သူမရဲ့ ကလေးဘဝအကြောင်းတွေကိုပြောပြလာပါတယ်။

ရွှေအိမ်စည်ဟာ ပျော်ရွှင်စရာကောင်းတဲ့ ကလေးဘဝကို ပိုင်ဆိုင်ခွင့်မရခဲ့တဲ့အကြောင်း ဖွင့်ပာြပောလာပါတယ်။ လက်ရှိမှာလည်း သူမနဲ့ မိသားစုဝင်တွေရဲ့ ဆက်ဆံရေးအကြောင်းတွေကိုပါ ဆက်လက် ဖြေဆိုထားပါသေးတယ်။

Photo: Shwe Eain Si

ရွှေအိမ်စည်ရဲ့ ငယ်ဘဝအကြောင်းလေးကို မီဒီယာတွေအင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ သူမဟာ ပျော်ရွှင်စရာကောင်းတဲ့ ကလေးဘဝကို မဖြတ်သန်းခဲ့ရဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပြထားပါတယ်။

‘’သူများတွေ ကလေးဘဝမှာ အရမ်းပျော်ခဲ့ရသလို ကိုယ်တွေက မပျော်ခဲ့ရဘူး။ ကလေးဘဝဆိုတာတော့ရှိခဲ့တယ်။ အရမ်းအကြာကြီး မဟုတ်ခဲ့ဘူးပေါ့။ အဲဒါကောင်းတာလို့လည်း ပြောလို့ရတယ်။ ဆိုးတာလို့လည်း ပြောလို့ရတယ်။ အိမ်စည့်အတွက်ကတော့ ဒီအသက်အရွယ်မှာ ဒီအလုပ်လုပ်နေတယ်၊ ကိုယ့်ဘာကိုယ် ရပ်တည်နေတယ် အဲဒီလိုအရာတွေ ဖြစ်တဲ့အတွက်ကြောင့် ကောင်းတဲ့ဘက်က တွေးရင်တော့ ကောင်းတာပေါ့’’လို့ သူကဆိုပါတယ်။

Photo: Shwe Eain Si

လက်ရှိမှာတော့ ရွှေအိမ်စည်နဲ့ သူမရဲ့ မိသားစုဝင်တွေရဲ့ ဆက်ဆံရေးအကြောင်းကိုလည်း ပြောလာပါသေးတယ်။ သူမရဲ့ ဘဝဖြတ်သန်းမှုမှာ ကိုယ့်ကိုယ်ကို ဂရုတစိုက်ဖြတ်သန်းခဲ့ရတာတွေ များတယ်လို့ ဆိုပါတယ်။

‘’ စိတ်ကတော့ ထားတတ်ပါတယ်။ အသက်ကြီးသွားတော့မှ တစ်ယောက်နဲ့ တစ်ယောက် Independence ဖြစ်သွားတာထက်စာလို့ရှိရင် ကိုယ့်စိတ်က ငယ်ငယ်လေးကတည်းက မိဘတွေအပေါ် တွယ်ကပ်ပြီး ချွဲတတ်တဲ့ ကလေးတွေထဲမှာ မပါတော့လေ၊ နောက်ပိုင်းမှာ ကိုယ့်ဘာသာ ဂရုစိုက်ပြီးနေလာတဲ့အခါမှာတော့ သိပ်အခက်အခဲမရှိပါဘူး။ တချို့ကျတော့ အသက်ကြီးမှ မိဘနဲ့ခွဲရလို့ ခံစားရတာတွေရှိတယ်၊ အိမ်စည်တို့ကျတော့ ဘာမှမဖြစ်ဘူး’’ လို့ ဆိုပါတယ်။

Photo: Shwe Eain Si

 ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲကြီးမှာလည်း မြန်မာနိုင်ငံက ပရိသတ်တွေရဲ့အားပေးမှု သူမရဲ့ ကြိုးစားမှုတွေကြောင့် အခြားသော အလှမယ်တွေကြားထဲမှာ မျက်နှာပွင့်လန်းခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၈ ခုနှစ်ဒီဇင်ဘာလ ၂ ရက်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ Preliminary Evening Gown ရဲ့ Winner ဆုကိုလည်းရရှိပိုင်ဆိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို မသိတဲ့ နိုင်ငံတကာ အလှမယ်တွေ ကြားထဲမှာ မြန်မာနိုင်ငံကိုကောင်းကောင်းကြီး Promote လုပ်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

Photo: Shwe Eain Si

ရွှေအိမ်စည်(Shwe Eain Si)ဟာ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်ပြီးတော့လည်း ရုပ်ရှင်ဇာတ်ကား တော်တော်များများမှာ ပါဝင်ရိုက်ကူးနေရပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ The Naked Ghost ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် ထွန်းထွန်း၊ ချမ်းငြိမ်းကျော်တို့နဲ့အတူ ပါဝင်ရိုက်ကူးနေတာ တွေ့ရပါတယ်။



က္က