ဇာတ်ကားအတွက်လည်း ဝိတ်ချတာတွေ လုပ်နေတယ်တဲ့။

ဖွေးဖွေးကတော့ မကြာခင်မှာ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကိုယ်လုံးလှလှလေး ဖြစ်အောင် ဝိတ်ချနေတယ်လို့ ဆိုပါတယ်။ ဒါရိုက်တာ အောင်မြတ်ရိုက်ကူးမယ့် ဇာတ်ကားမှာလည်း ဒေါင်းနဲ့အတူ တွဲရိုက်ရမှာ ဖြစ်ပါတယ်။

 

Photo : Amazing Grace



ဖွေးဖွေးက ဒါရိုက်တာ အောင်မြတ်ရိုက်ကူးပြီး ဒေါင်းနဲ့အတူ သရုပ်ဆောင်ရမယ့် ဇာတ်ကားအတွက် ရင်ခုန်လို့နေပါတယ်။ ဖွေးဖွေးနဲ့ ဒေါင်းက အပြင်မှာလည်း ခင်ပေမယ့်လည်း ပထမဆုံးအနေနဲ့ ဇာတ်ကားအတူတွဲရိုက်ဖူးတာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒေါင်းနဲ့က အပြင်မှာလည်း သိတယ်။ အပြင်မှာလည်း တွေ့ဖူးတယ်။ ဆာတိုရီကဆိုတော့လေ ကိုရဲတိုက်နဲ့ ခင်သလိုမျိုး ဒေါင်းနဲ့လည်း သိပါတယ်။ သူနဲ့လည်း အတူတူရိုက်ရမယ်ဆိုတော့ ရင်တော့ခုန်ပါတယ်။ သူနဲ့ပထမဆုံး ရိုက်မှာဆိုတော့လေ” လို့ သြဂုတ်လ(၁၀)ရက်နေ့က ပြုလုပ်တဲ့ Bella ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo : Amazing Grace

ဒေါင်းနဲ့ ရိုက်မယ့် ဇာတ်ကားဟာ အချစ်ဇာတ်ကားလေး ဖြစ်တာကြောင့် ကိုယ်လုံးလှလှလေး ဖြစ်အောင် ဝိတ်ချနေတယ်လို့ ဆိုပါတယ်။

“ဝိတ်ချနေတယ်။ လိုချင်တဲ့ဝိတ်ကိုတော့ မရောက်သေးပါဘူး။ ဖွေးက အရင်တုန်းက ဝတာကြိုက်တယ်။ ဒီနှစ်မှာ တော့ ကိုယ်လုံးလှလှလေး ဖြစ်ချင်တယ်။ ကြိုးစားနေပါတယ်။ဇာတ်ရုပ်အတွက်ပါ။ ကိုအောင်မြတ်နဲ့ ရိုက်မယ့် ဇာတ်ကား ပြီးတော့ ဒေါင်းနဲ့ လူငယ်အချစ်ဇာတ်ကားလေးဆိုတော့ ပိန်ပိန်လေးမှ လှမှာဆိုတော့လေ” လို့ သူမက ဆက်လက်ပြောပြထားပါတယ်။

ဒါရိုက်တာ အောင်မြတ်ရိုက်ကူးမယ့် Love Equation ဇာတ်ကားထဲမှာတော့ မိုးဟေကို၊ ဖွေးဖွေး၊ ဒေါင်း၊ ခါရာတို့ပါဝင်မှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ ဒေါင်း၊ ခါရာ တို့ဟာ အဆိုပါ မင်းသမီး နှစ်ယောက်နဲ့ ပထမဆုံးရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးပါ။ မိုးဟေကိုနဲ့ ဖွေးဖွေးတို့ကတော့ ‘’ပပဝတီ စီရင်ခန်း’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူပါဝင်သရုပ်ဆောင်ထားတဲ့ ဒိတ်ဒိတ်ကြဲ အောင်မြင်နေတဲ့ မင်းသမီး နှစ်လက်ဖြစ်ပါတယ်။

ဖွေးဖွေးဟာ ဂီတကိုဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့သရုပ်ေ ဆာင်တစ်ယော က်ဖြစ်နေသူပါ။

သူမကိုတော့တီဗီကြော်ငြာတွေကေ နတဆင့်လူသိများခဲ့ကြတာဖြစ်ပါတယ်။ သူများနဲ့ မတူတဲ့ ဖက်ရှင်အပြင်အဆင်တွေကြောင့်လည်း ပိုသတိ ထားမိစေခဲ့ပါတယ်။ဖွေဖွေးက ဗီဒီယိုဇာတ် ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

 

ဖွေးဖွေး(Phway Phway)ဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။          


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က