မရောက်ဖူးတဲ့ နိုင်ငံကို သွားရမှာပါ။

သင်ဇာဝင့်ကျော်ကတော့ ခရီးသွားတာ ဝါသနာပါတဲ့အတွက် ခရီးထွက်ဖို့ ရည်ရွယ်ပြီး ပိုက်ဆံစု တတ်တယ်တဲ့။ အခုလည်း ခရီးသွားအစီအစဉ်ရိုက်ဖို့ ဥရောပ ဘက်ကို ခရီးဆန့်ဦးမယ်လို့ ဆိုပါတယ်။

သင်ဇာဝင့်ကျော်ဟာ မကြာခင်မှာ သရုပ်ဆောင် တိုင်ရွန်နဲ့အတူ ခရီးသွားအစီအစဉ်တစ်ခုအတွက် ဥရောပ ဘက်ကို ခရီးထွက်ရမယ်လို့ ဆိုပါတယ်။ ဥရောပနိုင်ငံတွေကိုမရောက်ဖူးသေးတဲ့ သူမအတွက်တော့ အသစ်အဆန်းတစ်ခုဖြစ်မယ်လို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



“သင်ဇာကတော့ Europe ဘက်ကို တစ်ခါမှ မရောက်ဖူးပါဘူး။ တချို့တွေက ပိုက်ဆံစုရင် တိုက်ဝယ်ဖို့၊ ကားဝယ်ဖို့၊ အိမ်ဝယ်ဖို့ စုကြတာရှိတယ်။ သင်ဇာ ပိုက်ဆံစုတာကကျတော့ ခရီးသွားဖို့ ပိုက်ဆံစုတာပါ။ ပိုက်ဆံရှိပြီဆိုတာနဲ့ သင်ဇာ ခရီးသွားချင်တယ်။ ကိုယ့်ဘဝမှာ မသွားဖူးတဲ့နေရာ မရှိသလောက်ကို သွားချင်တာ။ ကိုယ်ကျန်းမာနေတဲ့အချိန်မှာ ခရီးသွားခွင့်ရတာဆိုတော့ သွားချင်တဲ့သူတွေ သွားကြပါလို့ တိုက်တွန်းချင်ပါတယ်” လို့ သူကဆိုပါတယ်။

Photo: The Travellar

သင်ဇာဝင့်ကျော်ကိုယ်တိုင်ကလည်း ခရီးသွားတာကို နှစ်သက်တဲ့ သူတစ်ယောက်ပါတဲ့။ ဒါပေမယ့် ဒီခရီးမှာတော့ ပရိသတ်တွေ သိချင်နေတဲ့ ဖက်ရှင်လန်းလန်းတွေ ဝတ်လို့ အဆင်ပြေမှာမဟုတ်ဘူးဆိုပြီးတော့ နိုဝင်ဘာလ ၁၇ ရက်နေ့က “The Travellers” အစီအစဉ်မိတ်ဆက်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့ပါတယ်။

“ ခရီးသွားမှာဆိုတော့ ဖက်ရှင်အပိုင်းတွေနဲ့ပတ်သက်ပြီး ဆန်းဆန်းပြားပြားဝတ်ပြလို့လည်းမရဘူး။ ရာသီဥတု အေးတယ်ဆိုတော့ အဝတ်ထူထူလေးတွေပဲ ဝတ်တာ တွေ့ရမှာပါ။ ခရီးသွားတဲ့နေရာတွေကလည်း တစ်နေရာနဲ့ တစ်နေရာမတူဘူး။ အခုသွားမယ့် နေရာတွေဆိုရင်လည်း ဗဟုသုတ လေ့လာစရာတွေ အများကြီးရှိတယ်ဆိုတော့ လေ့လာခွင့်ရမှာပေါ့နော်”လို့ ဆိုပါတယ်။

သင်ဇာဝင့်ကျော် နဲ့ တိုင်ရွန်တို့ဟာ Passionate Traveller ကုမ္မဏီနဲ့အတူ ဇန်နဝါရီလအတွင်းမှာ ဥရောပနိုင်ငံတွေကို ခရီးထွက်မယ်လို့ သိရပါတယ်။ ဥရောပနိုင်ငံတွေထဲကမှ Turkey ၊ Georgia ၊ Armenia ၊ Azerbaijan စတဲ့ နေရာတွေကို သွားရောက်လည်ပတ်မယ်လို့ သိရပါတယ်။ ဒီခရီးစဉ်ရဲ့ အစီအစဉ်ကိုတော့ “The Travellers” ဆိုပြီးတော့ နာမည်ပေးထားပါတယ်။ Mntv ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေက စတင်သိရှိ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က