ကိုယ့်လိပ်ပြာကိုယ်လုံတယ်။

ညီနန္ဒကတော့ ဈေးရောင်းတဲ့ အခါမှာ ကောင်းတဲ့အရာလေးတွေနဲ့ နာမည်ကျန်ခဲ့ချင်တယ်လို့ ဆိုပါတယ်။  

Photo: Nyi Nanda



သရုပ်ဆောင် ညီနန္ဒကတော့ COVID-19 ကာလမှာ ထောပတ်ထမင်း ရောင်းရင်းစီးပွားရှာနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အနုပညာရှင်တွေ ဈေးရောင်းတာနဲ့ ပတ်သက်ပြီး ဝေဖန်ကြတဲ့အပေါ် ညီနန္ဒက Duwun ကနေ အခုလို ပြောလာပါတယ်။ 

“ ဈေးရောင်းတာနဲ့ ပတ်သက်ပြီး ဦးဇာဂနာပြောတာကို သဘောကျတယ်။ ဈေးရောင်းတာလေ ဓားပြတိုက်နေတာမှ မဟုတ်တာ။ မကောင်းတာ လုပ်နေတာလည်း မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ရည်ရွယ်ချက်က ခဏရောင်းတာပဲ ဖြစ်ဖြစ်၊ တစ်သက်လုံး ရောင်းတာပဲ ဖြစ်ဖြစ် ခဏပဲရောင်းပေမယ့်လည်း အစ်ကို နာမည်ကျန်ချင်တယ်။ ညီနန္ဒရောင်းသွားတာလေးက သန့်ရှင်းတယ်၊ သပ်ရပ်တယ်၊ အရသာကောင်းတယ်၊ ဈေးနှုန်းသင့်တင့်တယ် ဆိုတာလေးတွေကို အစ်ကို ထိန်းသိမ်းသွားမယ်။ အခုတော့ ဒီအလုပ်လေးကို ရေရှည်လုပ်ဖို့ အစ်ကို ဆုံးဖြတ်လိုက်ပြီ။ အဓိက ကတော့ ကိုယ်လိပ်ပြာသန့်ဖို့ အရေးကြီးတာပေါ့နော်” လို့ သူကဆိုပါတယ်။ 

Photo: Nyi Nanda

ညီနန္ဒဟာ သူ့ဘဝမှာ ထောပတ်ထမင်း ရောင်းရမယ်လို့တောင် မတွေးခဲ့မိတဲ့အကြောင်း ပြောပြလာပါတယ်။ သူဟာ အောင်မြင်မှုရရှိခဲ့တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပေမယ့် ဈေးရောင်းရတဲ့ အလုပ်ကို ဂုဏ်ယူနေတယ်လို့ ဆိုပါတယ်။ 

“ ဘယ်လိုနည်းနဲ့မှ ထောပတ်ထမင်းသည်ဖြစ်လာမယ်လို့ မတွေးမိဘူး။ ဒါပေမယ့် ဂုဏ်ယူတယ်၊ ဝမ်းလည်း ဝမ်းသာတယ်။ အလုပ်တစ်ခု အောင်မြင်ဖို့ဆိုတာ အစစအရာရာ အကုန်လုံးပြည့်စုံဖို့လိုတယ်။ အဓိက ကတော့ ဘုရား၊ တရား လုပ်တာကြောင့်လည်းပါတယ်။ ကိုယ့်အလုပ်အပေါ် စေတနာထားတာကလည်း နံပါတ်(၂) ပေါ့နော်။" လို့ ဆိုပါတယ်။ 

Photo: Nyi Nanda

လက်ရှိမှာတော့ ညီနန္ဒဟာ ထောပတ် ထမင်းရောင်းရတဲ့ အလုပ်ကို မိသားစု စီးပွားရေးတစ်ခုအဖြစ် တစိုက်မတ်မတ် လုပ်ဆောင်လာတာ တွေ့ရပါတယ်။ မကြာခင်မှာ ထောပတ်ထမင်းကို ကိုယ်ပိုင် အမည်ပေးဖို့လည်း စီစဉ်နေပြီလို့ သူက ဆိုပါတယ်။ 

“အစ်ကိုဆိုရင် တစ်ခါတလေ တစ်နေ့လုံးမှ အိပ်ချိန်(၄) နာရီပဲရှိတယ်။ တော်တော်ပင်ပန်းတော့မှသာ နေ့လယ်ပိုင်းလေး ခဏ အိပ်ဖြစ်တာ။ အိပ်ရေးပျက်ပေမယ့်လည်း ဘုရားရှိခိုးရမယ့် အချိန်လုံးဝ မပျက်ဘူး။ ထောပတ်ထမင်းလေးကို ရေရှည်ရောင်းသွားမှာဖြစ်လို့ နာမည်ပေးဖို့လည်း စဉ်းစားထားပြီးပါပြီ။ Logo လေးနဲ့တကွ မကြာခင်မှာ မိတ်ဆက်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်" လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Nyi Nanda

ညီနန္ဒကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှု ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူဟာ စီးပွားရေးဘက်ကို ဦးစားပေးလိုက်တဲ့ အချိန်မှာ အနုပညာလောကနဲ့ ၃ နှစ်ကျော် ဝေးကွာသွားတယ်လို့လည်း သိရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော် ရပ်တည် လျှက် ရှိပါတယ်။ အခုချိန်မှာတော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေရတာကိုလည်း တွေ့ရပါတယ်။ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာချိန်မှာ သူ့ကို လက်တွဲခေါ်ယူခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်၊ ဒါရိုက်တာ ခင်လှိုင်ကိုလည်း ကျေးဇူးတင်တဲ့အကြောင်းတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က