မန္တလေးမှာ ပြုလုပ်မှာပါ။

 နှင်းဆီရင်ခွင်ဖောင်ဒေးရှင်းကတော့ ရေဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နိုင်ဖို့ ပြင်ဆင်နေပါပြီ။နှင်းဆီအငြိမ့် ရန်ပုံငွေပွဲ ပြုလုပ်ပြီး ရေဘေးသင့် ပြည်သူတွေကို ကူညီထောက်ပံ့မှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

 

Photo : ရဲလေး



နာမည်ကြီး အနုပညာရှင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ နှင်းဆီအဖွဲ့က မန္တလေးမြို့မှာ ရန်ပုံငွေ ဖျော်ဖြေပွဲ ပြုလုပ်ဖို့အတွက် ပြင်ဆင်လို့နေပါတယ်။ ဖျော်ဖြေပွဲနာမည်ကို “မိုးထဲ၊ရေထဲ၊ဝေမြဲနှင်းဆီ” ဆိုပြီး နာမည်ပေးထားတယ်လို့ သိရပါတယ်။ ပထမကတော့ မွန်ပြည်နယ်က မိသားစုတွေအတွက် ရာမညနှင်းဆီဆိုတဲ့ နာမည်နဲ့ ရန်ပုံငွေ ထောက်ပံ့ဖို့ စဉ်းစားခဲ့ပေမယ့်လည်း လက်ရှိမှာ တခြားမြို့တွေမှာပါ ရေကြီးနေတာ ဖြစ်လို့ “မိုးထဲ၊ရေထဲ၊ဝေမြဲ နှင်းဆီ” လို့ ပြောင်းပြီး ရန်ပုံငွေပွဲလုပ်ကာ ပွဲက ရရှိတဲ့ ငွေကြေးများကို ရေဘေးသင့် ပြည်သူများဆီသို့ လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သူက Duwun Media ကို ပြောပြခဲ့ပါတယ်။

“ဦးတို့ ဖောင်ဒေးရှင်းက ဒီအတွက် တည်ထောင်ထားတာပါ။ အခုလို ပြည်သူတွေ သဘာဝဘေးအန္တရာယ်တွေနဲ့ ကျရောက်နေတဲ့ အခါမှာ ဦးတို့တွေ အေးအေးဆေးဆေးကြီးနဲ့ မနေနိုင်ဘူး။ တစ်ခုခု လုပ်ပေးချင်တယ်။ အဖွဲ့သားတွေကလည်း အားလုံး တက်တက်ကြွကြွနဲ့ ပါဝင်ပေးတယ်။ ဒီနေ့ညနေမှာ အားလုံးတိုင်ပင်မယ် ရက်တွေ ညှိနှိုင်းတာတွေ လုပ်မှာ” လို့ ဦးမျိုးမင်းက ဆိုပါတယ်။

Photo : sniper

မန္တလေးမှာ ကမယ့် “မိုးထဲ၊ရေထဲ၊ဝေမြဲ နှင်းဆီ”ပွဲကတော့ နှင်းဆီအငြိမ့်ကို လွမ်းနေတဲ့ ပရိသတ်တွေအတွက် ကြည့်ခွင့်ရမယ့် ပွဲတစ်ပွဲလည်း ဖြစ်သလို ရေဘေးသင့် ပြည်သူတွေအတွက် ကူညီရာရောက်မယ့် ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

နှင်းဆီအဖွဲ့ကို နာမည်ကြီး သရုပ်ဆောင်များနဲ့ ၂၀၀၇ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ကပြဖျော်ဖြေခဲ့တာ ယခုလို ဆိုရင် ဆယ်စုနှစ်တစ်စုရှိခဲ့ပါပြီ။ မင်းသားတွေဖြစ်တဲ့ မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်းနဲ့ ရဲလေးတို့က လူရွှင်တော်အဖြစ် ပါဝင်ထားတဲ့ နှင်းဆီအငြိမ့်များဟာ ပရိသတ်တွေကြားမှာ အရမ်းအောင်မြင်တဲ့ အငြိမ့်ပွဲတွေ ဖြစ်ပါတယ်။

Photo :ဖူးစုံ

နှင်းဆီအဖွဲ့သားတွေ ဖြစ်ကြတဲ့ ဒါရိုက်တာ မောင်မျိုးမင်း၊ နေတိုး၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ရဲလေး၊ထွန်းထွန်းတို့ဟာနှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်းကို တည်ထောင်ပြီး ပရဟိတလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါတယ်။

နှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်းကနေ ပညာသင်ကျောင်းတွေလည်း ဆောက်လုပ်လှူဒါန်းမှုတွေ၊ ရေဘေးအတွက် လိုအပ်တဲ့နေရာတွေနဲ့ သက်ကြီး အနုပညာလောက သားများကိုလည်း ကူညီပေးလျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က