မိန်းမဆန်ဆန်လည်း မနေတတ်ပါဘူးတဲ့။

ဝါဆိုမိုးဦးက စိတ်ကူးချင်းတူ အကြိုက်ချင်းတူတဲ့ ချစ်သူအကြောင်းကို ပြောပြလာပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက်ကတော့ ရန်ဖြစ်ရင်လည်း ဝင်ဆွဲလို့ မရသလို၊ ချစ်ပြီဆိုရင်လည်း တားလို့မရတဲ့ စုံတွဲလေးပါတဲ့။


Photo: War So Moe Oo

အဆိုတော် ဖြိုးလေး(Snare) နဲ့ အဆိုတော်၊ သရုပ်ဆောင် ဝါဆိုမိုးဦးတို့ ချစ်သူ စုံတွဲကိုတော့ ပရိသတ်တွေတိုင်းက အားကျရတာ ဖြစ်ပါတယ်။ သူတို့ ချစ်သူ နှစ်ဦးဟာ ရိုမန့်တစ် ဆန်ဆန် Surprise လေးတွေ လုပ်တတ်ပေမယ့် သူတို့ရဲ့ အချစ်ခရီးလမ်းကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပဲလို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ဝါဆိုတို့နှစ်ယောက်က နူးနူးညံ့ည့ံ့ သိပ်မရှိဘူး။ တစ်ယောက်နဲ့တစ်ယောက်ကလည်း ချွဲချွဲနွဲ့နွဲ့ နေတတ်တဲ့ အထဲမှာ သိပ်မပါဘူး။ ဝါဆိုလည်း အေးဆေးပဲ။ သူလည်း အေးအေးဆေးဆေးပဲပေါ့နော်။ ချစ်တယ်ဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် ကြင်နာတယ်၊ ဂရုစိုက်တယ်။ ကြမ်းတယ် ဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ရင် သူငယ်ချင်းတွေ ဆွဲလို့မရအောင်ကို ရန်ဖြစ်တာ’’ လို့ ဖြိုးလေးရဲ့ ‘’ဘာတွေဖြစ်’’ တေးစီးရီးမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။



War So Moe Oo

ဝါဆိုမိုးဦးဟာ ချစ်သူရှိလာလို့လည်း မိန်းမဆန်ဆန် ပြောင်းလဲနေထိုင်လာတဲ့ မိန်းကလေးမျိုးမဟုတ်တဲ့အကြောင့် ပွင့်ပွင့်လင်းလင်းပြောပါတယ်။ ချစ်သူဖြစ်တဲ့ ဖြိုးလေးကလည်း သူမနဲ့ စိတ်ကူးချင်းတူတဲ့သူပါလို့ ဆိုပါတယ်။

‘’မိန်းမဆန်ဆန်နေတာမျိုးတော့ မရှိဘူး။ အဲဒီလို မိန်းကလေးထဲမှာ ဝါဆိုလည်း မပါဘူးပေါ့။ နုနုရွရွှ အိကျိ အိကျိ မိန်းကလေးမျိုးမဟုတ်ဘူး။ စပြီးတော့ တွေ့ကတည်းက ဖုန်းပြောကတည်းက Free Style နေတတ်တဲ့ သူမျိုး။ သူနဲ့ ကိုယ်နဲ့ကလည်း အဲဒီတစ်ခုတော့ Type ချင်းတူတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။


Photo: Amazing Grace

ဖြိုးလေးရဲ့ အသစ်ထွက်ရှိလာတဲ့ ‘’ဘာတွေဖြစ်’’ တစ်ကိုယ်တော်အခွေမှာလည်း ဝါဆိုမိုးဦးက စုံတွဲသီချင်းတစ်ပုဒ် ပါဝင်သီဆိုပေးထားတယ်လို့ ဆိုပါတယ်။ ဝါဆိုမိုးဦးရဲ့ ဂီတအလုပ်တွေမှာလည်း ဖြိုးလေးက ပါဝင်ကူညီပေးနေတာဖြစ်ပါတယ်။ ဖြိုးလေး(Phyo Lay)ကို Rap သီချင်းတွေ ဆိုတဲ့ Snare အဖွဲ့ဝင်တစ်ဦးအဖြစ် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ ဝါဆိုမိုးဦး(Warso Moe Oo)ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ လက်ရှိမှာတော့ သူတို့ ချစ်သူနှစ်ဦးပေါင်းပြီး ဂီတအလုပ်တွေ လုပ်နေပြီလို့ သိရပါတယ်။

Photo: Amazing Grace

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ဟာ ချစ်သူသက်တမ်း(၃)နှစ်ကျော်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီ ၃ နှစ်အတွင်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲတဲ့။ လက်ရှိမှာတော့ ဖြိုးလေးက သီချင်းအသစ်တွေ ဖန်တီးနေတာဖြစ်ပါတယ်။ ဝါဆိုမိုးဦးကတော့ စီးပွားရေးဘက်မှာ ပိုပြီး အာရုံစိုက်နေတာကို တွေ့ရပါတယ်။



က္က