြန်ဆိုတာ တစ်နှစ်မဟုတ် တစ်နှစ်တော့ ကြုံရမှာပဲလေ။ အိမ်ထဲမှာ နေရတာ ကောင်းပါတယ်။ ကျွန်တော် ထောင်ထဲမှာ နေရတာမှ မဟုတ်တာဆိုပြီးတော့ဖြေသိမ့်လိုက်တယ်” လို့ သူကဆိုပါတယ်။ 

Photo: Moe Aung Yin

လက်ရှိမှာတော့ မိုးအောင်ရင်ဟာ ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားခြင်းကြောင့် အမှု ရင်ဆိုင်နေရတာကို တွေ့ရပါတယ်။ မိုးအောင်ရင်ကိုတော့ အဆိုတော် သရုပ်ဆောင် အောင်ရင်ရဲ့ သားတစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က