ပြုံးလို့ ပျော်လို့.. ။
Sabal Thwin

ကစ်တို့ မိသားစုကတော့ ဖွေး ရဲ့ မိဘတွေကို သွားရောက် ကန်တော့ခဲ့ကြတာ တွေ့ရပါတယ်။ ကစ်နဲ့ ဖွေးတို့ ညီအစ်မ နှစ်ဦးဟာ အဖေ ညီအစ်ကိုက တော်စပ်တဲ့ ညီအစ်မ ဝမ်းကွဲတွေဖြစ်ပါတယ်။

Photo: Facebook

သရုပ်ဆောင် ဝတ်မှုံရွှေရည်တို့ မိသားစုကတော့ ဖွေးဖွေး ရဲ့ မိဘတွေကို သီတင်းကျွတ် သွားကန်တော့ကြတယ်လို့ သိရပါတယ်။ ဖွေးရဲ့ အဖေ က ကစ်အဖေရဲ့ ညီအစ်ကိုအရင်းတွေ ဖြစ်ကြပါတယ်။

‘’ကျွန်တော့်ရဲ့ညီတော်မောင်နဲ့ ချစ်တူမကစ်ကစ်၊ ကေးကေးတို့မိသားစုသီတင်းကျွတ်လာကတော့ကြတယ်ပေါ့’’ ဆိုပြီးတော့ အောက်တိုဘာလ ၄ ရက်နေ့ မနက် ၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်မှာရေးသားခဲ့ပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံကိုလည်း အတူတွဲတင်ခဲ့တာတွေ့ရပါတယ်။

Photo: U Maung Oo

ဖွေးဖွေးနဲ့ ကစ်ကစ်တို့ ညီအစ်မနှစ်ဦးဟာ သြဂုတ်လထဲမှာ မွေးဖွားခဲ့တာဖြစ်ပြီးတစ်ရက်ကြီး တစ်ရက်ငယ် ညီအစ်မတွေဖြစ်ပါတယ်။ သြဂုတ်လ(၉) ရက်နေ့က ဖွေးဖွေးရဲ့ မွေးနေ့ဖြစ်ပြီး သြဂုတ်လ(၁၀) ရက်နေ့က ဝတ်မှုံရွှေရည်ရဲ့ မွေးနေ့ပါ။ မွေးလတူတဲ့ သူတို့နှစ်ဦးဟာ အနုပညာလောကမှာ အောင်မြင်မှု ရရှိထားတဲ့ နှုန်းကလည်း အတူတူပါပဲ။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားပြီး အခုချိန်ထိ ထိပ်တန်းမင်းသမီး နေရာတွေမှာ ရပ်တည်နေဆဲဖြစ်ပါတယ်။

Photo: Hearty Heart

ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ ညီအစ်နှစ်ယောက်ရဲ့ ပရိသတ်တွေအတွက် အမှတ်ရစရာ နှစ်လေးကတော့ ၂၀၁၆ခုနှစ်က ပြုလုပ်တဲ့၂၀၁၄-၂၀၁၅ခုနှစ် အကယ်ဒမီပေးပွဲမှာ ဖြစ်ပါတယ်။ အဲဒီနှစ်လေးမှာ သူတို့နှစ်ဦးစလုံး အကယ်ဒမီရတဲ့နှစ်လေး တစ်နှစ်ပါ။ ဖွေးဖွေးက ၂၀၁၅ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု ရရှိခဲ့သလို ဝတ်မှုံရွှေရည်က “နှလုံးသားနဲ့ပြုလုပ်သည်” ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိခဲ့တဲ့ နှစ်ဖြစ်ပါတယ်။

Photo: U Maung Oo

ချစ်စရာကောင်းတဲ့သူတို့နှစ်ဦးဟာ လက်ရှိမှာ အနုပညာအလုပ်တွေ ကိုယ်စီနဲ့ မအားမလပ်ဖြစ်လို့နေကြပါတယ်။ ဝတ်မှုံရွှေရည်ကလည်း ပြည်ပက အနုပညာရှင်တွေနဲ့အတူ အနုပညာအလုပ်တွေ လက်တွဲလုပ်နေပြီး ဖွေးဖွေးကလည်း သူမလက်ခံထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှု အတွက် ပြင်ဆင်လို့နေပါတယ်။ သူတို့ညီအစ်မနှစ်ဦးကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေအဖြစ် ရပ်တည်နေကြသလို ဖေ့စ်ဘွတ်တွေ၊ အင်စတာဂရမ်တွေမှာလည်း Follower များစွာ ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်နှစ်ဦးလည်းဖြစ်ပါတယ်




က္က