သူ့အရှက်သိက္ခာနဲ့သူ ရှိပါတယ်။

ရေခဲတောင်မှာ ဓာတ်ပုံရိုက်ခဲ့တဲ့ သင်ဇာဝင့်ကျော်ကို Kညီက နာမည်ပြောင်တစ်ခု ပေးထားပါတယ်တဲ့။ ဒါပေမယ့် သင်ဇာဝင့်ကျော်ဟာ အရှက်သိက္ခာရှိတဲ့ မိန်းကလေးတစ်ယောက်ပါလို့ သူကပြောပါတယ်။

Photo: K Nyi



ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် ကေညီက သင်ဇာဝင့်ကျော်ကို ရေခဲတောင် ဘုရင်မကြီးလို့ နာမည်ပေးထားတဲ့အကြောင်းမီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။ သူတု့ိဟာ ‘’နှင်းပွင့်စေရာ’’ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ပူတာအိုမှာ သွားရောက်ရိုက်ကူးခဲ့တာပါ။

‘’ သင်ဇာက သင်ဇာပါပဲ။ ကျွန်တော်က သူ့ကို ရေခဲတောင် ဘုရင်မကြီးလို့ နာမည်ပေးထားတာ။ ရေခဲတောင်မှာ လိုင်းမိတဲ့အချိန် ကျွန်တော်က ဓာတ်ပုံတွေဘာတွေတင်တော့ သူ့ကို သင်ဇာကတော့ ဒါမျိုးတွေ မဝတ်တော့ဘူးဆိုပြီး ပြောနေကြတဲ့အချိန်မှာ သူက ရိုက်ပြီးသွားပြီ။ သူတင်လိုက်တဲ့အချိန်မှာ အကုန်လုံးကလည်း ဟာကနဲ၊ ဟင်ကနဲဖြစ်သွားတာ။ အဲဒါကြောင့် ကျွန်တော်က သူ့ကို စလိုက်တာပါ’’ ဆိုပြီးတော့ မင်္ဂလာဦးည ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။


Photo: Thinzar wint kyaw

အဲဒီနောက် ရေခဲတောင် ရိုက်ကွင်းပေါ်မှာ သင်ဇာ တင်လိုက်တဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ဝေဖန်လာကြတဲ့ အပေါ်မှာလည်း ကေညီက အခုလို ပြောပြလာပါတယ်။

‘’ ဒါကတော့လေ လူတိုင်းမှာ ကြိုက်တာရှိတယ်၊ မကြိုက်တာရှိတယ်။ သင်ဇာလုပ်တာတွေကို ကြိုက်တဲ့သူတွေက ကြိုက်မယ်။ မကြိုက်တဲ့လူတွေက ဆဲမယ် ဒါတွေပဲရှိတာပေါ့။ သူ့မှာလည်း အရှက်သိက္ခာဆိုတာ ရှိပါတယ်’’

Photo: K Nyi

ကေညီဟာ ဇာတ်ကားအတူတူ ရိုက်ခဲ့ကြတဲ့ သင်ဇာဝင့်ကျော်ရဲ့ အရှက်သိက္ခာအပေါ် ပရိသတ်တွေ နားလည်မှု မလွဲစေချင်တဲ့ သူ့ရဲ့ ဆန္ဒကို အခုလိုပြောပါတယ်။

‘’ သူ့ရဲ့ လုံခြုံမှု သူ့ဘာသာသူရှိတယ်။ ဘယ်သူ့မှ မမြင်နိုင်တဲ့နေရာမှာ သူနေလိုက်တယ်။ သူ့ရဲ့ မိတ်ကပ်ဆရာတွေကို ဟဲ့ ငါ့အကျီၤလာယူ ဘာညာပြောလိုက်တယ်။ သူ့ဘာသာသူနေတယ်၊ သူ့လုံခြုံမှု၊ သူ့အရှက်သိက္ခာ သူ့မှာရှိပါတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: K Nyi

ကေညီနဲ့ သင်ဇာဝင့်ကျော်တို့ဟာ မကြာခင်ရက်ပိုင်းကမှာ ပူတာအို မြို့ကနေ ရိုက်ကူးရေးပြီးလို့ ရန်ကုန်ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ ကေညီကိုတော့ ဗီဒီယိုဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ 


ဆက်စပ်အကြောင်းအရာများ



က္က