သူမကိုယ်တိုင်က သွားရောက်လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။

ချမ်းချမ်းဟာ ရေဘေးဒဏ်ခံစားနေရတဲ့ ဒေသတွေမှာ အမှန်တကယ် ပိုပြီး လိုအပ်နေတာတွေကတော့ ဆေးဝါးနဲ့ ပန်းကန်၊ အိုးခွက်တွေပါပဲတဲ့။ သူ ကိုယ်တိုင်ကလည်း ဒီ ဒေသတွေဆီကို သွားရောက် လှူဒါန်းခဲ့ပြီးပြီလို့ ဆိုပါတယ်။

Photo: Chan Chan



အဆိုတော်ချမ်းချမ်းကတော့ ရေဘေးဒဏ်ခံစားနေရတဲ့ ဒေသတွေဆီကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပြီးခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း ပြောပြလာပါတယ်။ ဒီဒေသတွေမှာ အဓိက လိုအပ်နေတဲ့ အရာတွေကိုလည်း သူကိုယ်တိုင်က မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ အစ်မကိုယ်တိုင် စခန်းတွေကို သွားတဲ့အခါမှာ လူမရောက်တဲ့ ကျေးရွာတွေကျန်နေပါသေးတယ်။ အဲဒီကျေးရွာက လူတွေက ပရဟိတသမား တစ်ယောက်ခြင်းဆီကို သူတို့ဘာပြောလဲဆိုတော့ ထမင်းထုပ်တွေ အပြင် သူတို့အနေနဲ့ စောင်တွေ၊ ခြင်ထောင်တွေ၊ ခေါင်းအုံးတွေ လိုအပ်တယ်။ ပြီးတော့ အိုးတွေ၊ ခွက်တွေ၊ ပန်းကန်တွေ လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ အိုး၊ခွက်၊ ပန်းကန်တွေကို မလှူဒါန်းနိုင်သေး သ၍တော့ သူတို့အနေနဲ့ ထမင်းထုတ်တွေကို စောင့်နေကြရမယ်။ ပြီးတော့ ကျန်းမာရေးအရ ဆပ်ပြာတွေ လိုအပ်တယ်။ ဆေးတွေ လိုအပ်တယ်’’ လို့ ဆိုပါတယ်။

Photo: Chan Chan

အဲဒီနောက် ချမ်းချမ်းကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တဲ့ ဒေသတွေကိုလည်း အခုလို ပြောပြလာပါတယ်။ အလှူရှင်တွေလည်း အမြဲတမ်းလာကြတာကြောင့် စိတ်တော့ နည်းနည်း အေးချမ်းတယ်လို့ သူက ဆိုပါတယ်။

‘’ မုတ္တမဆေးရုံမှာ သိန်း ၄၀ လှူတယ်။ ပြီးတော့ ရေးမြို့အထိသွားပြီးတော့ ဒုက္ခသည်စခန်းတွေမှာ ပိုက်ဆံ သိန်း ၃၀ စီ လှူပေးတယ်။ ပြီးတော့ ရန်ကုန်ကနေ ၇ ရက်သားသမီးက လှူလိုက်တဲ့ အဝတ်အစားတွေ သူတို့ပေးတဲ့ ဆေးပစ္စည်းတွေ၊ မုန့်တွေ အားလုံးကို အစ်မ သယ်သွားလိုက်တယ်။ အစ်မ အလှူလေးက ၁၀ သိန်းပါတယ်ဆိုတော့ အားလုံး စုစုပေါင်းလိုက်တာ သိန်း ၉၀ လောက်ရတယ်။ ဒီ ငွေကြေးလောက်နဲ့ သူတို့ ၂ ရက် ၃ရက်လောက်တော့ အဆင်ပြေသွားမယ်။ အလှူရှင်တွေကလည်း နေ့တိုင်းလာနေတာပါပဲ ဒါကတော့ အားတက်စရာပါ’’ ဆိုပြီးတော့ သြဂုတ်လ ၁၃ ရက်နေ့ မနက်ပိုင်းက မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ချိန်မှာ ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: Chan Chan

ရေဘေးဒဏ်သင့်ခဲ့ကြတဲ့ ပြည်သူတွေအတွက် ကိုယ်ချင်းစာစိတ်လေးထားပြီး လှူစေချင်တယ်လို့ ချမ်းချမ်းက ပြောပါတယ်။

‘’ ကိုယ်သာဆိုရင် ဆိုတဲ့ စိတ်လေး ထားစေချင်ပါတယ်။ တော်တော်များများက လှူတယ်ဆိုရင် ပေါ့ပေါ့ပါးပါးလေးပဲ လှူလိုက်ကြတယ်ပေါ့နော်။ ပြီးရင်တော့ ပြီးသွားမှာပါ ဆိုတဲ့စိတ်နဲ့ ကိုယ့်အလုပ်တွေကိုပဲ ရုန်းကန်ပြီးတော့ လုပ်နေကြတဲ့သူတွေလည်းရှိတယ်။ အစ်မ ကိုယ်ချင်းစာပါတယ်။ ကိုယ့်အပူတွေလည်းရှိနေတာကြောင့် ကိုယ့်အပူပြီးမှ တခြားအပူကို စဉ်းစားနိုင်ကြတာ ဒါကြောင့် အိတ်ထဲကနေ ပိုက်ဆံ ၁ ထောင်၊ ၁ သောင်းလောက်ထွက်သွားတာ မထိခိုက်ဘူးဆိုရင် အစ်မကတော့ ဒီအလှူလေးမှာ ပါဝင်စေချင်ပါတယ်။ နည်းတာများတာ မရှိပါဘူး အလှူဆိုတာကတော့ စေတနာပါပဲရှင်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Chan Chan

လက်ရှိမှာတော့ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ မော်လမြိုင်၊ မုဒုံ၊ ရေး၊ မုတ္တမ၊ ပေါင်၊ သံဖြူဇရပ်၊ ဘားအံ စတဲ့မြို့တွေမှာ ရေဘေးသင့်ပြည်သူတွေအတွက် ကူညီထောက်ပံ့ရေး ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ လိုအပ်လျှက်ရှိတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် လူမှုကွန်ယက်စာမျက်နှာကို အသုံးပြုနေကြတဲ့ အနုပညာရှင်တွေနဲ့ ပြည်သူလူထုကလည်း ဝိုင်းဝန်းကူညီ လှူဒါန်းဖို့အတွက် တိုက်တွန်းနှိုးဆော်နေကြပါတယ်။ 

Share

Loading Next Article...
က္က