သင်္ဃန်းကျွန်း တရားရုံး ရုံးချိန်းသို့ တက်ရောက်လာပါတယ်။

သရုပ်ဆောင်မေသန်းနုကို ငွေကြေးလိမ်လည်မှုနဲ့ တရားစွဲဆိုထားတဲ့ ဒေါ်စန်းစန်းမြင့်ကတော့ ဒီနေ့ ရုံးချိန်း အခြေအနေကို အခုလို ပြောပြလာပါတယ်။ 

သရုပ်ဆောင် မေသန်းနုကတော့ လက်ရှိအချိန်ထိ တရားရင်ဆိုင်နေရတုန်း ဖြစ်ပါတယ်။ အမှု အခြေအနေ တည်ငြိမ်သွားပြီ လို့ထင်ထားရပေမယ့် ဒီနေ့(သြဂုတ်လ၁၄ရက်)မှာ သရုပ်ဆောင် မေသန်းနုဟာ သင်္ဃန်းကျွန်း တရားရုံးသို့ ရုံးချိန်း တက်ရောက်လာခဲ့ပါတယ်။ သင်္ဃန်းကျွန်း တရားရုံးမှာတော့ သရုပ်ဆောင် မေသန်းနုကို တရားစွဲဆိုသူ ဒေါ်စန်းစန်းမြင့်က ရာဇသတ်ကြီးမှုအမှတ် ၂၇၅/၁၇ ၊ ပုဒ်မ ၄၂၀ နောက်တိုးတရားခံအဖြစ် သင်္ဃန်းကျွန်းတရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ 



ဒီအမှုနဲ့ ပတ်သက်ပြီး ဒီနေ့ (သြဂုတ်လ၁၄ ရက်) မနက်ပိုင်းမှာတော့ သရုပ်ဆောင် မေသန်းနုကိုယ်တိုင် သင်္ဃန်းကျွန်းတရားရုံး ရုံးချိန်းသို့ တက်ရောက်လာခဲ့ပါတယ်။ ရုံးချိန်း အခြေအနေနဲ့ ပတ်သက်ပြီး မေသန်းနုဟာ မီဒီယာတွေကို အင်တာဗျူး ဖြေဆိုခဲ့ခြင်းမရှိပေမယ့် တရားလို ဒေါ်စန်းစန်းမြင့်က ဆုံးရှုံးခဲ့ရတဲ့ ငွေကြေးတွေပြန်မရသေးတာကြောင့် အခုထိ အမှု မပြီးသေးဘူးလို့ မီဒီယာတွေကို ပြောပြလာပါတယ်။ 

“ ဒီနေ့ ရုံးချိန်းကတော့ တရားလိုဖြစ်တဲ့ ကျွန်မကို စစ်ဆေးနေတုန်းပါပဲ။ အမှုက မပြီးသေးပါဘူး ကျွန်မ ပိုက်ဆံလည်း ငါးပြားတစ်ချပ်မှ မရသေးပါဘူး။ အမှုက ပြီးစရာတော့ အကြောင်းမရှိဘူး။ ဒီအမှုက လှည်းတန်း(၆) လမ်းမှာရှိတဲ့ ကျွန်မရဲ့ အိမ်ကို ပေါင်သွားလို့ ကိုသူခက်ကတော့ ပြေးနေတယ်။ အဲဒီအတွက် မေသန်းနုကို စစ်မှာပေါ့။ ကျွန်မကတော့ ကိုယ်ဆုံးရှုံးသွားတဲ့ ပိုက်ဆံလေး ပြန်ရဖို့အတွက် တရားစွဲတာပါ။ ကျွန်မ ပိုက်ဆံလေး ပြန်ပေးပါလို့ တောင်းပန်ချင်ပါတယ်” လို့ သူက ဆိုပါတယ်။

 ဒေါ်စန်းစန်းမြင့်ဟာ သရုပ်ဆောင် မေသန်းနုကို တရားရုံး (၃) ခုမှာ ပုဒ်မ ၄၂၀ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ မေသန်းနုအနေနဲ့ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ရန်ကင်းတရားရုံးက ချမှတ်လိုက်တဲ့ ပြစ်ဒဏ် (၁) နှစ်ကို အင်းစိန်ထောင်မှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ(၂) ရက်နေ့ကနေ ၂၀၂၀ ခုနှစ် မေလ(၃၁)ရက်နေ့ အထိ ကျခံခဲ့တာဖြစ်ပြီး ဇူလိုင်လ(၁) ရက်နေ့မှာတော့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ လက်ရှိမှာလည်း ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀၊ ရာဇသတ်ကြီးမှုအမှတ် ၂၇၅/၁၇ နဲ့ သင်္ဃန်းကျွန်း တရားရုံးမှာ တရားရင်ဆိုင်နေရတာပါ။ အဲဒီနောက် ဒေါ်စန်းစန်းမြင့်ဟာ ကမာရွတ်တရားရုံးမှာလည်း မေသန်းနုကို တရားစွဲဆိုထားသေးတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က