mini phway phway လေးအဖြစ်မြင်ရဦးမှာပါ။

ထိပ်ထားသခင်ကတော့ ကိုကိုဒေါင်း၊ မမဖွေးနဲ့ မမသက်မွန်တို့ကို ချစ်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ သူတို့တွေနဲ့ အတူတူရုပ်ရှင်ကားကြီး ရိုက်ကူးနေပြီလို့ ဆိုပါတယ်။

ကလေးသရုပ်ဆောင်လေးဖြစ်တဲ့ ထိပ်ထားသခင်ကိုတော့ ‘’Love Equation’’ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေပြီဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ဖွေးဖွေးပေါက်စလေးအဖြစ် မြင်တွေ့ရမှာပါ။ ဖွေးဖွေးနဲ့ဆုံလိုက်တိုင်းလည်း စကားတွေ အများကြီးပြောဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။



‘’မမဖွေးဖွေးနဲ့ တွေ့တော့ အစားအသောက်အကြောင်းတွေ၊ မမဖွေးနဲ့ အရမ်းတူတဲ့အကြောင်းတွေ၊ မမဖွေးရဲ့ ကြော်ငြာလေးတွေကို ကြိုက်တဲ့အကြောင်းတွေပြောတယ်။ မမနဲ့ ရုပ်ရှင်ရိုက်ရတော့မှာဆိုတော့ အရမ်းပျော်တယ်။ ဇာတ်ကားထဲမှာ Mini ဖွေးဖွေးလေး လုပ်ရမှာပေါ့။ မမဖွေးနဲ့ တူအောင် သရုပ်ဆောင်ရမှာပေါ့။ ကာရိုက်တာအတွက်တော့ ဘာတွေ လေ့ကျင့်ရမလဲ သိတော့ မသိသေးဘူး’’ လို့ ဆိုပါတယ်။

အဲဒီနောက် ရုပ်ရှင်ဇာတ်ကားကြီး အတူတူရိုက်ကူးရမယ့် အနုပညာရှင်တွေကလည်း ထိပ်ထားသခင် အရမ်းချစ်ရတဲ့ သရုပ်ဆောင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

‘’ကိုကိုဒေါင်း ကိုကြိုက်တယ်။ ချောလို့။ သမီးလိုမျိုး ဆံပင်တိုတိုလေး။ မမ သက်မွန်မြင့်ကိုလည်း ချစ်တယ်။ သူက အလှတွေပြင်ထားတော့ ပိုတောင်လှသေးတယ်။ မမဖွေးနဲ့ မမသက်မွန် နှစ်ယောက်စလုံးကို ချစ်တယ်။ ပရိသတ်ကြီးကိုလည်း ချစ်တယ်။ အားပေးကြလို့လည်း ကျေးဇူးတင်ပါတယ်’’ ဆိုပြီးတော့ ‘’Love Equation’’ ရုပ်ရှင်ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ထိပ်ထားသခင်ဟာ ကျောင်းပိတ်ရက်နဲ့ တိုက်ဆိုင်တုန်း Love Equation ဇာတ်ကားကို ရိုက်ကူးလက်ခံံဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းပိတ်ရက်တွေတိုင်းကိုလည်း ပျော်တယ်လို့ ထိပ်ထားသခင်က ပြောပါတယ်။

‘’ ကျောင်းက တစ်ပတ်လောက် ပိတ်တော့ သမီးက မပင်ပန်းတော့ဘူး။ ကျောင်းပိတ်တော့ ပျော်တယ်။ အိမ်မှာလည်း ဆော့လို့ရတယ်။ ကျောင်းမှာဆိုရင် စာတွေချည်းပဲ သင်နေရတာ။ စာသင်ရတာက ဦးနှောက်သုံးပြီး အာရုံစိုက်ပြီး စာသင်ရတာလေ’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့တာပါ။

ထိပ်ထားသခင်ကိုတော့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကနေတဆင့် ဖွေးဖွေးနဲ့လည်းတူ ဖွေးဖွေးကို အရမ်းချစ်ပြီး အားပေးတဲ့ ကလေးလေး တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ ဆန္ဒအတိုင်း သူမချစ်ရတဲ့ အနုပညာရှင်တော်တော်များများနဲ့ ကြော်ငြာတွေရိုက်ကူးနေရပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ ထိပ်ထားသခင် ချစ်ရတဲ့ အနုပညာရှင်တွေနဲ့ ‘’Love Equation’’ ဆိုတဲ့ အတူတူရုပ်ရှင်ကားကြီးရိုက်ကူးနေပြီဖြစ်ပါတယ်။



Share

Loading Next Article...
က္က