ဖွေးအတွက် အမှတ်တရပါပဲ။
Ei Ei Myat

ဒီကြော်ငြာလေးက ဖွေးတို့ မိသားစုအတွက် ပထမဆုံး ကြော်ငြာလေးဖြစ်တယ်လို့ ဆိုပါတယ်။ သီတင်းကျွတ်ပွဲတော်အတွက် ရိုက်ကူးပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဖွေးဖွေးကတော့ မိသားစုနဲ့အတူတူ သီချင်းကျွတ်ပွဲတော်အတွက် ကြော်ငြာလေးတစ်ခု ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ မိသားစုနဲ့အတူ အနုပညာလှုပ်ရှားမှုတွေ မလုပ်ဖူးတဲ့ ဖွေးဖွေးအတွက်ကတော့ ဒီကြော်ငြာလေးက အမှတ်တရတစ်ခု ဖြစ်စေတယ်လို့ Duwun Media ကို ပြောပါတယ်။

“လတ်တလော ဖွေး သီတင်းကျွတ်အတွက် မိသားစုလိုက် ကြော်ငြာလေး ရိုက်ထားတယ်။တစ်ခါမှ ကြော်ငြာမရိုက်ဖူးဘူး။ ဒါပေမယ့် မနေ့က မိသားစုလိုက် ကြော်ငြာ ရိုက်ဖြစ်ခဲ့တယ်။ ဖေဖေလည်းပါတယ်။ မေမေရယ်။ မောင်လေးရယ်ဖွေးရယ်ပေ့ါ။ ကြောငြာလေးက နာမည်လေးပြောလို့မရသေးလို့ စောင့်မျှော်အားပေးကြပါ” လို့ သူမက ဆိုပါတယ်။

ရိုက်ကူးရေး လုပ်နေချိန်မှာတော့ ဖေဖေနဲ့ မောင်လေးက အရမ်းကို သွက်ပြီး မေမေကတော့ ရှက်နေလို့ မနည်းသင်ပေးနေရတယ်လို့ ဖွေးဖွေးက ပြောပါတယ်။ ဒီကြော်ငြာလေးကတော့ သူမအဘွားကြီး ဖြစ်သွားတဲ့ အချိန်ထိ အမှတ်တရ ဖြစ်နေမယ့်ေ ကြာ်ငြာလေးပါတဲ့။

“မေမေက ရှက်နေလို့ မနည်းသင်ပေးရတယ်။ မောင်လေးနဲ့ ဖေဖေကတော့ သွက်လိုက်တာ။ ဖွေး အဖွားကြီးဖြစ်သွားတဲ့အချိန်ကျရင် ဒါလေးက အမှတ်တရလေး ရှိနေမှာပေ့ါနော်။ အချိန်တန်ရင် မောင်လေး ပဲ အိမ်ထောင်ကျတာပဲ ဖြစ်ဖြစ် ဒီကြော်ငြာလေးက အမှတ်တရလေး ဖြစ်နေမှာပါ။ ဖွေးတို့ မိသားစု တစ်စုလုံးကို သိတဲ့ သူလည်း ရှိတယ်။ မသိတဲ့သူလည်း ရှိတယ်။ သိပြီးတော့ ချစ်ပေးကြတဲ့ သူတွေ ဂရုစိုက်ပြီး ဆုမွန်ကောင်းတွေ တောင်းပေးကြတဲ့ သူတွေ ပျော်ရွှင်စရာ သတင်းကျွတ်လေး ဖြစ်ပါစေလို့ ဖွေးက ဆုတောင်းပေးတယ်နော်” လို့ သူမက ဆိုပါတယ်။

ဖွေးဖွေးဟာ ဂီတကိုဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့သရုပ်ေ ဆာင်တစ်ယော က်ဖြစ်နေသူပါ။ သူမကိုတော့တီဗီကြော်ငြာတွေကေ နေတဆင့်လူသိများခဲ့ကြတာဖြစ်ပါတယ်။ သူများနဲ့ မတူတဲ့ ဖက်ရှင်အပြင်အဆင်တွေကြောင့်လည်း ပိုသတိ ထားမိစေခဲ့ပါတယ်။ဖွေဖွေးက ဗီဒီယိုဇာတ် ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ဖွေးဖွေး(Phway Phway)ဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။          


က္က