အနုပညာအလုပ်တွေလည်း မလုပ်ရဘူး။

ပွင့်နဒီမောင်ဟာ အနုပညာအလုပ်တွေ ခဏ နားထားတဲ့အချိန်မှာ ဈေးလည်းရောင်းတယ်၊ အလှူအတန်းတွေလည်း လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ 

Photo: D-Night



သရုပ်ဆောင် ပွင့်နဒီမောင်ကတော့ ဝက်နံရိုးရောင်းလို့ရတဲ့ အမြတ်ထဲက အလှူလေးတွေ လုပ်ဖြစ်တယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ အနုပညာအလုပ်တွေ ခဏ နားနေရတဲ့အချိန်မှာ ဈေးရောင်းနေတာ တွေ့ရပါတယ်။ 

“ အခုဆိုရင် ဒီလတွေမှာ ပိုးအိတို့ ဝက်နံရိုးရောင်းပြီးလို့ ရလာတဲ့ အမြတ်ငွေထဲက လှူ တာ တွေရှိပါတယ်။ မွေးနေ့တုန်းကလည်း အဲဒီလိုပဲ လှူဖြစ်တာပေါ့နော်။ ဒီလထဲမှာ ပိုးအိတို့တွေ အနုပညာအလုပ်တွေ မလုပ်ရတော့ ပိုက်ဆံမရဘူးလေ။ ဒီ ဝက်နံရိုးရောင်းလို့ရတဲ့ပိုက်ဆံတွေထဲကပဲ အလှူတွေ လုပ်ထားတာ ဖြစ်တဲ့အတွက် စားသုံးတဲ့ (၇) ရက်သားသမီးတွေကိုလည်း ပိုးအိ အမျှပေးပါတယ်” ဆိုပြီးတော့ ဇွန်လ ၁ ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှာ ပြုလုပ်တဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo: D-Night

ပွင့်နဒီမောင်ဟာ အနုပညာမောင်နှမတွေဖြစ်တဲ့ သရုပ်ဆောင် ထူးခြား နဲ့ အတူ ဘဲကြီး ဆိုတဲ့ ဝက်နံရိုးမီးတောက် ရောင်းနေတာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း စိတ်တူ ကိုယ်တူ မောင်နှမတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 

“ အခုလောလောဆယ်မှာ ပိုးအိနဲ့ အစ်ကိုနဲ့ကလည်း အလုပ်တွဲလုပ်ရတာ အဆင်ပြေတယ်။ စိတ်ကလည်း နည်းနည်းတူတယ်၊ ပိုးအိ မကြိုက်တာရှိရင်လည်း ဒဲ့ပြောတယ်။ အစ်ကို မကြိုက်တာဆိုရင်လည်း ပိုးအိက သေချာရှင်းပြတယ်။ ဘာပြဿနာမှတော့ မရှိဘူး။ ခင်လာတဲ့ သက်တမ်းကလည်း တအားများတယ်။ အလုပ်လုပ်တော့လည်း သူလုပ်ချင်တဲ့ ပုံစံလေး ကိုယ့်ကို ပြောတယ်၊ ကိုယ်လုပ်ချင်တဲ့ ပုံစံလေး သူ့ကို ပြောပြတော့ အားလုံး အဆင်ပြေတယ်” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: D-Night

ပွင့်နဒီမောင်ကတော့ တစ်ခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးချော တစ်ယောက်ဆိုရင် မမှားပါဘူး။ သူမကိုတော့ Music Video တွေမှာ အမြဲတမ်း တွေ့ရတတ်ပါတယ်။ ပွင့်နဒီမောင်ဟာ TV ကြော်ငြာတွေလည်းရိုက်ခဲ့သူဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေ လည်း ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၃၀ နီးပါးရှိပါပြီ။ အခုချိန်ထိလည်း အနုပညာအလုပ်တွေ လုပ်နေတဲ့သူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က