အိမ်ထောင်သက်တမ်း (၁)နှစ်ကျော်ရှိနေပါပြီ။

ကလေးအရမ်းချစ်တတ်တဲ့ သူတို့နှစ်ဦးကတော့ ရင်သွေးလေး တစ်ယောက် အရမ်းလိုချင်နေပြီလို့ ဆိုပါတယ်။ သရုပ်ဆောင် စိုးရန်အောင်နဲ့ သက်သခင်တို့က အိမ်ထောင်သက်တမ်း (၁)နှစ်ကျော်ထဲ ရောက်လိုနေပါပြီ။

 

Photo : စိုးရန်အောင်

အနုပညာလောကထဲမှာ နေရာတစ်နေရာစီ ရရှိထားတဲ့ သရုပ်ဆောင် စိုးရန်အောင်နဲ့ သက်သခင်တို့ကတော့ အိမ်ထောင်သက်တမ်း (၁)နှစ်ကျော်ထဲ ရောက်ရှိလို့နေပါပြီ။ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့ရဲ့ အိမ်ထောင်ရေးဘဝလေးက အရမ်းကို သာယာလွန်းလှပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်အိုးတစ်အိမ် ထူထောင်တဲ့အချိန်မှာ မျှော်လင့်မထားတဲ့ ကိစ္စတွေအများကြီး ရှိခဲ့ပေမယ့် နားလည်မှုတွေနဲ့ပဲ ဖြတ်သန်းဖြစ်တယ်လို့ စိုးရန်အောင်က ဆိုပါတယ်။

“နားလည်ပါတယ်။ နားလည်ပါတယ်ဆိုတဲ့ နားလည်မှုကို အရေးကြီးဆုံးပါ။ နားလည်တယ်ဆိုပြီး နားမလည်တဲ့ အကြောင်းတွေလည်း အများကြီးပါ။ တစ်ခါတစ်လေလည်း နားလည်ရဲ့သားနဲ့ ဆိုးချင်တာတွေလည်း ရှိတယ်။ ဖြတ်သန်းလာတဲ့တစ်လျှောက်မှာ နားလည်သလိုနဲ့ နားမလည်တဲ့ အကြောင်းအရာတွေ အများကြီးဖြစ်တယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့နှစ်ယောက် နားလည်မှုယူပြီး နားလည်စွာနဲ့ ဖြတ်သန်းတယ်” လို့ သူက ဇူလိုင်(၁) ရက်နေ့က ပြုလုပ်တဲ့ အနန္ဒ Press Show မှာ ဖြေဆိုခဲ့တာပါ။

Photo : စိုးရန်အောင်

ဇနီးဖြစ်သူက ဟင်းမချက်တတ်ပေမယ့်လည်း စိုးရန်အောင်က သူကိုယ်တိုင်ထမင်းဟင်း ချက်ကျွေးတာမျိုးရှိတယ်လို့ သက်သခင်က ဆိုပါတယ်။ “သက်သခင်က အစကတည်းက ထမင်းဟင်းမချက်တတ်ဘူး။ ဆိုတော့ သူက ချက်ကျွေးတယ်။ ဒါပေမယ့် ကျန်တဲ့ အိမ်မှုကိစ္စတွေအားလုံးကတော့ သက်သခင် အကုန်လုပ်ပေးတယ်” လို့ ပြောပြခဲ့ပါတယ်။

Photo : စိုးရန်အောင်

ကလေးအရမ်းချစ်တတ်တဲ့ သူတို့နှစ်ဦးက ရင်သွေးလေး ယူဖို့လည်း စဉ်းစားနေတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ နှစ်ယောက်လုံးက အရိုးသားဆုံး ဝန်ခံရရင် ကလေး အရမ်းချစ်တတ်တယ်။ ကလေးလေးတွေဆိုလည်း တအား ချစ်တာ။ ကိုယ့်အနီးအနားမှာလည်း တူလေးတွေ တူမလေးတွေ ရှီတယ်။ တအား ချစ်တတ်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း လိုချင်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အခုချိန်ထိ ကြိုးစားနေတုန်းပါ” လို့ စိုးရန်အောင်က ပြောပြခဲ့ပါတယ်။

Photo : စိုးရန်အောင်

အနုပညာလောကထဲမှာ နေရာတစ်နေရာစီ ခိုင်ခိုင်မာမာရရှိထားတဲ့ သူတို့နှစ်ဦးဟာ ချစ်သူသက်တမ်း(၈)နှစ်ကျော်မှာ လက်ထပ်ခဲ့ကြတာပါ။ နားလည်မှုတွေနဲ့ ချစ်သူသက်တမ်းကိုု (၈)နှစ်ကျော်ကြာ ထိန်းသိမ်းနိုင်ခဲ့တဲ့ သူတို့အတွဲလေးကလည်း ပရိသတ်တွေအားကျရတဲ့ အတွဲတစ်တွဲပါ။

သူတို့ရဲ့ စေ့စပ်ကြောင်းလမ်းပွဲကို နိုဝင်ဘာ(၉)ရက်နေ့က အင်လျားလိတ်ဟိုတယ်မှာ အရင်ဆုံး ပြုလုပ်ခဲ့တာပါ။စေ့စပ်ပြီး လအနည်းငယ်အကြာ ၂၀၁၈ခုနှစ် ဧပြီ(၆) ရက်နေ့က ကိုးမိုင်ရှိ ပရိယတ္တတိသဒ္ဓမ္မပါလ အောင်မြေဘုံသာ သျှာမ်းကျောင်းတိုက်မှာ မင်္ဂလာဦးဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က