အရမ်းကြိုးစားတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။
Sabal Thwin

သက်မွန်မြင့်က ဒေါင်းနဲ့ ဇာတ်ကားအတူတွဲရိုက်ရတဲ့အခါမှာ ဒေါင်းရဲ့ ကြိုးစားမှုတွေကို မြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

Photo: Amazing Grace

သက်မွန်မြင့်ကတော့ အခုဆိုရင် Love Equation ဇာတ်ကားကို သရုပ်ဆောင် ဖွေးဖွေး၊ ဒေါင်း၊ ခါရာတို့နဲ့ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သက်မွန်မြင့်က ဒေါင်းနဲ့တွဲပြီး သရုပ်ဆောင်ရတာပါ။ ဒေါင်းရဲ့ အနုပညာအလုပ်အပေါ်ထားတဲ့ စိတ်ဓာတ်ကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အရမ်းလည်းကြိုးစားပါတယ်။ အခုနောက်ပိုင်းမှာဆို သူအရမ်းတက်လာတယ်ပေါ့နော်။ အဲဒီအတွက်ဝမ်းသာပါတယ်။ ကိုယ့်အနုပညာလောကမှာ ဒီလိုလူမျိုးတစ်ယောက်ထွက်လာတယ်ဆိုတော့ အရမ်းဝမ်းသာတယ်။ သူက သူ့ဇာတ်ကောင်အတိုင်းပဲ သူနေတယ်။ အပြင်မှာလည်း အဲဒီလိုပဲနေတာများတယ်။ အပြင်ကာရိုက်တာ သူ သိပ်မနေဘူးဆိုတော့ သူ ဒီအလုပ်ကို တကယ်ချစ်တယ်၊ တကယ် စိတ်နှစ်ပြီးတော့ အလုပ်လုပ်တယ်လို့ သက်မွန် မြင်ပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၀ ရက်နေ့က ‘’သခင်ကြီးနဲ့ ငါးပိတို့စရာ’’ရုပ်ရှင်ဇာတ်ကား အထူးပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: Daung

Love Equation ဇာတ်ကားကတော့ ဒေါင်းနဲ့ သက်မွန်မြင့်တို့ ပထမဆုံး ဆုံတွေ့ခွင့်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သက်မွန်မြင့်က မမ ကာရိုက်တာဖြစ်လို့ တည်တည်ငြိမ်ငြိမ်နေရတာ အခက်အခဲ တစ်ခုတော့ဖြစ်တယ်ဆိုပြီးတော့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။

‘’ကိုယ့်ရဲ့ ဇာတ်ကောင်က မမနေရာကဆိုတော့ သူနဲ့ကလည်း တကယ်လည်းအသက်ကွာတော့ ကိုယ်နေရတဲ့ ဇာတ်ကောင်က သိပ်တော့ မခက်ခဲပါဘူး။ ကာရိုက်တာက အငြိမ်ဆိုတော့ သက်မွန်အတွက် နည်းနည်းတော့ ပြင်ဆင်ရတာပေါ့နော်။ ကိုယ်က အငြိမ်မှသိပ်မနေတာ ရှုတင်မှာကျတော့ ဆော့တယ်၊ ပျော်ပျော်ပဲနေတယ်။ အကုန်လုံးနဲ့အဆင်ပြေအောင်နေတယ်။ အမြဲတမ်းဟာသတွေပြောတတ်တော့ ဒီဇာတ်ကားမှာ ကိုယ့် အပြင်က ပုံစံဝင်သွားမှာ သတိထားရတယ်’’ လို့ ဆိုပါတယ်။

Photo: Amazing Grace

သက်မွန်မြင့်ဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။ သူမနဲ့ ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်တို့ဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သားကြီး အားချစ်နဲ့ သမီးငယ် လဝန်းမေ တို့ကို ပိုင်ဆိုင်ထားတဲ့ မိသားစုလေးရှိလို့နေပါပြီ။




ဆက်စပ်အကြောင်းအရာများ


က္က